Myat Tun Oo
အောက်ဆီဂျင်နှင့် မအလ
အောက်ဆီဂျင်နှင့် မအလ

ကိုဗစ် တတိယလှိုင်းဟာ အိန္ဒိယမှာ စဖြစ်ကထဲက မြန်မာပြည်ကို လာမယ်ဆိုတာ မှန်းနိုင်ပါတယ်။ ကိုဗစ်ဟာ ကာကွယ်ခြင်းကသာ အထိရောက်ဆုံးမိုလို့ ကြိုတင်ကာကွယ်ရမှာဖြစ်ပေမယ့်မအလဟာ ရောဂါကူးနှုန်းမြှင့်အောင်သာ လုပ်ခဲ့ပါတယ်။
တပ်ထဲမှာက အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ကာကွယ်ဆေးများကို ဗိုလ်မှူးကြီးအထက်နဲ့မိသားစုတွေ ဝိုင်းထိုးကြပါတယ်။ မအလဟာ ကိုဗစ်ကြောင့် သူ့အထက်ပိုင်း လွတ်မယ်လို့တွက်ပြီး သူအာဏာသိမ်းတာကို ဆန့်ကျင်သူတွေသာ ပိုးထိမယ်လို့ တွက်ခဲ့ပုံပါ။ ဒါပေမယ့် တပ်ရင်းမှူး၊ဗျူဟာမှူးနဲ့ တိုင်းမှူးတွေ ပိုးထိလာချိန်မှာ တပ်ထဲမှာ စပြင်လာပါတယ်။ ယခုတပ်ထဲမှာနဲ့ ၄င်းတို့နဲ့ဆက်စပ်သူ မိသားစုများမှာ ကိုဗစ်ဖြစ်သူများလာနေပြီး ဆေးရုံတက်ရသူလဲ များလာနေလို့ နေစရာနေရာ မလောက်တော့ပါ။ DASSK အစိုးရလက်ထက် မအလက တပ်ထဲမှာ ဟန်ပြဖွင့်ခဲ့တဲ့ Q နေရာတွေတောင် တပ်တွင်းဆေးရုံ ဖြစ်လာနေပါပြီ။ ပြဿနာက ဒီမှာစပါတယ်။ မြန်မာပြည်ကဆေးရုံတွေက နဂိုထဲက အောက်ဆီဂျင်ပေးပိုက် ထည့်မဆောက်ထားခဲ့ပါ။ တပ်ဆေးရုံတွေကလဲအများစုက ထိုအတိုင်းပါဘဲ။ ဒါ့ကြောင့် တပ်တွင်း အောက်ဆီဂျင်လိုအပ်မှုဟာ သူထုတ်နိုင်တာထက် ပိုများပြီး အောက်ဆီဂျင်လိုလာပါတယ်။ အပြင်ကလဲ လူအများကြီး ဖြစ်လို့ အောက်ဆီဂျင်လိုပါတယ်။ ဘယ်သူမှ အောက်ဆီဂျင်ကို ဓာတ်ဆီလို လှောင်မထားပါ။ ဇော်မဲလုံးက အရူးစကားပြောသွားတာပါ။
ဒီလိုအချိန်မှာ မအလတပ်က အရပ်သားပိုင် အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးပြီး သူတို့အတွက်အောက်ဆီဂျင်ရအောင် ထိန်းချုပ်လိုက်ပါတယ်။ ဒီလို လုပ်ရင် နာဂစ်ကလို ပြည်သူတွေ အသေများအောင် တမင်လုပ်တာပါ။ ယခုဆို လူအများစုက ကိုဗစ်ဖြစ် အချို့က အောက်ဆီဂျင်ရှာပြီးလူတွေက သူ့ကို အာရုံမစိုက်အောင် လုပ်လိုက်တာပါ။ တချိန်ထဲမှာ မအလနဲ့ အပေါင်းအပါ မဘသဘုန်းကြီးနဲ့ အဖွဲ့တွေက အောက်ဆီဂျင်လှူသလို အသံထွက်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့လဲကြိုးစားလာပြန်ပါတယ်။
ယခုမအလလုပ်နေတာက မိမိအာဏာတည်မြဲရေးအတွက် အောက်ဆီဂျင်ကို လက်နက်အဖြစ်အသုံးပြုနေတာပါ။ ပြည်သူတွေ စဉ်းစားရမှာက မိမိသူငယ်ချင်းတွေ ဆွေမျိုးအရင်းတွေ ကိုဗစ်ကြောင့် သေဆုံးခဲ့ရင် မအလအဖွဲ့ကို ဘယ်လိုလက်စားပြန်ချေမလဲဆိုတာပါ။