Unicode version
အရှုပ်ထဲမှာရှင်းအောင်နေနည်း
NLD ကခြေဥကိုပြင်ဖို့ကြိုးစားနေပါတယ်။ပြင်နိုင်ရင်တိုင်းပြည်အဆင်ပြေပြီးယခုထက်ပိုတိုးတက်နိုင်ပါတယ်။ဒါပေမယ့်လက်နက်ကိုင်ထားတဲ့မအလရဲ့တပ်ကမပြင်ချင်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ရထားတယ့်အာဏာတွေစာရင်းစစ်မခံဘဲလုပ်ချင်ရာလုပ်ရတာတွေကိုကြိုက်လို့ပါ။ဥပဒေအထက်မှာနေနေရလို့၂၀၀၈ကိုကြိုက်တာပါ။သူကလဲမဘသနဲ့ဖွတ်ကိုအခြေခံပြီးအစိုးရဒုက္ခရောက်အောင်နည်းမျိုးစုံလုပ်ပါတယ်။
ဒါဆိုသူပုန်တွေကရောခြေဥပြင်တာကိုကြိုက်လား? ယခုပြင်တာဟာသူတို့လိုချင်သလိုအဆုံးစွန်ဖယ်ဒရယ်တော့်မရသေးပါ။ဒါပေမယ့်ယခုထက်အများကြီးအဆင်ပြေပြီးတိုင်းပြည်တိုးတက်သွားမှာဖြစ်သလိုပြည်နယ်တွေတိုးတက်သွားမှာပါ။ဥပမာခြေဥကိုတပ်ကပြောင်းချင်တယ့်ပြည်နယ်ဝကခကိုပြည်နယ်လွှတ်တော်ကခန့်ခွင့်နဲ့NLD ကလုပ်လိုတယ့်ဗဟိုချုပ်ကိုင်မှုလျော့ချပြီးပြည်နယ်တွေကိုဘတ်ဂျက်ခွဲခြားသတ်မှတ်ခွင့်၊အခွန်ကောက်ခွင့်၊စီမံခန့်ခွဲခွင့်တွေရခဲ့ရင်နိုင်ငံရေးဘောင်ကျယ်လာပါမယ်။ဒါဆိုရင်ဓာတ်ခဲတို့ကေအိုင်အေတို့ဟာလူမျိုးရေးပြောမဲဆွယ်ဖို့ဂွင်ကျဉ်းလာပါမယ်။နောက်ပြီးသူတို့ရဲ့သယံဇာတတွေခိုးထုတ်မှု၊မူးယစ်ဆေးဝါးနဲ့ဆေးပြားရောင်းမှုတွေကိုလဲကျပ်လာနိုင်ပါမယ်။ဒါကြောင့်သူတို့ဟာလဲ၂၀၀၈ခြေဥကသူတို့အတွက်ပိုကောင်းမှာပါ။ဒါကြောင့်သူတို့အဖွဲ့တွေဟာလဲသာမန်စစ်ပွဲရပ်ဆန္ဒပြတာကိုခွင့်တောင်းပြလို့ရပေမယ့်ခွင့်မတောင်းဘဲပွဲဆူအောင်လုပ်ပြီးဆန္ဒပြပါတယ်။ဖမ်းရင်အစိုးရကဖမ်းတယ်ဆိုပြီးပြည်သူ့အစိုးရကိုသိက္ခာချလို့ရအောင်ကေအိ်ုင်အေနဲ့ဓာတ်ခဲအမာခံတို့ရဲ့လုပ်ကွက်ပါ။
နောက်အဖွဲ့ကတော့ပြည်ပကပိုက်ဆံထောက်ပံ့တာယူပြီးလုပ်နေကြတယ့်NGO နဲ့သတင်းဌာနများပါ။သူတို့ကလဲ၂၀၀၈ခြေဥနဲ့တပ်ရှိမှသူတို့ကနိုင်ငံခြားကအထောက်အပံ့ဆက်ရမှာပါ။ဒါကြောင့်လက်ရှိအစိုးရအကျပ်အတည်းဖြစ်အောင်နည်းမျိုးစုံလုပ်မှာပါ။ဥပမာမောင်စောင်းခ၊သင်ဇာရွှန်းလဲ့ရည်နဲ့ခေတ်သစ်တို့လိုပါ။သင်ဇာရွှန်းလဲ့ရည်ဆိုDASSK ကိုအပုတ်ချပြီးသူ့ကိုDASSK ပြီးရင်တက်မယ့်သူဆိုပြီးသြဇီကသတင်းစာမှာပေါတောတောရေးထားတာကိုဖတ်လိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ကဆန္ဒပြပွဲတွေဟာကိုမင်းကိုနိုင်နဲ့NLD ကမှမလုပ်ရင်ဝင်မပါဘဲNLD နဲ့ခြေဥပြင်ရေးကိုသာထောက်ခံပြီး၂၀၂၀ကိုနိုင်အောင်ကျော်ဖြတ်ပါ။အရှုပ်ထဲမှာရှင်းအောင်နေပြီးအစိုးရကိုကူညီကြပါ။ကူညီချင်ရင်Clean Yangon အဖွဲ့လိုကူညီပါလို့တိုက်တွန်းလိုပါတယ်။
Comentários