top of page
Search

အသံတိတ်ရင် နိုင်မယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 26, 2022
  • 1 min read

အချို့က ဆန္ဒမပြရဲဘူး။ အချို့က လက်နက်မကိုင်ရဲဘူး။ အချို့က မီတာဆောင်ချင်တယ်။ အချို့ကသံပုံးမတီးရဲဘူး။ သင်ဖေဖော်ဝါရီ (၁) ရက်မှာ အိမ်ထဲနေမှာနေရင်တော့ သူဘာမှလုပ်မရပါဘူး။ ယခုအချိန်စီးပွါးရေးမကောင်းဘူး။ ဒါဆိုသင်အိမ်ထဲမှာနေပြီး သပိတ်မှောက်တာဟာ အလွယ်ဆုံး ဆန္ဒပြမှုပါ။

မအလဟာ အိမ်ထဲမှာနေသူတွေကို အိမ်ပြင်ထွက်ပါ အမိန့်ပေးလို့မရပါ။ အချို့က ငါတို့အသံတိတ်ကထိရောက်ပါ့မလားမေးသူများရှိပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြသူကအစ CDM အလယ်၊လက်နက်ကိုင် PDF အဆုံး အားလုံးဟာ ထိရောက်ပါတယ်။ အသံတိတ်ရင် CNN၊ Al-Jazeera၊ BBC တို့မှာ ပါလာပြီး ကမ္ဘာ့ခေါင်းဆောင်များကိုလဲ အာရုံစိုက်စေပါတယ်။ ဒီသပိတ်ဟာ ကမ္ဘာမှာ မြန်မာကပထမဆုံးစတယ်ဆိုတာ မမေ့ပါနဲ့။ စာရေးသူတို့ မြန်မာတွေက ဖြတ်ထိုးဉာဏ်အင်မတန်ကောင်းပါတယ်။

ဆိုင်သမားတွေလဲ ကြိုမပြောပါနဲ့။ ထိုနေ့မှာ မိမိထွက်ချင်မှထွက်ပါ။ သူတို့ထွက်လဲ လူမလာရင် ရောင်းသူရှုံးမယ့်နေ့ပါ။

နောက်ဒီအသံတိတ်သပိတ်ရဲ့ ထူးခြားတာက မအလ ဖေဖော်ဝါရီ (၁၂) မှာ စောက်ရူးထချိန် လူတွေကသူ့ကိုအသံတိတ်ကြိုဆန္ဒပြထားလို့ သူ့ကိုဘယ်သူကမှ မထောက်ခံဘူးဆိုတာ ပေါ် လွင်သွားစေမှာပါ။

ထိုနေ့မှာ မိုက်ကယ်ကျော်မြင့်တို့က ထောက်ခံတဲ့အနေနဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြလဲ ထွက်မကြည့်ပါနဲ့။ သူတို့ကို လိုအပ်တဲ့ ပြည်သူ့တပ်ဖွဲ့တွေက မုန့်ဟင်းခါးကျွေးပေးပါလိမ့်မယ်။ ထိုနေ့မှာ လမ်းထွက်ပြီး မတော်တဆထိမိရင်တော့ လိုင်းပေါ်တက်မငိုပါနဲ့။ သင့်ဖာသာ လမ်းထွက်တာသင်ခံပါ။

အကျဉ်းချုပ်ရရင် အသံတိတ်သပိတ်ဟာ အလွယ်ဆုံးအရာပါ။ ဒါကိုမှ သင်မလုပ်နိုင်ရင် သင်ဟာအဓမ္မထောက်ခံသူဆိုတာ သေချာပါပြီ။ စာရေးသူတို့ အသံတိတ်နိုင်ရင် ဒီတိုက်ပွဲက နိုင်မှာပါ။ အသံမတိတ်နိုင်ရင် အလံလိပ်ရပါလိမ့်မယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


အမေ့သား ပေါက်ကြီး
အမေ့သား ပေါက်ကြီး
Jan 26, 2022

တင်လိုက်ပီ ဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page