top of page
Search

အသံတွေကြားနေရတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 29, 2019
  • 2 min read

အသံတွေကြားနေရတယ်

ဒီစက်တင်ဘာလဟာ မစခင်ကထဲက တပ်ထွက်ဗေဒင်ဆရာက အာဏာသိမ်းမယ်လို့ ဟောကိန်းထုတ်ပြီး ဖွတ်များက ညာသံပေးခဲ့ပါတယ်။ တပ်ချုပ်ကြီးကလဲ လူစုံခေါ်ပြီး ထိုင်းကိုသွားခဲ့လို့ ဘာများဖြစ်မလဲ စောင့်ကြည့်ခဲ့ရပါတယ်။ တကယ်တမ်း ဘာမှတော့မဖြစ်လာခဲ့ပါ။

ဒီအချိန်ဟာ ပုံမှန်ဆိုရင် ကုလက မြန်မာပြည်ကို ကျပ်တဲ့အချိန်မိုလို့ အာဏာသိမ်းခဲ့ရင် မိမိသေတွင်းမိမိတူးသလိုသာ ဖြစ်သွားမှာပါ။ ဒီနေ့က ၃၀ ရက်နေ့ဆိုတော့ ပြီးသွားပါပြီ။

ဒါပေမယ့် ဓာတ်ခဲကိုဖောက်ခွဲရေးပစ္စည်းတွေနဲ့ မိအပြီးမှာတော့ ကောလဟာလဟာ လုံခြုံရေးဘက်ကိုပြောင်းသွားခဲ့ပါတယ်။ ဒီစိုးရိမ်မှုဟာ သမ္မတရုံးရဲ့ လျှို့ဝှက်စာက လိုင်းပေါ်မှာ ပေါက်ကြားအပြီးမှာ ပိုစိုးသွားခဲ့ပါတယ်။

ဒီနေရာမှာသတင်းဘယ်ကရလဲဆိုတာနဲ့ သမ္မတရုံး နိုင်ငံရေးနဲ့ လုံခြုံရေးဌာနရဲ့ တုန့်ပြန်ပုံကိုမေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ ပထမသတင်းပေးသူက ဓာတ်ခဲရဲ့ ဖောက်ခွဲရေးပစ္စည်းသယ်လာတာကို သတင်းပေးလို့ မိခဲ့ပါတယ်။ ဘယ်သူလို့မပြောလိုပေမယ့် စရဖက သတင်းရတာမဟုတ်ခဲ့ဘဲ သမ္မတရဲ့ ဘိန်းဖမ်းတဲ့လိုင်းကို သတင်းပို့ခဲ့တာပါ။ တာဝန်သိပြည်သူပေါ့။ ဓာတ်ခဲအထဲမှာလဲ သူ့လုပ်ရပ်ကို မကြိုက်သူရှိပုံပါ။ အစိုးရ ဘုန်းကံတက်နေတယ်လို့ ပြောရမှာပါ။ ဒါနဲ့ဆက်စပ်ရာမှာတော့နောက်ဆက်တွဲသတင်းက မေးခွန်းထုတ်စရာပါ။ ပြည်မကို ဓာတ်ခဲ၊ ဘင်္ဂါလီနဲ့ TNLA က ဗုံးခွဲတိုက်မယ်ဆိုရင်တောင် ယုံစရာ ရှိနိုင်ပါတယ်။ ဘင်္ဂါလီမှာ နည်းပညာရှိပေမယ့် သူ့လူမျိုးအများအပြားကပြည်မမှာ မရှိလို့ လုပ်ဖို့ခက်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ချေက ဓာတ်ခဲနဲ့ TNLA သာကျန်ပါတယ်။TNLA ဟာ သူကြီးစိုးတဲ့ တအောင်းပလောင်နယ်မှာ အစိုးရရုံးတွေကို ဗုံးထောင်တာ သူနဲ့အတိုက်အခံကိုသတ်တာမရှိခဲ့ပါ။ ဓာတ်ခဲသာရှိခဲ့တာပါ။ နောက်ဓာတ်ခဲခေါင်းဆောင်က ပြည်မမှာတိုက်မယ့်ပုံယခင်ကအင်တာဗျူးတွေမှာ ပြောခဲ့ဖူးပါတယ်။

ဒါကိုသမ္မတရုံး နိုင်ငံရေးနဲ့ လုံခြုံရေးဌာနက သတိပေးကြေညာချက်ထုတ်ရာမှာ KNU ရော KIA ပါ ထည့်လိုက်တာက အဲ့ဒီလုံခြုံရေးဆိုင်ရာ တပ်ကလွှတ်ထားသူနဲ့ သမ္မရုံးက မိုးကျများရဲ့ နိုင်ငံရေးပါးမဝတာကို ပြတာပါ။

ရထားတဲ့သတင်းကမှန်လားဆိုတော့ ဒါဟာဖြစ်နိုင်ပါ့မလားလို့ သံရုံးတွေက ကြေညာချက်မထုတ်ခင်အထိ မေးစရာရှိခဲ့ပါတယ်။ ယခုသံရုံးတွေက ကြေညာထားလို့ ဒါဟာ ၁၀၀% မမှန်ရင်တောင်သတိထားရမယ့်အဆင့်ပါ။ သံရုံးများဟာ ဓာတ်ခဲစကားကို ကြားဖြတ်နားထောင်တာ မဖြစ်နိုင်ပေမယ့်ဘင်္ဂါလီလိုအဖွဲ့က သူတို့ကြားဖြတ်နားထောင်တဲ့အဖွဲ့နဲ့ စကားပြောခဲ့ရင်တော့ (electronic surveillance ကနေ) သိနိုင်ပါမယ်။ လုံခြုံရေးသတိပေးချက် (Terror Alert) ဆိုတာ မိမိကကြိုသိရင် ရန်သူက ရှောင်သွားအောင် ဟန့်နိုင်ပါတယ်။ ဒါပေမယ့် သတိဆိုတာတော့ ပိုသည်မရှိပါ။ အင်္ဂလိပ်၊ အမေရိကန်နဲ့ ပြင်သစ်မှာလဲ လူတွေကိုသတိပေးတဲ့စနစ် Terror Alert ရှိပါတယ်။ ဖြစ်နိုင်ချေနည်းပေမယ့် လုပ်နိုင်စွမ်းနဲ့လုပ်နိုင်ချေက ဓာတ်ခဲနဲ့ ဘင်္ဂါလီနှစ်ဖွဲ့သာပါ။ ဘာမှတော့ မဖြစ်လောက်တော့ပါဘူး။

Zawgyi version

အသံေတြၾကားေနရတယ္


ဒီစက္တင္ဘာလဟာ မစခင္ကထဲက တပ္ထြက္ေဗဒင္ဆရာက အာဏာသိမ္းမယ္လို႔ ေဟာကိန္းထုတ္ၿပီး ဖြတ္မ်ားက ညာသံေပးခဲ့ပါတယ္။ တပ္ခ်ဳပ္ႀကီးကလဲ လူစုံေခၚၿပီး ထိုင္းကိုသြားခဲ့လို႔ ဘာမ်ားျဖစ္မလဲ ေစာင့္ၾကည့္ခဲ့ရပါတယ္။ တကယ္တမ္း ဘာမွေတာ့မျဖစ္လာခဲ့ပါ။

ဒီအခ်ိန္ဟာ ပုံမွန္ဆိုရင္ ကုလက ျမန္မာျပည္ကို က်ပ္တဲ့အခ်ိန္မိုလို႔ အာဏာသိမ္းခဲ့ရင္ မိမိေသတြင္း မိမိတူးသလိုသာ ျဖစ္သြားမွာပါ။ ဒီေန႔က ၃၀ ရက္ေန႔ဆိုေတာ့ ၿပီးသြားပါၿပီ။


ဒါေပမယ့္ ဓာတ္ခဲကိုေဖာက္ခြဲေရးပစၥည္းေတြနဲ႔ မိအၿပီးမွာေတာ့ ေကာလဟာလဟာ လုံျခဳံေရးဘက္ကို ေျပာင္းသြားခဲ့ပါတယ္။ ဒီစိုးရိမ္မွုဟာ သမၼတ႐ုံးရဲ့ လၽွို႔ဝွက္စာက လိုင္းေပၚမွာ ေပါက္ၾကားအၿပီးမွာ ပိုစိုးသြားခဲ့ပါတယ္။


ဒီေနရာမွာသတင္းဘယ္ကရလဲဆိုတာနဲ႔ သမၼတ႐ုံး နိုင္ငံေရးနဲ႔ လုံျခဳံေရးဌာနရဲ့ တုန္႔ျပန္ပုံကို ေမးခြန္းထုတ္စရာ ျဖစ္လာေစပါတယ္။ ပထမသတင္းေပးသူက ဓာတ္ခဲရဲ့ ေဖာက္ခြဲေရးပစၥည္းသယ္လာတာကို သတင္းေပးလို႔ မိခဲ့ပါတယ္။ ဘယ္သူလို႔မေျပာလိုေပမယ့္ စရဖက သတင္းရတာမဟုတ္ခဲ့ဘဲ သမၼတရဲ့ ဘိန္းဖမ္းတဲ့လိုင္းကို သတင္းပို႔ခဲ့တာပါ။ တာဝန္သိျပည္သူေပါ့။ ဓာတ္ခဲအထဲမွာလဲ သူ႔လုပ္ရပ္ကို မႀကိဳက္သူရွိပုံပါ။ အစိုးရ ဘုန္းကံတက္ေနတယ္လို႔ ေျပာရမွာပါ။ ဒါနဲ႔ဆက္စပ္ရာမွာေတာ့ ေနာက္ဆက္တြဲသတင္းက ေမးခြန္းထုတ္စရာပါ။ ျပည္မကို ဓာတ္ခဲ၊ ဘဂၤါလီနဲ႔ TNLA က ဗုံးခြဲတိုက္မယ္ဆိုရင္ေတာင္ ယုံစရာ ရွိနိုင္ပါတယ္။ ဘဂၤါလီမွာ နည္းပညာရွိေပမယ့္ သူ႔လူမ်ိဳးအမ်ားအျပားက ျပည္မမွာ မရွိလို႔ လုပ္ဖို႔ခက္ပါတယ္။ ဒါေၾကာင့္ျဖစ္နိုင္ေခ်က ဓာတ္ခဲနဲ႔ TNLA သာက်န္ပါတယ္။ TNLA ဟာ သူႀကီးစိုးတဲ့ တေအာင္းပေလာင္နယ္မွာ အစိုးရ႐ုံးေတြကို ဗုံးေထာင္တာ သူနဲ႔အတိုက္အခံကိုသတ္တာမရွိခဲ့ပါ။ ဓာတ္ခဲသာရွိခဲ့တာပါ။ ေနာက္ဓာတ္ခဲေခါင္းေဆာင္က ျပည္မမွာတိုက္မယ့္ပုံ ယခင္ကအင္တာဗ်ဴးေတြမွာ ေျပာခဲ့ဖူးပါတယ္။


ဒါကိုသမၼတ႐ုံး နိုင္ငံေရးနဲ႔ လုံျခဳံေရးဌာနက သတိေပးေၾကညာခ်က္ထုတ္ရာမွာ KNU ေရာ KIA ပါ ထည့္လိုက္တာက အဲ့ဒီလုံျခဳံေရးဆိုင္ရာ တပ္ကလႊတ္ထားသူနဲ႔ သမၼ႐ုံးက မိုးက်မ်ားရဲ့ နိုင္ငံေရးပါးမဝတာကို ျပတာပါ။


ရထားတဲ့သတင္းကမွန္လားဆိုေတာ့ ဒါဟာျဖစ္နိုင္ပါ့မလားလို႔ သံ႐ုံးေတြက ေၾကညာခ်က္မထုတ္ခင္အထိ ေမးစရာရွိခဲ့ပါတယ္။ ယခုသံ႐ုံးေတြက ေၾကညာထားလို႔ ဒါဟာ ၁၀၀% မမွန္ရင္ေတာင္ သတိထားရမယ့္အဆင့္ပါ။ သံ႐ုံးမ်ားဟာ ဓာတ္ခဲစကားကို ၾကားျဖတ္နားေထာင္တာ မျဖစ္နိုင္ေပမယ့္ ဘဂၤါလီလိုအဖြဲ႕က သူတို႔ၾကားျဖတ္နားေထာင္တဲ့အဖြဲ႕နဲ႔ စကားေျပာခဲ့ရင္ေတာ့ (electronic surveillance ကေန) သိနိုင္ပါမယ္။ လုံျခဳံေရးသတိေပးခ်က္ (Terror Alert) ဆိုတာ မိမိကႀကိဳသိရင္ ရန္သူက ေရွာင္သြားေအာင္ ဟန္႔နိုင္ပါတယ္။ ဒါေပမယ့္ သတိဆိုတာေတာ့ ပိုသည္မရွိပါ။ အဂၤလိပ္၊ အေမရိကန္နဲ႔ ျပင္သစ္မွာလဲ လူေတြကိုသတိေပးတဲ့စနစ္ Terror Alert ရွိပါတယ္။ ျဖစ္နိုင္ေခ်နည္းေပမယ့္ လုပ္နိုင္စြမ္းနဲ႔ လုပ္နိုင္ေခ်က ဓာတ္ခဲနဲ႔ ဘဂၤါလီႏွစ္ဖြဲ႕သာပါ။ ဘာမွေတာ့ မျဖစ္ေလာက္ေတာ့ပါဘူး။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page