top of page
Search
  • Writer's pictureMyat Tun Oo

အလှူအတန်းနှင့် တော်လှန်ရေး


မနေ့က စာရေးသူက ‘တိုက်ခိုက်ကြရာဝယ်’ “https://www.myattunoo.com/post/တ-က-ခ-က-က-ရ-ဝယ” ဆောင်းပါးကလေး ရေးတင်တာကို အိမ်စောင့်ခွေးသားများက တိုင်လို့ဆိုပြီး Facebook က ဖြုတ်ချသွားပါတယ်။ ဒီနေရာမှာ ဘာမှထူးထူးခြားခြား ရေးထားတာမဟုတ်ဘဲ အိမ်စောင့်ခွေးကို ဘယ်လိုသုတ်သင်ရမလဲ ဆန္ဒပြသူကို ခွေးရန်က ဘယ်လိုကာကွယ်ရမလဲသာ ရေးပြခဲ့တာပါ။ဘာမှစစ်ပညာသားပါပါ မရေးရသေးပါ။ ဒါကိုတောင် ကြောက်နေတယ်ဆိုတော့ မအလရဲ့ အိမ်စောင့်ခွေးတွေရဲ့ အခြေအနေမှန်ကို ခန့်မှန်းနိုင်မှာပါ။

ယခုလှူတဲ့ကိစ္စ ထပ်ပြောပါ့မယ်။ NUG ကို တိုက်ရိုက်လှူပါ။ NUG ကလဲ လှူအပြီးမှာ လက်ခံရရှိကြောင်း လက်မှတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ စာရေးသူတို့လူမျိုးက လက်မှတ်ကြိုက်ပါတယ်။

NUG ပြီးရင် ထားထက်ထက်၊ ကိုမျိုးရန်နောင်သိမ်း၊ ပန်ဆယ်လိုတို့ကို လှူပါ။ ပြည်ပကအကောင့်ကလှူတာကိုတော့ သူတို့ဘာမှလုပ်မရပါ။ လှူရင် လက်နက်ဝယ်တာ ဘာညာအာမခြောင်ပါနဲ့။အငြိမ်းတို့ကိုလဲ လှူပါ။ နောက်မိမိနဲ့သိသူ လိုအပ်သူများ ဖွတ်မဟုတ်သူ၊ အိမ်စောင့်ခွေးမဟုတ်သူများကို လှူပါ။ အိမ်စောင့်ခွေးကိုးကွယ်သူ ဘုန်းကြီးများကိုရှောင်ပါ။ မြန်မာဘီယာနဲ့ Mytel ကိုသပိတ်မှောက်သလို အိမ်စောင့်ခွေးကိုးကွယ်သူက်ု ရှောင်ပါ။

အခြားအလှူခံကတော့ မိမိသဘောပါ။

ထပ်ပြောပါ့မယ်။ တော်လှန်ရေးမှာ လက်နက်ဝယ်ဖို့ နေ့စဉ်စားသောက်ဖို့ ငွေလိုပါတယ်။ လေနဲ့တော်လှန်လို့မရပါ။ အချို့ကိစ္စတွေက ဖက်ဆစ်လိုစနစ်က တိုက်ယူမှ ရမှာပါ။ အချောင်သမားအချို့လဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် မိမိရည်မှန်းချက်ကို မပျောက်စေဘဲ ဆက်လှုပ်ရှားကြပါ။ မိမိအချင်းချင်း ငွေကိစ္စနဲ့ သွေးကွဲမယ်စဉ်းစားရင် မအလရေငုပ်သင်္ဘောတွေ၊ လေယဉ်ငွေ ကော်မရှင်ခိုးတာတွေ မြင်ရောင်ပါ။ ဒါမှမဟုတ် အန်တီကြူရဲ့ Louis Vuitton အိပ်တွေ Gucci အိပ်တွေ၊ မအလရဲ့ ခိုးထားတဲ့ Rolex တွေကို မြင်အောင်ကြည့်ပြီး ပြန်တိုက်ဖို့သာ အာရုံစိုက်ပါလို့ ပြောပါရစေ။

990 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Aug 06, 2021

ဦးမြတ်!!! ဘာသာဝင်အပေါင်းတို့သည်**ဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ပြီး ၊ လူနတ်သုံးတန် နိဗ္ဗာန် ချမ်းသာကို ရ ရပါလို၏**ဆန္ဒပြု တောင်းဆိုကာ အလှူပြုကြပါသည်။

ယခုကာလသည် ပြည်သူအများစု အစားဆင်းရဲ အနေဆင်းရဲ စသည့် ဆင်းရဲမှုအပေါင်းဖြင့် လုံးချာလည် လှည့် ခံစားနေရပါသည်။{ လုံးချာလည် လှည့်ခြင်းကို ဝဋ် ဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ }

ဝဋ်ဆိုက်ရခြင်းမှာ နိုင်ငံအုပ်ချုပ် မင်းလုပ်သူ၏ စွမ်းဆောင်နိုင်သော စွမ်းရည် နိမ့်ကျသောကြောင့် ဖြစ်ပါသည်။

ယခင် ကိုဗစ်ကာလ ပ ဒု အကျော့တွင် လူထု ဆင်းရဲမှု တွေ့ကြုံမှု မရှိခဲ့၊ ထောက်ပံ့ကြေး ၊ ကုသရေး ၊ပြန်လည် ထူထောင်ရေးတို့ဖြင့် ချမ်းသာမှု အတိုင်းတာတစ်ခုထိ ရရှိခဲ့ကြောင်း သိကြပြီးဖြစ်ပါသည်။ အစိုးရကောင်း တန်ဘိုး သိ သွားသလို ပြန်လည် တမ်းတကြရပါပြီ။

ယခုခံစားနေရသော ဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် လမ်းစမှာ NUG & PDF ကို လူဒါန်းခြင်းဖြစ်ပါသည်။

အမျိုးသား = လူမျိုး ဘာသာ မရွေး၊ လူသားမှန်သမျှ

ညီညွတ်ရေး = စည်းလုံးရေးအပြင် လူသားအားလုံး အချိုးကျကျ မျှမျှတတ

အစိုးရ =ပြည်သူဖြစ်စေချင်သော ဆန္ဒကို အစိုး ရ အောင် ဖော်ဆောင်မှုအဖွဲ့။

သည်လို အစိုးရမျိုးမှသာ ဆင်းရဲဝဋ်မှ ကယ်တင်ဆောင်ယူနိုင်ပါလိမ့်မည်။

ပေးကမ်းစွန့်ကြဲခြင်းသည် အောင်မြင်ရာ၏(ဗုဒ္ဓဘုရားရှင်အဆုံးအမ)

ဆွေမျိုးများကို ထောက်ပံ့ ချီးမြင့်(လှုဒါန်း)ခြင်းသည် မင်္ဂလာ မည်၏။(ဗုဒ္ဓဘုရားရှင်)

ယနေ့ မိမိ လှူဒါန်းမှုသည် ပစ္စုပန်အတွက်ကောင်းသလို အနာဂါတ် မိမိတို့၏ သားသမီး မြေးမြစ်များ ချမ်းသာသုခရစေရန်လည်း ဖြစ်ပါသည်။ အနာဂါတ်မျိုးဆက်သစ် လူငယ်များဆိုသဖြင့်

~ဗဟုဇန ဟိတာရ

~ဗဟုဇန သုခါယ

အများ ကောင်း ကျိုး ပေါ်ထွန်အောင် ဆောင်ရွက်ခြင်းဟူသော ဗုဒ္ဓဘုရားရှင် အလိုတော်ကျဖြစ်ပါသည်။

±လိုအပ်နေသူတို့အား


Like
bottom of page