top of page
Search
  • Writer's pictureMyat Tun Oo

အလုပ်သမားတွေ ဆန္ဒပြလို့ရလား


မြန်မာပြည်မှာ စစ်အစိုးရလက်ထက်မှာ နိုင်ငံခြားက ကုမ္ပဏီတွေသိပ်မလာကြပါ။ လာသူများကလဲအချောင်ရမလားလို့လာဖွင့်သူက ၆၀% အထက်ပါ။ အချို့က သူတို့လုပ်ပုံကိုင်ပုံနဲ့ ဗီယက်နမ်မှာတောင်လုပ်ခွင့်ပေးမှာမဟုတ်လို့ လာကြတာပါ။ ဒါကြောင့်အလုပ်သမားအခွင့်အရေးအတွက် သမဂ္ဂတွေဖွဲ့ကြတောင်းဆိုကြပေါ့။ အဆိုပါအဖွဲ့များကို နိုင်ငံခြားကနေ လူ့အခွင့်အရေးခေါင်းစဉ်အောက်က ငွေကြေးထောက်ပံ့ကြပါတယ်။ အချို့က ယခင် ကျောင်းသားသမဂ္ဂလုပ်သူများက အလုပ်သမား သမဂ္ဂကိုပြောင်းသွားသူများလဲရှိပါတယ်။

၂၀၁၆ မှာ ဒီမိုအစိုးရတက်အပြီး နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေဟာ လာဖို့အတော့်ကို စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် ဥရောပနဲ့ အမေရိကန်က ကုမ္ပဏီတွေဟာ ဘင်္ဂါလီကိစ္စအပြီးမှာ မြန်မာပြည်ကိုလာဖို့ နှစ်ခါပြန်စဉ်းစားလာကြပါတယ်။ ဒါကဒီမိုအစိုးရနဲ့မဆိုင်ပါ။ ပုံမှန်ဘင်္ဂါလီကိစ္စမျိုးမှာ ၂၀၀၈ ခြေဥသာမရှိရင် မဟုတ်တာလုပ်တဲ့ကောင်ကို ဖြုတ်ပြီးထောင်ချလိုက်ရုံပါ။ လာတဲ့ကုမ္ပဏီလေးတွေဟာ ဒီမိုအားနုတဲ့ ဒီမိုစနစ်မရှိတဲ့ နိုင်ငံတွေကအများစုပါ။ ဂျပန်၊ တောင်ကိုရီးယားကလွဲရင်ပေါ့။ ထို့အတူပါဘဲဒီမိုအစိုးရတက်ခါစမှာ အရှေ့တောင်အာရှထဲက နိုင်ငံအချို့က အလုပ်သမားအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပြီး မြန်မာပြည်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မလာချင်အောင်လုပ်ခဲ့တာလဲရှိပါတယ်။

ရန်ကုန်က အလုပ်သမားဆန္ဒပြမှုအများစုဟာ ကွီးဖြိုးရဲ့ လိမ္မာပါးနပ်စွာထိန်းချုပ်မှုကြောင့် သမဂ္ဂများက ဖော်ဆောင်သလို ပြဿနာအကြီးကြီး ဖြစ်မလာခဲ့ပါ။ ၂၀၁၆ ထဲက ယနေ့အထိပါ။ ထို့အတူပါဘဲရင်းနှီးမြုပ်နှံမှုတွေဟာ NLD က ဒေါ်စန္ဒာမင်း စက်ရုံပိတ်ပြီလို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ထအော်ပေမယ့် ကိုဗစ်မတိုင်ခင်အထိ ဝင်လာနေခဲ့ပါတယ်။

ဒါပေမယ့် အလုပ်သမားသမဂ္ဂအချို့ဟာ အလုပ်သမားတွေကိုမြှောက်ပေးပြီး ဆူပူအောင် ဦးတည်လုပ်နေတာတွေ့ရပါတယ်။ အဘကလဲ သူရတဲ့ ထောက်လှမ်းရေးသတင်းကို အစိုးရကိုမပေးဘဲထားခြင်းဖြင့် ဒီကောင်တွေကို အသက်ရှင်နိုင်အောင်လုပ်ထားပါတယ်။

ဒီနေရာမှာ အလုပ်သမားတွေ ဆန္ဒပြခွင့်ရှိလားဆိုတာနဲ့ ဘယ်လိုဆန္ဒပြရလဲဆိုတာကို ဒီမိုနိုင်ငံတွေနဲ့နှိုင်းယှဉ်လေ့လာကြည့်ရအောင်။

အလုပ်သမားတွေဟာ ဆန္ဒပြခွင့်ရှိပါတယ်။ အမေရိကန်မှာ ၁၉၃၇ က အလုပ်သမားဆန္ဒပြပွဲ ၄၇၄၀ ရှိခဲ့ပါတယ်။ ၁၉၇၀ မှာ ၃၈၀ ကနေ ၁၉၈၀ မှာ ၁၈၇ အထိကျသွားပြီး ၂၀၁၀ မှာ ဆန္ဒပြပွဲ ၁၁ ခုသာရှိခဲ့ပါတယ်။ ဆန္ဒပြတာဟာ စက်မှုဖွံ့ဖြိုးလာတာကိုပြပြီး ကျသွားတာက အလုပ်ရှင်အလုပ်သမားပြဿနာပြေလည်လာတာနဲ့ အမေရိကန်ကစက်ရုံတွေက တရုတ်ပြည်ကို ရွှေ့သွားတာလဲပါပါတယ်။ ဒါပေမယ့်ဒီမိုအမေရိကန်မှာ Railway Labour Act လိုမျိုး ရထားအလုပ်သမားဥပဒေဆိုပြီး ရထားဝန်ထမ်းတွေ၊ ရဲတွေ၊ ကျောင်းဆရာ ဆရာမတွေကို ဆန္ဒမပြရတားထားတာပါတယ်။ New York မှာက Taylor Law ဆိုပြီး ထိုသူများဆန္ဒပြတာကို တားပါတယ်။ နောက်ဆန္ဒပြရာမှာလဲ အလုပ်သမားများက သမဂ္ဂကိုဝင်ပြီးသူတို့အများစုက ဆန္ဒပြမယ်လို့ မဲခွဲဆုံးဖြတ်မှ တရားဝင်ပါတယ်။ ထိုကဲ့သို့မလုပ်ဘဲ ဆန္ဒပြရင်အလုပ်ရှင်က ထုတ်လို့ရပါတယ်။ နောက်သူတို့ဟာ အလုပ်ဆင်းသူများကို နှောက်ယှက်လို့မရသလိုလမ်းတွေကို ပိတ်ဆို့ဆန္ဒပြလို့လဲ မရပါ။

တရုတ်ပြည်ဟာ ကုလမှာ လက်မှတ်ထိုးထားပေမယ့် အလုပ်သမားဆန္ဒပြခွင့်ကို လက်ခံမထားပါ။ဗီယက်နမ်နဲ့ လောအိုကလဲ ထို့အတူပါဘဲ။ ဆန္ဒပြရင် ကွန်မြူနစ်က ကိုင်ပါတယ်။ ဖမ်းတာပါ။

ပြင်သစ်မှာလဲ ဆန္ဒပြပွဲကို ခွင့်ပြုပေမယ့် သမဂ္ဂတွေဟာ တရားဝင်မဲခွဲရတာ ၄၈ နာရီ အလုပ်ရှင်ကိုကြိုတင်သတိပေးရတာတွေရှိပါတယ်။ ဒါတွေမလုပ်ဘဲ ဆန္ဒပြရင် ဖြုတ်နိုင်သလို လုပ်ငန်းခွင်ကို ပိတ်ရင်ဖမ်းပါတယ်။

ဒီမိုဖခင် အင်္ဂလန်မှာလဲ အလုပ်သမားဆန္ဒပြခွင့်ကို ဥပဒေအမျိုးမျိုးပြင်ပြီး ခွင့်ပြုပါတယ်။ နောက်ဆုံးကတော့ Employment relation act 2004 ပါ။ သူကလဲ သမဂ္ဂတွေကို ဆန္ဒပြတာကို မဲခွဲဆုံးဖြတ်ခိုင်းပြီး မဲပေးသူဘယ်လောက်ကမဲပေးပြီး နိုင်မှ ဘာညာဆိုပြီး ဆန္ဒပြတာကို ခက်အောင်လုပ်ထားပါတယ်။ဥပမာ စက်ရုံကအလုပ်သမား ၁၀၀ ရှိရင် ၇၅ ကမဲလာပေးပြီး တစ်ဝက်ကျော်က ဆန္ဒပြဖို့ သဘောတူမှဆိုတာမျိုး မျက်စိထဲမြင်အောင် ၂၀၀၈ ခြေဥပြင်ရင်ခက်အောင်လုပ်ထားတာမျိုးပေါ့။ ဒီလိုမလုပ်ဘဲဆန္ဒပြရင် ဘိုင်ဘိုင်ပါ။ လမ်းပိတ်ရင်တော့ ဖမ်းပါတယ်။

အလုပ်သမားတွေလဲ စဉ်းစားပါ။ မြှောက်ပေးတိုင်း လိုက်ကနေရင် ကိုဗစ်အလွန်မှာ အလုပ်မရှိဖြစ်သွားပါမယ်။ အချို့အလုပ်သမားသမဂ္ဂခေါင်းတွေက နိုင်ငံခြားကလစာစားနေသလို အချို့က ပြဿနာဖြစ်အောင် မီးမွှေးနေသူတွေပါ။ အလုပ်သမားတွေ စားစရာမရှိရင် သူတို့ကလာမကယ်ပါ။

1,412 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comentários


bottom of page