Myat Tun Oo
အရူးပါးများသောအခါ

ပုံမှန်သူတွေတောင် DASSK အိမ်သိဖို့မလွယ်ပါဘူး။ အရူးက အိမ်လိပ်စာသိ၊ ကိုဗစ်ဖြစ်ချိန်မှာ ကားမောင်းပြီး ရန်ကုန်ကနေ နေပြည်တော်အဝင်မှာလဲ Q မထိဘဲရောက်သွားတယ်။ ဒီအရူးက ဂျပုအိမ်တော့ မသွားဘူး။ အရူးပါး။
မြန်မာပြည်မှာ ဓာတ်ခဲနဲ့ တပ်ဖြစ်တယ်။ ဓာတ်ထဲက ဝန်ကြီးချုပ်ကို လုပ်ကြံတယ် အရူးတွေက မအော်ဘူး။ တပ်က ပစ်တယ် တပ်ကို မအော်ဘူး။ အရူးတွေက ဘာကိုအော်လဲ အစိုးရမှာ တာဝန်ရှိတယ်။အရူးပါးတွေ။
သတင်းသမား တပ်ကမသွားရနေရာကိုသွားတယ် အကြမ်းဖက်သမားနဲ့ သွားဆက်သွယ်တယ်။ သူတို့အဖမ်းခံရရင် အစိုးရကို ထဆဲရော။ သူ့အဖေတပ်ကို မဆဲရဲဘူး။ အရူးပါးတွေ။
TNLA ကမေမြို့ဝင်ပစ်တယ်။ ဘယ်သူမှ မရှုတ်ချဘူး။ အဲ တပ်ကလိုက်ပစ်လို့ သူတို့ရွာထဲမှာ ပိတ်မိနေရင် အစိုးရကိုဆဲတယ် အော်တယ်။ အရူးပါးတွေ။
တစ်ခုခုဖြစ်ရင် ဝေဖန်ရေးသမားက အစိုးရကိုသာ ဝေဖန်တာ။ ဟိုတိုင်းရင်းသားအသံ လူ့အခွင့်အရေးသမား ဘာညာကလဲ အစိုးရမှာ ဘယ်လောက်သာအာဏာရှိတယ်ဆိုတာကို သိသိကြီးနဲ့ အစိုးရကိုသာဝေဖန်တယ်။ အားလုံးက အရူးလို အရူးပါးတွေ။
မြန်မာပြည်မှာက အရူးပါးလေးတွေ များပါတယ်။
ဒီအရူးမကိစ္စက သာမန်မှာ အရူးလို့ထင်ရပေမယ့် လုံခြုံရေးစည်းက အကြိမ်ကြိမ် ကျိုးပေါက်နေပုံပါ။ဟိုဌေးအောင် လေယဉ်ပေါ်မှာတွေ့နိုင်ကထဲက လုံခြုံရေးစည်းကျိုးတာကို စစ်ဖို့သတိပေးထားခဲ့ပြီးပါပြီ။
အမှန်က အရူးမကိုစစ်သူကို ဟိုဓာတ်ခဲစစ်သူတွေထံပို့လိုက်ရမှာ။ အရူးက ဘရွှေနဲ့ ဂျပုထံမသွားတာကအရူးက သူတို့ကို အယုံအကြည်မရှိလို့လား အရူးက သူတကယ်အပစ်ခံရမယ့်နေရာကို အရူးပါးမိုလို့သိလို့ မသွားတာလား မေးစရာတွေအများကြီး ကျန်ခဲ့ပါတယ်။ အခြားအချိန်မှာ သွားလို့ရတာကိုလက်ခံပေးလို့ရနိုင်ပေမယ့် ကိုဗစ်ကိစ္စ ညမထွက်ရအမိန့်တွေ Q ဂိတ်တွေရှိတဲ့ နေပြည်တော်ထဲကို ဝင်လာနိုင်တာကတော့ အရူးပါးဝလွန်းပါတယ်။
အတိုင်ပင်ခံရဲ့ လုံခြုံရေးကို ဘရွှေလုံခြုံရေးလို အိမ်နဲ့ အဝေးကြီးကထဲက လမ်းပိတ်ထားသင့်ကြောင်းတော့ ပြောပါရစေ။ အတင့်မရဲပါနဲ့။
ယခုလိုနေတာက DASSK နားမှာ inner perimeter လုံခြုံရေးသာရှိပြီး intermediate နဲ့ outer perimeter လုံခြုံရေးက သမ္မတအိမ်လိုမကျယ်လို့ ရှိမှာမဟုတ်ပါ။ ဖြစ်သင့်တာကတော့ လက်နက်ကြီး ပစ်နိုင်လောက်တော့ ရှော့တိုက်လို့ ရနိုင်လောက်တဲ့ နေရာဝန်းကျင်လောက်ကို အပြင်လုံခြုံရေးလုက်ထားသင့်ပါတယ်လို့ အကြံပြုပါရစေ။
အရူးတွေကြောင့် တိုင်းပြည်ဒုက္ခမရောက်ပါစေနှင့်။
Cartoon credit: original uploader