Myat Tun Oo
အရေးတော်ပုံအောင်ရမည့်အကြောင်း
စာရေးသူတို့ ၁၉၈၈ အပြီးမှာ DASSK က အဓိကခေါင်းဆောင်အဖြစ် တက်လာခဲ့ပါတယ်။ သူမကအစဉ်အလာရှိတယ်၊ မြန်မာလူမျိုးတွေ နားလည်အောင်ပြောတတ်တယ်၊ နိုင်ငံခြားနဲ့လဲ အင်္ဂလိပ်လိုပြောတတ်တယ်၊ ပညာတတ်တယ် စုံလို့ပါဘဲ။ ဒါကို နောက်တစ်ယောက်နဲ့ အစားထိုးဖို့ အလွန်ခက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီးမှာ NUG ပေါ်လာခဲ့ပါတယ်။ ဒီထဲက အရေးပါတဲ့ ဇတ်ကောင်တွေကို လေ့လာကြည့်ရအောင်။ ကိုမင်းကိုနိုင်က အစဉ်အလာကြီးသူ DASSK ပြီးရင် လူထုက ဒုတိယခေါင်းဆောင်နီးပါး လက်ခံထားသူပါ။ သူကထွက်လာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှုပေးပါတယ်။ ဒါပေမယ့် စာရေးသူတို့ မြန်မာလူမျိုးက တော်ရုံလောက်နဲ့မရပါဘူး။ NLD က ခေါင်းဆောင်တွေလိုခေါင်းဆောင်ကောင်းရင်တောင် ပညာတတ်လား ဘာညာလုပ်ကြပါတယ်။ ထို့အတွက် ပညာများစွာတတ် ဘွဲ့များစွာရတဲ့ ပါချုပ်ဆရာဇော်ဝေစိုးက နေရာဝင်ယူလာခဲ့ပါတယ်။ သူ့ရဲ့အေးစက်စက် အသံကြီးက မအလအဖွဲ့ကို ကြောက်ရွံ့စေခဲ့ပါတယ်။ တချိန်ထဲမှာဘဲ ဆရာဇော်ဝေစိုးရဲ့ ပြောဆိုမှုဟာDASSK လို ဗမာစကားရှင်းလင်းစွာပြောဆိုနိုင်ပြီး လူထုကို ဆရာတစ်ယောက်ကဲ့သို့ အကြင်နာ ဂရုနာနဲ့ပြောဆိုစည်းရုံးနိုင်တာ တွေ့ရပါတယ်။
ဒီနေရာမှာ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ်စားလှယ်တွေနဲ့ အင်္ဂလိပ်လို အချက်ကျကျ ပြောနိုင်သူကလိုလာပြန်ပါတယ်။ မြန်မာလူမျိုးတွေစံသတ်မှတ်တဲ့ ပညာလဲတတ် အင်္ဂလိပ်လိုလဲပြောနိုင် ပရဟိတလဲလုပ်နေသူက ဒေါက်တာဆာဆာပါ။ သူကလဲ DASSK လို အင်္ဂလိပ်လူမျိုးကဲ့သို့ အင်္ဂလိပ်စကားကိုပိုင်နိုင်စွာပြောပြီး တော်လှန်ရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြန်ပါတယ်။ သူဟာယခင်လိုအပ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာအကြား ပေါင်းကူးတံတား ဖြစ်သွားခဲ့ပါတယ်။
အထက်ဖော်ပြပါလူများဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ပါချုပ်ဇော်ဝေစိုး၊ ဒေါက်တာဆာဆာတို့ဟာ NLD ပါတီဝင်များ မဟုတ်လို့ ယခုတော်လှန်ရေးဟာ ပြည်သူကို အခြေခံတယ်ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။ ဒါပေမယ့် တော်လှန်ရေးဟာ အခြေခံအုတ်မြစ်တွေက လိုနေပြန်ပါတယ်။ အဆိုပါအုတ်မြစ်ကNLD အမာခံတွေပါ။ သူတို့ဟာ နယ်တိုင်း ရွာတိုင်းမှာရှိပါတယ်။ အဆိုပါအုတ်မြစ်အတွက်က NLD ကဖြစ်လာတဲ့ CRPH နဲ့ NLD က ထက်မြက်တဲ့ ဝန်ကြီးတွေဖြစ်တဲ့ မဇင်မာအောင်၊ ဦးရည်မွန်၊ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွန်းနိုင်၊ ဦးစိုးသူရထွန်း၊ ဒေါက်တာဝင်းမြတ်အေးတို့က DASSK ကဲ့သို့ အလုပ်ကိုအလုပ်နဲ့တူအောင် အကွက်စေ့အောက် လုပ်ဆောင်နေနိုင်တာ တွေ့ရပါတယ်။ သူတို့ကို တုန့်ပြန်ဖို့ မအလအဖွဲ့ဟာ လိုက်လုပ်နေရတာနဲ့တင် အတော့်ကို အလုပ်များနေပါတယ်။
ဒီနေရာမှာ DASSK နဲ့ NUG မတူတာက NUG မှာ လက်နက်ကိုင်တပ်ဖွဲ့ရှိပြီး NUG က မေတ္တာရောလိုအပ်ရင် Gen Lee တွေနားလည်အောင် မုန့်ဟင်းခါးကျွေးနိုင်တဲ့ အဖွဲ့တွေရှိတာပါ။ NUG မှာက ဥရောပစံအတိုင်း ပြောနိုင်တဲ့ ဒေါက်တာဆာဆာတို့ ဦးအောင်မျိုးမင်းတို့ရှိသလို လိုအပ်ရင် Gen Lee တွေနားလည်လွယ်တဲ့ဘာသာနဲ့ ပြောတတ်တဲ့ မုန့်ဟင်းခါးကျွေးအဖွဲ့တွေရှိတာက အားသာချက်ပါ။ ဥပမာစာရေးသူတို့ မြန်မာလူမျိုးက မီတာခမကောက်နဲ့ မီတာရုံးမသွားနဲ့ဆို မီတာစာရေးက ကြောက်လို့ကောက်ရပါတယ်ပြောသလို ကြောက်လို့ သွားဆေ င်သူကလဲ ရှိုနိုင်ပါတယ်။ ဒါပေမယ့် မီတာရုံးကို မုန့်ဟင်းခါးကျွေးလိုက်ရင် Gen Lee များက ကြောက်တတ်လို့ မီတာခကောက်သူရော ဆောင်ချင်သူ Gen Lee များ ငြိမ်သွားပါတယ်။ ဥပမာ ရဲအောင်ကို မအလထံမသွားနဲ့ဆို ရဲအောင်က နားမထောင်ပေမယ့်သူ့အိမ်မုန့်ဟင်းခါးရောက်လာရင် ရဲအောင်ဟာ အမြင်မှန်ရသွားပါတယ်။ ဒါကမြန်မာ့ဓလေ့ပါ။ အုပ်ကြီးတွေ ဒလန်ဆရာမတွေဟာလဲ ထို့အတူပါဘဲ။
အကျဉ်းချုပ်ရရင် DASSK တစ်ယောက်ထဲထံမှာသာတွေ့ရတဲ့ အရည်အချင်းတွေကို NUG နဲ့ CRPH ကပိုင်ဆိုင်ထားပြီး NUG က မြန်မာ့ဓလေ့နဲ့ ကိုက်ညီတဲ့ မုန့်ဟင်းခါးကျွေးနိုင်တဲ့အဖွဲ့ပါ ပိုင်ဆိုင်ထားလို့ ဒီတော်လှန်ရေးဟာ အောင်မြင်မှာ သေချာပါတယ်။ အရေးကြီးတာက မအလဟာ ပြည်သူရဲ့အမုန်းကိုခံယူထားပြီး ပြည်သူအားလုံးက သူ့ကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်ထားလို့ ဒီပွဲက နိုင်မှာပါ။ နောက်ပိုင်းမှာPDF တွေထံ အဖမ်းခံရတဲ့ အကောင်ကြီးတွေ သူတို့ရဲ့ မိန်းမတွေ ပေါ်လာပါလိမ့်မယ်။