top of page
Search
  • Writer's pictureMyat Tun Oo

အရေးတော်ပုံနိုင်ဖို့ဆိုရင်


စာရေးသူတို့ရဲ့ NUG မှာ ပြည်သူ့အင်အားကရှိတာ သေချာပါတယ်။ စိတ်ဓာတ်အင်အားလဲရှိတာ မြေကြီးလက်ခတ်မလွဲပါ။ ဒါပေမယ့် မအလဖက်ဆစ်တပ်က လက်နက်ရှိပြီး ပြည်သူတွေကိုအကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ အာဆီယံကလဲ လက်နက်ရှိသူဘက်ကသာမျက်နှာသာပေးတာပါ။

ယခုအချိန်မှာ ပြည်သူတွေက နည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေကြပါတယ်။ ဒီအရေးတော်ပုံမှာကျန်တာတွေက ရှိနေပြီးသားမိုလို့ စစ်ပွဲအတွက် အဓိကလိုအပ်တာကိုသာ ရေးပါမယ်။ ပထမဆုံးနဲ့အရေးကြီးဆုံးက ငွေပါ။ ငွေရှိမှ လက်နက်ဝယ်နိုင်မှာဖြစ်သလို ငွေရှိမှ ဆက်သွယ်ရေးကွန်ရက်ထူထောင်နိုင်မှာ ထောက်ပို့စနစ်တည်ဆောက်နိုင်မှာနဲ့ ငွေရှိမှ မိမိတပ်ကို ကျွေးထားနိုင်မှာ ဖြစ်ပါတယ်။ငွေရှိမှ လေယဉ်ပစ် လက်နက်တွေဝယ်နိုင်မှာဖြစ်သလို ငွေရှိမှ အဝေးကို လှမ်းပစ်နိုင်တဲ့ အမြောက်တွေဒုံးတွေဝယ်နိုင်မှာပါ။ ဒါတွေဟာ ပိုက်ဆံအလွန်ကုန်ပါတယ်။ ဒါဆိုရင် ငွေရအောင် ဘယ်လိုရှာမလဲ? နိုင်ငံခြားက အစိုးရတွေက ဥပမာ US က NUG ကိုအသိအမှတ်ပြုရင် သူ့နိုင်ငံမှာ ထိန်းထားတဲ့ မြန်မာနိုင်ငံပိုင်ပိုက်ဆံကို လွှဲပေးလို့ရပါတယ်။ ဒါပေမယ့်သူတို့တွေရဲ့ ရပ်တည်ချက်ဟာ ဘာလဲဆိုတာ မသဲကွဲသေးပါ။ သူတို့က ဝင်မတိုက်ပေးရင်တောင်စာရေးသူတို့ ဒီမိုတွေကို လက်နက်ထောက်ပံ့ရင် အများကြီး အထောက်အကူပြုမှာပါ။

ယခုရေးရာမှာတော့ ပြည်ပအားကို မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးတာကို ရေးပါ့မယ်။

ပထမဆုံး ငွေရနိုင်တာကတော့ နိုင်ငံခြားက မြန်မာတွေက လစဉ်ငွေထောက်ပံ့ဖို့ပါ။ ဒီနေရာမှာ လှူသူကရော အလှူလက်ခံချိန်မှာပါ CDM တို့ လှူဖို့လို့သာ ပြောဆိုလုပ်ကိုင်ကြပါ။ မဟုတ်ရင် သူတို့ကအကြမ်းဖက်တယ်ဆိုပြီး လိမ်တိုင်တတ်လို့ မိမိငွေတွေ ထုတ်မရဖြစ်တတ်ပါတယ်။ နောက် ပိုက်ဆံကောက်ရာမှာ လူတစ်ယောက်က လူဆယ်ယောက်ကိုသာ တာဝန်ခံကောက်ပြီး နောက် အဆိုပါ လူဆယ်ယောက်အထက်မှာ နှစ်ဆယ်အုပ်စုကိုင်သူ လေးဆယ်အုပ်စုကိုင်သူအနေနဲ့ တက်သွားခြင်းဖြင့် ရန်သူက တိုင်ခဲ့ရင်တောင် မိမိရဲ့ အဓိကငွေရှာသူကို မသိနိုင်ပါ။ ပြီးရင် ကုမ္ပဏီထောင်ပြီး ငွေလွှဲတာ လုပ်ရပါမယ်။ နိုင်ငံခြားနေသူတွေက ပိုသိမှာပါ။

ဒါ့ထက်အရေးကြီးတာကတော့ မြန်မာနိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ဘဏ်တွေ စက်ရုံတွေကနေ NUG က နှစ်စဉ် အခွန်ကောက်ဖို့ပါ။ ဒါကို မပေးသူ လုပ်ငန်းရှင်များလဲ ရှိနိုင်ပါတယ်။ မပေးခဲ့ရင်ဘာလုပ်မလဲဆိုတာ ဥပဒေပြဌန်းထားရပါမယ်။ ဥပမာ ဘဏ်လုပ်ငန်းတွေ အခွန်မပေးရင် သူတို့အဆောက်အအုံကို ပြည်သူပိုင်သိမ်းပြီး အလုပ်လုပ်မရအောင် ဒန်ပေါက်ကျွေးတာမျိုး မီးလှုံအောင်လုပ်တာမျိုးပေါ့။ သူတို့ကို လုပ်ပြလိုက်ရင် သူတို့ကို မအလဖက်ဆစ်တပ်က လုံခြုံရေးလိုက်ပေးရပါလိမ့်မယ်။ မပေးနိုင်ရင် သူတို့က အခွန်ပေးလာပါလိမ့်မယ်။ ကမ္ဘောဇရော ဘဏ်တိုင်းကို အခွန်ကောက်ရမှာပါ။ နိုင်ငံခြားသားပိုင် စက်ရုံတွေလဲ တရားဝင်အစိုးရကို အခွန်မပေးရင် ဘာဖြစ်မယ်ဆိုတာကို လုပ်ပြလိုက်ရင် နားလည်သွားပါလိမ့်မယ်။ ဥပမာ လှိုင်သာယာကစက်ရုံကို NUG အတွက်အခွန်ဘယ်လောက်ဆိုတာမျိုးပေါ့။ မပေးရင် ဒန်ပေါက်ကျွေးလိုက်ရင် အချိုးပြေသွားမှာပါ။ မဟုတ်ရင်လဲသူတို့လာမဖွင့်ရုံပေါ့။

ယခုဖြစ်နေတာက အာဆီယံရော တရုတ်အစိုးရရောက သူတို့အကျိုးစီးပွါးကို ထိခိုက်အောင်လုပ်နိုင်သူက မအလလို့သာ ထင်နေပြီး သူတို့ရဲ့ ပြောဆိုချက်တွေက ဒါတွေကို အခြေခံပြီး မအလကို ဖေးမသလိုဖြစ်နေတာပါ။ သူတို့ရဲ့ အကျိုးစီးပွါးကို အခွန်အကောက် မပေးရင် ဥပဒေအရ NUG ကိုယ်စား ပြည်သူက အရေးယူပြလိုက်ရင် သူတို့လဲ ကျောင်းမှန်းကန်မှန်းသိသွားကြမှာပါ။

နောက်ငွေရလမ်းတွေရှိပေမယ့် NUG အစိုးရအနေနဲ့ လုပ်လို့ကောင်းတာက ဒီနည်းလမ်းတွေပါ။ ဒီငွေတွေဟာ တစ်လထဲမဟုတ်ဘဲ လစဉ်လိုနေမှာပါ။ အားလုံးညီရင် ဒီတော်လှန်ရေးက အောင်မြင်မှာပါ။အရေးတော်ပုံ အောင်ရမည်။

73 views1 comment
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page