top of page
Search

အရပ်သားYBS Bus ဝယ်တာနဲ့အဘY-8 ဝယ်တာဘာကွာလဲ

Writer: Myat Tun OoMyat Tun Oo

အရပ်သားYBS Bus ဝယ်တာနဲ့အဘY-8 ဝယ်တာဘာကွာလဲ

အရပ်သားရောအဘရောတရုတ်ထံကပစ္စည်းဝယ်ခဲ့ပါတယ်။ဝယ်တာကတရုတ်ပစ္စည်းချင်းတူပါတယ်။တရုတ်မှာလုပ်တိုင်းမကောင်းဘူးပြောလို့မရပါ။

ဝယ်ပုံဝယ်နည်းနိှုင်းယှဉ်ရအောင်။အရပ်သားကသူ့ဝန်ကြီးအဖွဲ့အစည်းအဝေးနဲ့ဆုံးဖြတ်ပြီးစျေးကိုသေချာယှဉ်ပြီးဝယ်ပါတယ်။ပြီးရင်ကျွမ်းကျင်ပြီးဘက်မလိုက်တဲ့ပညာရှင်တွေကိုတရုတ်ပြည်လွှတ်ပြီးကြည့်စေခဲ့ပါတယ်။ပညာရှင်ကဆုံးဖြတ်တာပါ။သူကဓာတ်ဆီဘတ်စကားရဲ့အကျိုးအပြစ်၊သဘာဝဓာတ်ငွေ့ရဲ့အားသာချက်၊အားနည်းချက်၊တစ်ပတ်ရစ်ဝယ်ရင်ဘာအားသာချက်၊အားနည်းချက်၊အသစ်ဝယ်ရင်အားသာချက်အားနည်းချက်တွေကိုပညာရှင်ကရှင်းပြပြီးမှနိုင်ငံရေးသမားကဆုံးဖြတ်ပြီးဝယ်ပါတယ်။သူဝယ်ပြီးရင်လဲသူ့စာရင်းစစ်ကမညှာမတာစစ်ပါတယ်။ဒါတင်ဘဲလားဆိုတော့သူ့လွှတ်တော်မှာကလဲနည်းနည်းလေးမှားတာနဲ့အချင်းချင်းဆော်မယ်ဆိုပြီးစောင့်နေသူများကလဲရှိပါတယ်။အချို့ကပြည်သူ့မျက်နှာသာကြည့်တာအချို့ကဆော်ချင်လို့အကွက်ချောင်းနေတာ။သူတို့ကမပြောရင်လဲမီဒီယာများကမျက်လုံးဒေါက်ထောက်ကြည့်နေပါသေးတယ်။အကွက်မှားလို့ကတော့ကိုင်ပြီသာမှတ်ပါ။အရပ္သားကစီမံခန္႔ခဲြမႈမတတ္ဘူးဘာညာအေျပာခံရတဲ့ၾကားကဝယ္သြားတာပါ။ သူ႔မိန္းမကလဲခ်မ္းသာၿပီးသားဆိုေတာ့မႈစရာမလိုဘူးေလ။ကားတွေကကောင်းမှကောင်းပါ။

လာပါၿပီအဘY-8 ဝယ်ပြီ။ဘယ်သူမှမသိလိုက်ဘူး။တိတ်တိတ်လေးထွက်သွားတာ။ဘယ်အင်ဂျင်နီယာရဲ့စကားမှနားမထောင်ဘူး။အားလုံးကအဘပြီးရင်ပြီးတယ်။အဘကဒါဝယ်ဆိုရင်ဝယ်ဘဲ။ဘာမှလာပြီးအကျိုးအပြစ်မပြောနဲ့။လူကြီးတွေကောင်းမယ်ထင်လို့စီစဉ်တာ။သူဝယ်လာပြီးရင်လဲအဘကိုဘယ်စာရင်းစစ်ကမှမစစ်ရဲဘူး။အဘပြောတဲ့စျေးကအတည်။လွှတ်တော်ကိုတော့ဆောရီးဘဲ။ဒါနဲ့မီဒီယာကိုအားကိုးမလား။အဘကိုမျက်စောင်းတောင်မထိုးရဲဘူး။အဘကရာသီဥတူမကောင်းလို့ပျက်တာဆိုပျက်တာဘဲ။ပထမတစ်စင်းဆိုရင်တော့ထားလိုက်ပါ။ယခုဟာကနောက်တစ်စင်း။ရာသီဥတုကကောင်းတယ်။ရန်သူကာပစ်ချလို့ပျက်ကျတာဆိုရင်ဖြေသာပါတယ်။မဟုတ်ရင်တော့လူ့အသက်တွေနှမြောစရာပါ။ယခုဟာကလမ်းချော်တော့လေယဉ်ကွင်းပိတ်ရတော့တိုင်းပြည်နာမည်ပျက်ပါတယ်။အဘမိန်းမကတော့ငယ်ငယ်ကမချမ်းသာပါဘူး။ယခုအဘစျေးဝယ်ထွက်အပြီးမှာLV အိတ်သာကိုင်ပါတော့တယ်။ဒါကိုအဘကကံကောင်းတယ်လို့ပြောလဲရသလိုစီမံခန့်ခွဲမှုတော်တယ်ပြောလဲရပါတယ်။

ပြည်သူများစဉ်းစားရမှာကသင်ဘယ်လိုလူကိုရွေးမလဲဆိုတာပါ။

Zawgyi version

အရပ္သား YBS Bus ဝယ္တာနဲ႔ အဘ Y-8 ဝယ္တာဘာကြာလဲ


အရပ္သားေရာ အဘေရာ တ႐ုတ္ထံက ပစၥည္းဝယ္ခဲ့ပါတယ္။ ဝယ္တာက တ႐ုတ္ပစၥည္းခ်င္းတူပါတယ္။ တ႐ုတ္မွာလုပ္တိုင္း မေကာင္းဘူးေျပာလို႔မရပါ။


ဝယ္ပုံဝယ္နည္း နိွုင္းယွဥ္ရေအာင္။ အရပ္သားက သူ႔ဝန္ႀကီးအဖြဲ႕အစည္းအေဝးနဲ႔ ဆုံးျဖတ္ၿပီး ေစ်းကိုေသခ်ာယွဥ္ၿပီး ဝယ္ပါတယ္။ ၿပီးရင္ ကၽြမ္းက်င္ၿပီး ဘက္မလိုက္တဲ့ ပညာရွင္ေတြကို တ႐ုတ္ျပည္လႊတ္ၿပီး ၾကည့္ေစခဲ့ပါတယ္။ ပညာရွင္က ဆုံးျဖတ္တာပါ။ သူက ဓာတ္ဆီဘတ္စကားရဲ့ အက်ိဳးအျပစ္၊ သဘာဝဓာတ္ေငြ႕ရဲ့ အားသာခ်က္၊ အားနည္းခ်က္၊ တစ္ပတ္ရစ္ဝယ္ရင္ ဘာအားသာခ်က္၊ အားနည္းခ်က္၊ အသစ္ဝယ္ရင္ အားသာခ်က္ အားနည္းခ်က္ေတြကို ပညာရွင္က ရွင္းျပၿပီးမွ နိုင္ငံေရးသမားက ဆုံးျဖတ္ၿပီးဝယ္ပါတယ္။ သူဝယ္ၿပီးရင္လဲ သူ႔စာရင္းစစ္က မညႇာမတာစစ္ပါတယ္။ ဒါတင္ဘဲလားဆိုေတာ့ သူ႔လႊတ္ေတာ္မွာကလဲ နည္းနည္းေလး မွားတာနဲ႔ အခ်င္းခ်င္းေဆာ္မယ္ဆိုၿပီး ေစာင့္ေနသူမ်ားကလဲ ရွိပါတယ္။ အခ်ိဳ႕က ျပည္သူ႔မ်က္ႏွာသာၾကည့္တာ အခ်ိဳ႕က ေဆာ္ခ်င္လို႔အကြက္ေခ်ာင္းေနတာ။ သူတို႔ကမေျပာရင္လဲ မီဒီယာမ်ားက မ်က္လုံးေဒါက္ေထာက္ၾကည့္ေနပါေသးတယ္။ အကြက္မွားလို႔ကေတာ့ ကိုင္ၿပီသာမွတ္ပါ။ အရပ္သားက စီမံ ခႏ္႔ခဲျမႈ မတတၻဴး ဘာညာ အ ေ်ပာခံရတဲ့ ၾကားက ဝၾယ္သားတာပါ။ သူ႔မိႏ္းမကလဲ ခ္မ္းသာၿပီးသားဆိုေတာ့ မႈစရာမလိုဘူးေလ။ ကားေတြက ေကာင္းမွေကာင္းပါ။


လာပါၿပီ အဘ Y-8 ဝယ္ၿပီ။ ဘယ္သူမွမသိလိုက္ဘူး။ တိတ္တိတ္ေလးထြက္သြားတာ။ ဘယ္အင္ဂ်င္နီယာရဲ့ စကားမွနားမေထာင္ဘူး။ အားလုံးက အဘၿပီးရင္ၿပီးတယ္။ အဘက ဒါဝယ္ဆိုရင္ ဝယ္ဘဲ။ ဘာမွ လာၿပီးအက်ိဳးအျပစ္မေျပာနဲ႔။ လူႀကီးေတြ ေကာင္းမယ္ထင္လို႔စီစဥ္တာ။ သူဝယ္လာၿပီးရင္လဲ အဘကို ဘယ္စာရင္းစစ္ကမွ မစစ္ရဲဘူး။ အဘေျပာတဲ့ေစ်းကအတည္။ လႊတ္ေတာ္ကိုေတာ့ ေဆာရီးဘဲ။ ဒါနဲ႔မီဒီယာကို အားကိုးမလား။ အဘကို မ်က္ေစာင္းေတာင္မထိုးရဲဘူး။ အဘက ရာသီဥတူမေကာင္းလို႔ ပ်က္တာဆို ပ်က္တာဘဲ။ ပထမ တစ္စင္းဆိုရင္ေတာ့ ထားလိုက္ပါ။ ယခုဟာက ေနာက္တစ္စင္း။ ရာသီဥတုက ေကာင္းတယ္။ ရန္သူကာပစ္ခ်လို႔ ပ်က္က်တာဆိုရင္ ေျဖသာပါတယ္။ မဟုတ္ရင္ေတာ့ လူ႔အသက္ေတြ ႏွေျမာစရာပါ။ ယခုဟာက လမ္းေခ်ာ္ေတာ့ ေလယဥ္ကြင္းပိတ္ရေတာ့ တိုင္းျပည္နာမည္ပ်က္ပါတယ္။ အဘမိန္းမကေတာ့ ငယ္ငယ္က မခ်မ္းသာပါဘူး။ ယခုအဘေစ်းဝယ္ထြက္အၿပီးမွာ LV အိတ္သာကိုင္ပါေတာ့တယ္။ ဒါကို အဘက ကံေကာင္းတယ္လို႔ေျပာလဲရသလို စီမံခန႔္ခြဲမွုေတာ္တယ္ေျပာလဲရပါတယ္။


ျပည္သူမ်ားစဥ္းစားရမွာက သင္ဘယ္လိုလူကိုေရြးမလဲဆိုတာပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page