top of page
Search

အရပ်သားဝန်ကြီးများကို အမှတ်ပေးခြင်း

Writer's picture: Myat Tun OoMyat Tun Oo

စာရေးသူအနေနဲ့ ဒီမိုအစိုးရ လေးနှစ်တာကာလအတွင်း တပ်ခန့်ဝန်ကြီးများ၊ မိုးကျဝန်ကြီးများကိုအမှတ်ပေးခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ အရပ်သားဝန်ကြီးတွေကို သုံးသပ်ပါမယ်။

ပထမရသွားသူကတော့ လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေးပါ။ သူဟာ မကွေးဆေးပါချုပ်အပြီးNLD ပါတီထဲကနေ ဝင်အရွေးခံခဲ့သူပါ။ သူက လူကယ်ပြန်ဝန်ကြီးအနေနဲ့ လုပ်ခဲ့ပါတယ်။ ဒီဝန်ကြီးဌာနဟာ မြန်မာပြည်မှာ ဘာမှအရေးမပါလို့ အများစုက ထင်ထားခဲ့ပါတယ်။ တပ်ကပြောင်းသူများထဲမှာလဲအကပ်မရှိတဲ့ မိုးကျတွေသာရောက်ပါတယ်။ ဆရာဝင်းမြတ်အေးဟာ ရေကြီးရင်လဲရောက်၊ မြေပြိုရင်လဲရောက်နဲ့ သဘာဝဘေးအန္တရာယ်ပေါ်တိုင်း နေရာအနှံ့ကို ရောက်အောင်သွားနိုင်ခဲ့ပါတယ်။ သူကနေအစိုးရဆိုတာ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ကူညီသူဆိုတဲ့ သတင်းစကားကို ပါးခဲ့ပါတယ်။ ရခိုင်ပြည်မှာ မီးခိုးထွက်နေချိန် ရတဲ့အရပ်ဖက်ရဟတ်ယဉ်သုံးပြီး ဘင်္ဂါလီအရေးမှာ ဒေသခံရခိုင်လူမျိုးတွေကို ကယ်တင်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ တိုက်ပွဲဖြစ်နေတဲ့နေရာကို သေနတ်အပစ်ခံရတဲ့ကြားက အသက်ကို ပဓာနမထားဘဲ ရောက်အောက်သွားခဲ့သူပါ။ အနောက်နိုင်ငံတွေမှာလဲ ရခိုင်အရေးအတွက် အဓိကဖြေရှင်းပေးနေသူ DASSK က အားကိုးရသူပါ။ သူ့လက်ထက်မှာ မြန်မာပြည်မှာမရှိတဲ့ လူမှုဖူလုံရေးအနေနဲ့ အသက်ကြီးသူတွေကိုလဲ ငွေကြေးထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆရာ့ကို ၁၀/၁၀ အမှတ်ပြည့်ပေးပါတယ်။


ဒုတိယကတော့ ကျန်းမာရေးဝန်ကြီးဦးမြင့်ထွေးပါ။ သူဟာ DASSK ရဲ့ အစပိုင်းချီးကျူးတာခံရအပြီးထဲက ဖွတ်အကောင့်တုအချို့ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကူးစက်ရောဂါအချို့တိုက်ဖျက်ရေးကို ကမ္ဘာက ချီးမွမ်းခဲ့ပါတယ်။ ဆရာရဲ့ အရည်အချင်းကတော့ ကိုဗစ်မှာ ပေါ်လာခဲ့ပါတယ်။ သူဟာ DASSK ကို တိုင်းပြည်ရဲ့ အရင်းအမြစ်နဲ့ ကိုက်ညီတဲ့ ကျန်းမာရေးမူဝါဒ ချမှတ်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဆရာကတော့ ၉/၁၀။


တတိယဝန်ကြီးကတော့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ပါ။ သူဟာဆောက်လုပ်ရေးနဲ့ အခြားဝန်ကြီးဌာနတွေမှာလုပ်ခဲ့ပြီး DASSK က နောက်ဆုံးလျှပ်စစ်ကိုပါ ကိုင်ခိုင်းခဲ့တာပါ။ လူအချို့က မီးမလာတာနဲ့မီတာခပြဿနာကြောင့် သူ့ကို အပြစ်ပြောနိုင်ပေမယ့် သူကတော့ ဦးပိုင်က အကွက်ဆင်တိုင်တာတောင်ဦးပိုင်မီတာကို အဂတိနဲ့ မရွေးဘဲ စိန်ခေါ်ပြီး အမှန်အတိုင်းရွေးခဲ့သူပါ။ သူက အဂတိကိုစိန်ခေါ်ပြီး သူ့ရဲ့ရိုးသားမှုကို ပြခဲ့ပါတယ်။ အဂတိကတဆင့် ဦးပိုင်ကကိုင်ဖို့ကြိုးစားတာ ကိုင်မရခဲ့သူပါ။ ဒါနဲ့တင်သူ့ကို ၈.၅/၁၀ ပေးပါတယ်။ သူ့လက်ထက်မှာ တိုင်းပြည်လိုအပ်ချက်အရ မီတာခတိုးခဲ့ပေမယ့် ဒါဟာနောက်ပိုင်း တိုင်းပြည်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်မှာပါ။


လူတွေသတိထားမိတဲ့ ခြေမပေါ်တာက ပြန်ဝန်နဲ့ စိုက်ပျိုးရေးဝန်ကြီးပါ။ ဆရာဖေမြင့်က ပြည်ပသတင်းဌာနလဲမပေါက်သလို ပြည်တွင်းမှာလဲ မိုးကျတွေကို နိုင်ပုံမရပါ။ ဆရာဖေမြင့်က ၄/၁၀ ပါ။ဆရာဖေမြင့်ကပြန်ဝန်မိုလို့ သူကတိုင်းပြည်စီးပွါးရေးတော့ မထိခိုက်ပါ။


နောက်ခြေမပေါ်သူက လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်သူပါ။ NLD က ကြိုက်လို့ရွေးခဲ့ပေမယ့် သူဟာ လယ်ယာကဏ္ဍကို အကြီးအကျယ်မပြောင်းလဲနိုင်ခဲ့ပါ။ ဟိုထုတ်လိုက်တဲ့ ဒုဝန်ကြီးက သူ့ထက်အများကြီးတော်ပါတယ်။ သူနဲ့သူ့မိုးကျများဟာ အသံတိတ်နေပေမယ့် စက်မှုလယ်ယာဖြစ်ဖို့က စစ်အစိုးရလက်ထက်တဲ့သာပေမယ့် ထိုင်းမှီဖို့ အများကြီး လိုနေပါသေးတယ်။ သူကလဲ ၄/၁၀ ပါ။ ဒီလယ်ယာကဏ္ဍဟာ ကိုဗစ်အလွန်မှာ တိုင်းပြည်ရဲ့စီးပွါးရေးကို ဖြေရှင်းဖို့ အဓိကကျပါမယ်။ ဒီအထွက်သူ့မှာ အဖြေရှိပုံမရပါ။

အခြားလူများကိုတော့ မရေးတော့ပါ။ တော်သူများကို ဆက်ထားပြီး မတော်သူများကို လူလဲကစားနိုင်ပါစေ။

783 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Myint Soe Oo
Myint Soe Oo
Jun 03, 2020

ဦးမြတ် ! ယခုဆောင်းပါးနှင့် နိုင်ငံရေးသမားစစ်စစ် ဆောင်းပါးနစ်ပုဒ် ပေါင်းစပ် အကြောင်းတစ်ရပ်အခြေခံ မေတ္တာလွှမ်းခြုံ ကလောင်တစ်စုံ အား ဖြင့် ဂုဏ်ပြုရေးသားအပ်ပါသည်။

STAINLESS STEEL

အစွန်းခံ သံမဏိ

သံရိုင်း(IRON) နှင့် သံမဏိ (STEEL) ဆိုင်ရာဆိုင်ရာ ဂုဏ်သတ္တိများ ခြားနားသကဲ့သို့ အသုံးချ အသုံးကျအသုံးဝင်မှုမှာလည်း လွန်စွာကွဲပြားပါသည်။

သံရိုင်းသည့် ကျိုးကြေပဲ့လွယ်၏။ပြင်းထန်သော အထိအရှ မခံ။အစွန်းအထင်း မခံ။ အကျိုးပြုကဏ္ဍမှာ ထင်သလောက် မှတ်ကျောက် အတင် မခံနိုင်။မခံရ။

သံမဏိသည် တော်ရုံမျှဖြင့် မကျိုးမပဲ့ မကျေလွယ်။ ပွတ်တိုက်ရိုက်ခတ် အထိအရှ ခံနိုင်မှုစွမ်းရည် မြင့်မား၏။ အစွန်းအထင်း ခံနိုင်၏။ လိုရာမှာ သုံး။ ကြိုက်ရာသို့ စေ။ အထွေထွေမှာ။ သူ၏ ထက်မြက်သော ပင်ကိုယ်ဗီဇမာန်ကို #မှတ်ကျောက်အတင်ခံနိုင်သည်#။

ဤဂုဏ်အရပ်ရပ်များဖြင့် အများအမြင် ဒြပ်ပုံသွင် ဝံ့ကြွား မြင့်မား အမြင့်မှာ တင့်တယ်နေပါသည်။


နိုင်ငံရေးသမားစစ်စစ် နှင့်

နိုင်ငံရေးသမား


စစ်စစ်သည် အစွန်းအထင်းခံ၏။ဝေဖန်ပါစေ။ပုတ်ခပ်ပါစေ။(အမြင်မတူသူတို့၏ ဆန့်ကျင်ဘက် – ve view အပေါ်) နှုတ်လှန် တဖန် ပြန်လည် မထိုး။ ရည်မှန်းရာသို့သာ ရောက်အောင်သွားခြင်းဖြင်းသာ သက်သေပြ၏။သူတို့၏စိတ်ဓါတ်သည် [ ယုံကြည်ချက်သိပ်သည်းဆ ( Specific Density. ) မြင့်မားလွန်းလှ၍ ]ကျစ်လစ်၏။ မာကြော၏။တောင့်တင်းသန်မာ၏။ ထွားကြိုင်းစွာဖြင့်

အပေါင်းဆောင်သော တိုတက်မှု အစဥ် ရှိနေ၏။

ထို့ကြောင့် ပုတ်ခတ်ဝေဖန်မှုများအပေါ် တည်ကြည်ညိမ်သက်စွာ

ဖြင့် ခံယူသည်။ခွန်းတုံ့မပြန်။ဂရုမစိုက်။ အတွေးရှုပ်သဖြင့် အရေးမလုပ်။ ဤသတ္တိထူးများကြောင့် ဆန့်ကျင်ရာပြိုင်ဘက်၏ အမုန်းနှင့်အတူ အညိုးအတေးခံရသည်။

အမုန်းခံရဲ၍ နိင်ငံရေးလုပ်သည် ဟူသော ခံယူချက် အဆိုတစ်ခုလည်း ရှိခဲ့ဘူးသည်။


သံမဏိ နှင်းဆီ

အမာ အပျော့ မတူဆန့်ကျင်ဘက် ဂုဏ်နှစ်ရပ် အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်းထားသော ဒြဗ်အထည်။

ပြိုင်လာသူက…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page