top of page
Search
အမျိုးသားရေးနဲ့အဘတခရိုနီများ
Unicode version
အမျိုးသားရေးနဲ့အဘတခရိုနီများ
မနေ့ကဟိုလက်ရှိအစိုးရဖောင်းထုဟိုတယ်ပိုင်ရှင်ခရိုနီအသေးစားစာရေးစရာဌေးအောင်ကမနေ့ကပွဲထွက်တဲ့ဝါဝါတပ်ပါတီကိုရေးထားတာဖတ်လိုက်ရပါတယ်။သူကယခင်အစိုးရလက်ထက်မှာသူကတိုင်စာပို့တယ်။ဒုဗိုလ်ချုပ်ကြီးစိုးမောင်ယခုပါတီထောင်သူကရှင်းပေးခဲ့တယ်။ဒါပေမယ့်ဒီအစိုးရလက်ထက်မှာတိုင်စာမရှင်းပေးဘူး။သူ့ဟာပြန်အသိမ်းခံရတယ်။သူအဂတိကိုတိုင်တာလဲမဖမ်းဘူူ။ဒါကြောင့်အဘကတော်တယ်ပေါ့။သူကသူNLD ကိုယခင်ကမဲပေးခဲ့တယ်လို့လဲရေးထားပါသေးတယ်။
သူဟာသမ္မတ၊အတိုင်ပင်ခံတို့ကိုကျန်းမာရေးစစ်ဖို့ဟာဝယ်ပို့သလိုနဲ့လာဘ်ထိုးရန်ကြိုးစားခဲ့သူပါ။ဟိုကပြန်ပို့ပြီးထုတ်ကြေညာခဲ့ပါတယ်။အားလုံးမှတ်မိမှာပါ။ဒါဟာမကောင်းတဲ့အကျင့်တရားမဝင်ဘူးဆိုတာသူလိုသတင်းသမား၊ဟိုတယ်ပိုင်ရှင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့သိရပါမယ်။ကျင့်ဝတ်ရှိသူဆိုရင်ပေါ့။ယခုဒီမိုလက်ထက်မှာတောင်ဒီလိုလုပ်ရင်ယခင်အဘလက်ထက်ဆိုဘာလုပ်ခဲ့မလဲစဉ်းစားသာကြည့်ပါ။
သူကခရီးသွားလာရေးဝန်ကြီးကိုအဂတိတိုင်တယ်။အဂတိဟာမိုးကျများနဲ့ဖွဲ့ထားတာပါ။သူတိုင်တာမှန်ရင်အရေးယူလိုက်တာကြာပါပြီ။သူတိုင်တန်းအမှန်လို့ဘယ်သူကမှမပြောထားပါ။သူ့ရဲ့အပြုအမူကနဂိုထဲကသံသယဖြစ်စရာရှိပြီးသားပါ။ဒီဟိုတယ်တွေဘယ်လိုရခဲ့လဲတင်ဒါကတရားမျှတလားအစုံပါဘဲ။
သူ့ဟိုတယ်လူမလာတာလဲဘင်္ဂါလီကိစ္စအပြီးမှာသူ့အဘတွေလုပ်လို့ပါ။ဝန်ကြီးကသပိတ်မှောက်တဲ့အနောက်နိုင်ငံကလူတွေကိုအတင်းလာခိုင်းလို့မရပါ။
သူ့ကသူ့ပြဿနာကိုဒုဗိ်ုလ်ချုပ်ကြီးစိုးမောင်ကရှင်းပေးခဲ့တာကြောင့်အဲ့ဒီပါတီကိုမဲပေးမလိုအဆုံးသတ်သွားပါတယ်။ဒီလိုအပြောနဲ့လူဟာအစကထဲကNLD ကိုမဲပေးတယ်ဆိုတာယုံရခက်ကြီးပါ။
ယခုသူ့ရေးသားမှုကနေသိလိုက်တာကဒီလိုခရိုနီတွေအဘတတွေဟာသတင်းလောကဂျာနယ်လောကမှာရှိနေတယ်ဆိုတာပါ။စာဖတ်သူများလဲသူတို့ကိုရှောင်နိုင်ပါစေ။
Recent Posts
See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ
မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page