top of page
Search

အမေရိကန်လေကြောင်းကို တာလီဘန်နဲ့ ဗီယက်နမ် ဘယ်လိုခုခံခဲ့သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 16, 2022
  • 1 min read

ယခုရက်ပိုင်းမှာ မအလတပ်ဟာ ရဟတ်ယဉ်တွေနဲ့ စစ်ကိုင်း၊ ကယားနဲ့ ကရင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတာ အားလုံးသိကြမှာပါ။ လေယဉ်ပျံက ဗုံးကြဲလို့ရပေမယ့် အဲဒါက အကုန်အကျများသလို မထိရောက်ပါ။ ဒါပေမယ့် ရဟတ်ယဉ်ကတော့ အနီးကပ်ပစ်လို့ရသလို မိမိလိုတဲ့တပ်ကိုအနီးကပ်ချပေးပြီး စစ်ဆင်လို့ရလို့ ပိုထိရောက်ပါတယ်။ ရဟတ်ယဉ်ကို အမေရိကန်က အာဖဂန်၊အီရတ်၊ ဆိုမာလီးယားနဲ့ ဗီယက်နမ်စစ်ပွဲတွေမှာ သုံးခဲ့ပြီး ရန်သူက အမေရိကန် ရဟတ်ယဉ်ကိုပစ်ချနိုင်တာ၊ ရှောင်နိုင်တာတွေ တွေ့ရပါတယ်။ သူတို့ဘယ်လိုလုပ်ခဲ့သလဲ လေ့လာကြည့်ရအောင်။

မြန်မာပြည်မှာ မအလတပ်ဟာ စစ်ကိုင်း၊ ကယားနဲ့ ကရင်ပြည်မှာ ရဟတ်ယဉ်သုံးနေတာပါ။ ကယားက ရဟတ်ယဉ်ကို ပစ်ချပြီးမှ မအတပ်ဟာ နှစ်ခါပြန် စဉ်းစားသွားရပါတယ်။ ဒါ့ကြောင့်အလွယ်ဆုံးအဖြေက ရဟတ်ယဉ်ပစ်လို့ရတဲ့လက်နက်ရှိရင် သူရဟတ်ယဉ် သုံးရဲတော့မှာ မဟုတ်ပါဘူး။ မနေ့က ကရင်က DKBA စခန်းလေးကို ဝင်တိုက်သွားတာဟာ ရဟတ်ယဉ်နဲ့ဆိုတာ မမေ့ပါနဲ့။ ဒါဆိုအခြားနိုင်ငံတွေမှာ အမေရိကန် ရဟတ်ယဉ်ပေါ်က လူချလို့မရအောင် ဘယ်လိုလုပ်ခဲ့လဲ?

အခြားလက်နက်တွေက စျေးကြီးပါတယ်။ ဥပမာ အမေရိကန်က stinger တို့ တရုတ်ထုတ် FN6 တို့ပါ။ သူက အနိမ့်ပျံ လေယဉ်အချို့တောင် ပစ်ချနိုင်ပါတယ်။ ဒါတွေက သေချာ အမြင့်ကအရာတောင် ပစ်ချနိုင်ပါတယ်။ အဆိုပါလက်နက်တွေက စျေးကြီးသလို ဝယ်ချင်တိုင်းမရနိုင်ပါ။ ယခုဟာက ရဟတ်ယဉ်ပေါ်က ပစ်တာနဲ့ တပ်ချပေးတာပါ။ ရဟတ်ယဉ်ပေါ်က လူချဖို့က ပေ ၁၅၀လောက်ကနေပါ။ ထိုအချိန်မှာ ပစ်နိုင်တာက RPG 7 နဲ့ ၀.၅ M2 B machine gun တွေပါ။ RPG 7 ဟာ မီတာ ၇၀၀ အထိ လေပါ်သွားပြီး ထိနိုင်ပါတယ်။ မီတာ ၉၀၀ ဆိုရင်တော့ သူ့ဖာသာ ပျက်ဆီးသွားပါတယ်။ ဒါ့ကြောင့် RPG 7 ဟာ တပ်ချတဲ့ ရဟတ်ယဉ်ကို ပစ်ချနိုင်ပေမယ့် မီတာ ၇၀၀အထက်ဆိုရင် ဘာမှလုပ်မရပါ။ ၀.၅ M2B စက်သေနတ်က ကိုက်တစ်ထောင်အထိ ပစ်လို့ရသလိုသယ်သွားရလွယ်ပါတယ်။ လူချတဲ့ ရဟတ်ယဉ်ရော ချတဲ့လူ မြေပြင်မရောက်ခင်ပါ ဒုက္ခပေးနိုင်ပါတယ်။ အာဖဂန်မှာ အမေရိကန်ရဟတ်ယဉ်အများစုထိတာ RPG နဲ့ အထူးတပ်ချချိန် အပစ်ခံခဲ့ရတာပါ။ ဗီယက်နမ်နဲ့ ဆိုမားလီးယားမှာက စက်သေနတ်ပါ။

ဒီဆောင်းပါးဟာ ပုံမှန် AK 47 တောင်လူတိုင်းမရနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက အဖွဲ့တွေအတွက်ဟာသလို ဖြစ်နေမှာပါ။ ဒီစာဖတ်နေတဲ့ PDF များက NUG ရဲ့ဦးဆောင်မှုကို ခံယူပြီး NUG ကလဲအဆိုပါလက်နက်တွေကို ထောက်ပံ့နိုင်အောင် ပြည်ပက မြန်မာများထံက PRF ကနေ အလှူခံပေးပါ။ လှူသူများလဲ ဖြစ်တဲ့နေရာ ငါးပွက်ရာ ငါးစာမချဘဲ ဗျူဟာကျကျ လှူနိုင်ကြပါစေ။ ဗျူဟာကျမှ တော်လှန်ရေးကနိုင်မှာပါ။ ဗျူဟာမြောက်ဖို့ NUG ကိုသာလှူပါ။ ဒီလက်နက်တွေရှိရင် အပေါ်ကဗုံးကြဲလို့ရခဲ့ရင်တောင် မအလတွေ ဆင်းလာရဲမှာ မဟုတ်ပါလို့ အာမခံပါတယ်။ ပြည်သူက တစ်ဖွဲ့ချင်းဆီမလှူဘဲ NUG ထံလှူပြီး NUG က ဗျူဟာကျကျ မိမိဩဇာခံအဖွဲ့ကို ပေးနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

5 commentaires


Soe Thein
Soe Thein
16 janv. 2022

During black Hawk down in Somalia , Black Hawk was shot down by RPG 7 . RPG has self destruct at 1,000 yards . Somalia force use that self destruct function to use RPG as air burst weapon . Either they got lucky or they set up kill box and estimating the range using buildings as references . It is almost impossible to directly hit flying helicopter with RPG.

J'aime
Soe Thein
Soe Thein
17 janv. 2022
En réponse à

However , that function might not have effect on Mi-24 or other armor gunship .

J'aime

Myint Soe Oo
Myint Soe Oo
16 janv. 2022

ဦးမြတ်!!!အကြောင်း သတ်ဝါဒ။

အကြောင်း သတ်မှ၊ ငြိမ်းချမ်းရ၏။

(ဗုဒ္ဓဘုရားရှင်၏ အယူ)

ခု မကောင်းကျိုးတွေ(ဆင်းရဲမျိုးစုံတဲ့ ဒုက္ခဘုံကြီး)ဖြစ်နေတဲ့ အကြောင်းလက်သည်တရားခံကတော့ လေယာဉ်နှင့် ပုဇဉ်းများပဲဖြစ်ပါသည်။

မကောင်းကျိုးတွေ မရချင်လျှင် မကောင်းကျိုးဖြစ်ပေါ်စေသော အကြောင်းတရား ရပ်အောင် သတ်ရပါမည်။ အကြောင်းသတ်မှ အကျိုး ရပ်ပါမည်။

အကြောင်းသတ်ဖို့က (အနီးကပ်ဆုံးက)FN 6 ပါ။ တော်ရုံတန်ရုံလူ တန်ရုံဈေးနှင့်တော့မရနိုင်ပါ။သူဌေးတွေမှ ရနိုင်ပါမည်။ သူဌေးဆိုရာဝယ် နယ်စည်းမခြားသူ‌ေဌးများမှသာ လိုရာကို အလွယ်သယ်ရောက် ခရီးပေါက်ပါမည်။သူတို့က ခြေတံလက်တံ ရှည်ကြသောကြောင့်ဖြစ်ပါသည်။

×××မှာ ဖတ်မိသော သတင်းတပုဒ် တင်ပြအပ်ပါသည်။ နန်းမြို့မှာ ရေသာခို အချောင်လိုက် အရင်းမစိုက် အခွန်မဆောင်(နှစ်ဖက်လုံး လွတ်နေသော) သူဌေးများကို စာရင်းပြုစု၍ ပထမစည်းရုံးရေးအနေနဲ့ အခွန်ဆောင်သင့်ကြောင်း၊ •••အတွက်မို့ အခွန်အနေနှင့် စိုက်ထားသော ငွေရင်းများကို

အောင်မြင်တဲ့တနေ့ အခွန်ဆောင်လုပ်ငန်းရှင် တစ်ဦးအဖြစ် သတ်မှတ်ရန် အာမခံမည်ဖြစ်ကြောင်း။ အေးဓါးပြ တိုက်ခြင်းမဟုတ်ကြောင်း။ စည်းရုံးလှုပ်ရှားနေကြကြောင်း ချပြထားသည်ကို ဖတ်လိုက်ရပါသည်။ လူလည်သူဌေး သူဌေးလူလည်များဖြစ်သဖြင့် ‌‌‌‌စကစ၏ ရှေ့ရေးတွေးမြင်တတ်သူများပီပီ ညှိနှိုင်းမှုကို လက်ခံကြောင်းလည်း သိလိုက်ရပါသည်။

အကယ်၍ ဖြစ်မြောက်ခဲ့ပါက ထိုအဖွဲ့၏

ထောက်ခံမှုကို NUG ထံ တင်ပြရန်လိုသကဲ့သို့ NUG ကလည်း တဖန်အသိအမှတ်ပြုပေးရန် လိုအပ်မည်ဟု ထင်မြင်မိ၍ ဆက်စပ်ပြီး တင်ပြအပ်ပါသည်။

ထိုသို့အားဖြင့်ဆောင်ရွက်သော် တစ်ယောက်မှ တရာ။ တရာမှ အဖွဲ့။NUGလည်း ဝန် အထိုက်လျောက် ပေါ့ပါးမည်ဟု မြင်မိပါသည်။ ထိုသို့သော အဖွဲ့မျိုးနှင့် NUG တို့သည်လည်း ပွင့်လင်းသော ချိတ်ဆက်မှုတစ်ခု ရရှိနိုင်မည်ဟု ယုံကြည်မိပါသည်။ပို၍ ပို၍ ကျစ်လစ်

ခိုင်မာလာနိုင်ပါမည်ဟု ယူဆမိပါသည်။

ဆောင်းပါးပါ FN 6 ; RPG တို့သည် HONDA fit အနိမ့်တစီးဈေးသာသာမို့

နယ်စည်းမခြား သူဌေးများအတွက်အ‌ေနဖြင့်ထမင်းစား လက်ဖက်ရည်သောက် ကျပျောက်သော ပမာဏမို့…


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page