top of page
Search

အမေရိကန် ရွေးကောက်ပွဲမှပြောသော ဘာကြောင့် စည်းလုံးရမလဲ  ဘာကြောင့် ကိုယ့်အားကိုယ်ကိုးရမလဲ?

Writer's picture: Myat Tun OoMyat Tun Oo

ဒေါ်အောင်ဆန်းစုကြည်လက်ထက် ဝေဖန်ခဲ့သူတွေကို လေ့လာရာမှာ မအလစစ်တပ်နောက်ခံ မီဒီယာများကဝေဖန်ခဲ့တာရှိသလို အနောက်အုပ်စုကလည်း ရိုဟင်ဂျာအရေးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ခိုင်းတာမလုပ်လို့ သူတို့မွေးထားတဲ့ NGO များ၊ မီဒီယာများကတဆင့် စတင်ပုတ်ခတ်ဖို့ကြိုးစားခဲ့ကြပါတယ်။ သတင်းတွေကို facebook မှာ ဖတ်လိုက်ရင် မီဒီယာတွေမှာ ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကဘဲ မဲရှုံးတော့မလို ထင်မြင်လိုက်ရပါတယ်။ အချို့ကလဲ မဲမပေးရေးဆိုပြီး လှုပ်ရှားခဲ့ကြပါတယ်။ စာရေးသူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က လော်ဘီလုပ်ပြီး ကာကွယ်ခဲ့ကြပါတယ်။ မဲဆန္ဒပေးတဲ့အချိန်မှာ ပြည်သူတွေကတန်းစီ လူများစွာမဲထွက်ပေးပြီး နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကို အင်နဲ့အားနဲ့ မေးပေးလိုက်တာအားလုံးသိကြမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အာဏာတည်မြဲပြီး နောက်လေးနှစ်အုပ်ချုပ်ဖို့ ဝိုင်းကြိုးစားခဲ့တာတော့ မအောင်မြင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့စာရေးသူတို့ကို ဘက်သုံးဖက်က ဝိုင်းတိုက်တာကို ခံခဲ့ရလို့ပါ။ ထို့အတူပါဘဲ အမေရိကန်မှာ သတင်းတွေနားထောင်ရင် ထရမ့်မကောင်းကြောင်းက ၉၀% လို့ မှတ်တမ်းများအရ သိရပါတယ်။ တကယ်က တချိန်က ဒီမိုကရတ်ဖြစ်ခဲ့တဲ့ Elon Musk, ဒီမိုကရတ်သမ္မတလောင်း ဝင်ပြိုင်ဖူးသူ Tulsi Gabbard, ဒီမိုကရတ်နဲ့ နီးစပ်ခဲ့သူ Robert F Kennedy Jr ၊ ယခင်က ထရမ့်ကိုမကောင်းပြောပြီး ဒီမိုကရတ်ဘက်ယိမ်းသူ Joe Rogan,တို့က စပြီး ထရမ့်ကိုထောက်ခံကထဲက သာမန်လူတွေနဲ့ မီဒီယာ သတင်းသမားတွေနဲ့ ထင်မြင်ချက် ကွာနေတာကို ပြခဲ့ပါတယ်။

မအလက အာဏာသိမ်း စစ်အစိုးရပါ။ သူက အဓမ္မဘက်ကပါ။ စာရေးသူတို့ကအမှန် ဓမ္မဘက်ကပါ။ ဒါကအင်မတန် ရှင်းပါတယ်။ ဒါပေမယ့် လက်နက်မပါဘဲ အာဏာကို မိမိတို့ရဲ့မူဝါဒတွေနဲ့ မဲဆွဲရမှာတော့ လက်ဝဲလက်ယာ မူဝါဒဆိုတာရှိကြပါတယ်။ အချို့ပါတီက အခွန်ပိုကောက်ပြီး ပြန်လည်မျှဝေတာကိုသဘောကျတဲ့ ဆိုရှယ်လစ်စနစ်ရှိပါတယ် (ဥပမာ အင်္ဂလန်က လေဘာပါတီနဲ့ အမေရိကန်က ဒီမိုကရက်နဲ့ ကနေဒါက လစ်ဘရယ်ပါတီပါ)။ အချို့ကလည်း အခွန်နည်းနည်းကောက်ပြီး အစိုးရရဲ့ အခန်းကဏ္ဍနည်းနည်းနဲ့ အုပ်ချုပ်ချင်တဲ့အဖွဲ့တွေရှိကြပါတယ်။ (ဥပမာ အင်္ဂလန်က ကွန်စားဗေးတစ်၊ အမေရိကန်က ရီပတ်ပလစ်ကန်ပါတီတွေပါ)။ အမေရိကန်မှာ လွတ်လပ်စွာပြောဆိုခွင့် Freedom of Speech ကို ဦးစားပေးထားပြီး သတင်းမှားပြောရင်တောင် ဘာမှဖမ်းလို့မရပါ။ ဒီအခွင့်အရေးကို ပထမအခွင့်အရေး First Amendment ထဲတောင် ထည့်ထားပါတယ်။) ဥရောပမှာတော့ လွတ်လပ်စွာပြောဆိုခွင့်ကအကန့်အသတ်ရှိပြီး facebook/youtube ကနေ လူမျိုးရေးနည်းနည်းပြောရုံနဲ့ ဖမ်းဆီထောင်ချခဲ့တာ အင်္ဂလန်က လက်ရှိ လေဘာအစိုးရလက်ထက်မှာ ထင်ရှားတွေ့ပါတယ်။ ဒါတွေဟာကမ္ဘာပေါ်ကအသွင်မတူတဲ့စနစ်တွေပါ။ အားလုံးသိထားဖို့က မြန်မာလူမျိုးများက ဘယ်တိုင်းပြည်ကိုမှ လှေနဲ့ (သို့) အမေရိကန်နယ်စပ်ဖြတ်ပြီးမဝင်ပါ။ သူတို့တိုင်းပြည်ထဲကနေ ဒုက္ခသည်လျှောက်တာ၊ ထိုင်းကနေလျှောက်တာတော့ရှိနိုင်ပါတယ်။ ဒါက တရားမဝင် ဝင်လာသူ illegal migration မဟုတ်ပါ။

အီတလီမှာ ပြည်ပက လှေနဲ့ခိုးဝင်လာသူတွေကို မကြိုက်သလို နယ်သာလန်နဲ့ ဒိန်းမတ်မှာလည်းပြဿနာတက်နေပါတယ်။ မဘသပေါ့။ ဒါပေမယ့် မြန်မာပြည်က ဘောမ မဘသနဲ့ မနှိုင်းသင့်ပါ။ ယခင်က ကျွန်းနိုင်ငံကြီးဖြစ်တဲ့ဩစတြေးလျားကိုလည်း ခိုးဝင်လာသူတွေကိုအခြားကျွန်းတွေမှာ သူတို့ရဲ့ ဒုက္ခသည်လျှောက်လွှာကိုစစ်ဖို့ လုပ်တာကိုဝိုင်းဝန်းပြီးတော့ ရှုံ့ချခဲ့တဲ့ဥရောပက အဲ့ဒီစနစ်အတိုင်းလိုက်လုပ်ဖို့ ယခုကြိုးစားလာတာကိုလည်းအီတလီမှာ စတင်တွေ့မြင်နေရပါတယ်။ မိမိနဲ့အမြင်မတူလို့ ထရမ့်ကို ထရမ့်ထောက်ခံသူကို ဖက်ဆစ်ဆိုပြီးသွားပြောလို့မရပါ။ မြန်မာပြည်မှာဒီမိုကရေစီရခဲ့ရင်လည်း လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ပါတီနဲ့တစ်ပါတီရဲ့ အတွေးအခေါ်ဟာ မတူညီနိုင်ပါ။ မအလကလဲ ပါတီထောင်ခဲ့ရင် လျှပ်စစ်ကားကြီးလျှပ်စီးရထားကြီးဆိုပြီး မဲဆွယ်လို့ရပါတယ်။ အမျိုးဘာသာသာသနာဆိုပြီးလည်းမဲဆွယ်လို့ရပါတယ်။ ဒါပေမဲ့သေနတ်ကိုင်ပြီး ပါတီနဲ့လက်နက်ကိုင်အဖွဲ့ကို တွဲထားလို့ လုံးဝလုံးဝ မရပါ။ ဒါက တရုတ်ကွန်မြူနစ်၊ မြောက်ကိုရီးယားစနစ်ပါ။ မအလလို စစ်ခွေးစနစ်ပါ။ ပြည်သူက မဲပေးလို့ ကြည်ဖြူရင် ဖိလစ်ပိုင်မှာ မားကိုစ့်သားက သမ္မတပြန်ဖြစ်လာတာ အားလုံးသတိထားမိဖို့လိုပါတယ်။

ယခုအချိန်မှာ ထရမ့်နိုင်တယ်လို့ဆိုပြီး မြန်မာအချင်းချင်း ငြင်းခုံနေတာတွေရှိပါတယ်။ ပါတီစုံစနစ်မှာ မြန်မာပြည်ကလို လက်နက်ကိုင်အာဏာသိမ်းတာမဟုတ်လို့ အချင်းချင်း မငြင်းခုံစေလိုပါ။ ထရမ့်ကိစ္စနဲ့ အချင်းချင်း ပြောဆိုတာက တော်လှန်ရေးအတွက် အကျိုးမရှိပါ။ ထရမ့်ထောက်ခံသူမြန်မာတွေ တော်လှန်ရေးလှူသူထဲမှာ အများကြီးလို့ စာရေးသူသိရှိနားလည်ထားပါတယ်။ သေချာတာကတော့ ဘိုင်ဒင်က ဘာမှအကြီးအကျယ် စာရေးသူတို့ကို လက်နက်မထောက်ပံ့ခဲ့သလိုစာရေးသူတို့ တိုင်းပြည်ကို ယူကရိန်းလောက် ပြာယာခတ်မနေပါ။ နယ်စပ်ကလူအချို့ကို အမေရိကန်ကိုပြန်လည်ရွှေ့ပြောင်းအခြေချတာရပ်တာမျိုးဖြစ်နိုင်ပေမယ့် တစ်နည်းအားဖြင့်ထိုသူတွေကလည်း ပြည်တွင်းမှာပဲနေအောင် ပိုပြီးတိုက်ပွဲဝင်ရမယ်ဆိုတဲ့အသိကို ပေးလိုက်ရာလဲရောက်ပါတယ်။ ဒါကလဲ ထရမ့်ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ သေချာမသိပါ။

စာရေးသူတို့က တော်လှန်ရေးမှာ အနောက်တိုင်းကိုမျှော်တာ ကုလကိုမျှော်တာ၊ ဟိုတိုင်းရင်းသား ဒီတိုင်းရင်းသားကိုမျှော်တာကိုလျှော့သင့်ပါတယ် လျှော့ရပါမယ်။ ရိုဟင်ဂျာတွေမျှော်ခဲ့တဲ့ ကုလရဲ့ ICC က ရှေ့နေချုပ် Karin Khan က ပူတင်ကို ဖမ်းဝရမ်းထုတ်တာ အဆင်ပြေပေမယ့် ပါလက်စတိုင်းကိစ္စ အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ချိန်မှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ စုံစမ်းတာခံနေရပါပြီ။ ဒါမတိုင်ခင်က သူ့ကို အင်္ဂလိပ်ဘားကောင်စီမှာ သူ့လိုင်စင်ကို အစ္စရေးအမှုနဲ့ ပြန်စီစစ်ဖို့ အစ္စရေးအတွက်ရှေ့နေများအဖွဲ့က တိုင်ထားတာလဲ ခံနေရပါတယ်။ ဒါကြောင့် ကုလမျှော်ရင် ကြာမှာပါ။ လက်တွေ့ကျကျ မိမိတို့ရဲ့တပ် NUG အောက်က PDF အဖွဲ့တွေကိုလှူရပါမယ်။ အဖွဲ့များစွာကွဲပြီး အလှူငွေများစွာကွဲနေတာကတော့ သိပ်အကျိုးမရှိပါ။ NUG ကိုလှူပြီး NUG ရဲ့စုစည်းမှုနဲ့ဆက်ပြီး တိုက်ပွဲဝင်သွားရင်တော့ အကျိုးများမှာပါ။

ယခုအချိန်မှာ တိုင်းပြည်ရဲ့ကံကြမ္မာက စာရေးသူတို့ လက်ထဲမှာမူတည်နေပါတယ်။ လူတွေမသိသေးတဲ့ ထရမ့်နဲ့ ကိစ္စတစ်ခုက ဆီးရီးယားကိစ္စပါ။ ဆီးရီးယားက အတိုက်အခံတွေက ဒီမတ်စကပ်မြို့နားအထိ၂၀၁၂-၂၀၁၃မှာ နိုင်နေခဲ့ပါတယ်။  နေပြည်တော်နားအထိပေါ့။ လားရှိုးထက်မြင့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဖွဲ့များစွာကွဲပြီး လက်နက်ကိုင်အဖွဲ့တွေက ၂၀၁၁ အောက်တိုဘာမှာ ဆီးရီးယားအမျိုးသားကောင်စီ(Syrian National Council) ကိုဖွဲ့ပြီး ၂၀၁၂ မှာ ဆီးရီးယားအတိုက်အခံညွန့်ပေါင်းအဖွဲ့၊ ၂၀၁၃ မှာ ဆီးရီးယား ကြားဖြတ်အစိုးရအဖွဲ့ဆိုပြီး ဖွဲ့ခဲ့ပါတယ်။ ဒီအဖွဲ့ကို ဝန်ကြီးချုပ် Ghassan Hitto က ဦးဆောင်ခဲ့ပါတယ်။ ဒီအဖွဲ့က မြေပြင်က ဆန္ဒပြသူတွေ၊ ရပ်မိရပ်ဖဆိုသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့ခဲ့ပါတယ်။ သူတို့က ရွေးကောက်ခံမဟုတ်ပါ။ ဒါပေမယ့် သူတို့က အချင်းချင်း မစည်းလုံးသလို မြေပြင်က လက်နက်ကိုင်တွေကလဲ အမိန့်နာခံမှုမရှိလို့ အိုဘားမားက လက်နက်အကြီးတွေ လေယာဉ်ပစ်တွေမပေးခဲ့ပါ။ ထိုအချိန်က သမ္မတအိုဘားမားက ဓာတုလက်နက်တွေသုံးရင်တော့ သည်းမခံဘူးလို့ပြောခဲ့ပြီး အာဆတ်ကသုံးချိန်မှာ ဘာမှသူမလုပ်ပြခဲ့ပါ။ ထရမ့်တက်ပြီး အာဆတ်ကဓာတုလက်သုံးခဲ့လို့ ထရမ့်က ၂၀၁၇ ဧပြီလ ၇ရက်နေ့မှာ အာဆတ်ရဲ့ Shayrat လေတပ်စခန်းကို ဒုံးပျံ ၅၉ စင်းနဲ့ ပစ်ခဲ့ပါတယ်။ ထိုအချိန်မှာထရမ့်ကဝင်ပြီး စစ်တိုက်ချင်လို့မဟုတ်ဘဲ အာဆတ်ကလူတွေကို ဓာတုလက်နက်သုံးလို့ ပညာပေးလိုလို့ပထမအကြိမ် ဒုံးပျံနဲ့ပစ်ပြီး တုန့်ပြန်ခဲ့တာပါ။ ဒါ့အပြင် အာဆတ်က ဓာတုလက်နက်ကို ဒူမာမြို့မှာ ထပ်သုံးခဲ့လို့ ထရမ့်က ပြင်သစ်၊ အင်္ဂလိပ်တို့နဲ့ပေါင်းပြီး အာဆတ်လေတပ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာအာဆတ်ကတိုက်ဆိုင်စွာနဲ့ပဲ ဓာတုလက်နက် ဆက်မသုံးတော့ပါ။ သူက ဝင်တော့မတိုက်ပေးခဲ့ပါ။

ဒါက အိုဘားမားနဲ့ ထရမ့်ကွာတာလေးပါ။ ဒါက Boris Johnson ရဲ့ UNLEASHED စာအုပ်ထဲမှာ ရေးထားပါတယ်။ အိုဘားမားကအသံကျယ်ပြီး စာရေးသူလည်း အိုဘားမားပြောတာကိုကြိုက်ခဲ့သူပါ။ ယခုလဲကြိုက်နေဆဲပါ။ ဒါပေမယ့် အချို့သောအရာတွေက မှန်းလို့မရတဲ့သူကလည်းပိုကောင်းရင်ကောင်းသွားတတ်ပါတယ်။ ထရမ့်က မှန်းမရသူပါ။ စာရေးသူတို့တိုင်းပြည်က သန်းခေါင်ထက် ညဉ့်နက်စရာမရှိပါ။

နောက် အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်းဂျွန်ဆင်ကသူ့ရဲ့ စာအုပ် “UNLEASHED”ထဲမှာ မှတ်သားစရာကောင်းတဲ့ နောက်တစ်ချက်က ဆီးရီးယားက အာလက်ပိုမြို့ကို အာဆတ်က ပြန်ဝိုင်းထားချိန်မှာ အတိုက်အခံအဖွဲ့ကို အကူအညီပေးလိုပေမယ့် ဘယ်မြေပြင်က လက်နက်ကိုင်ကမှာ အဆိုပါ အတိုက်အခံအစိုးရရဲ့အမိန့်ကို မနာခံလို့ အဖွဲ့တွေကွဲနေလို့ သူတို့ရဲ့ ဆီးရီးယားလွတ်မြောက်ရေးအစီအစဉ်ကို ရပ်လိုက်ရတယ်ဆိုတာပါ။ ဒါကတော့ စာရေးသူတို့ရဲ့လက်နက်ကိုင်အဖွဲ့များစွာ သင်ခန်းစာယူနိုင်မယ်ထင်ပါတယ်။ မယုံရင်သူရေးထားတဲ့စာအုပ်ထဲမှာသွားဖတ်ကြည့်ပါ။သူက သူနိုင်ငံခြားရေးဝန်ကြီးဖြစ်စဉ်က အတွေ့အကြုံကို ရေးထားခဲ့တာပါ။

အကျဉ်းချုပ်ရရင် အမေရိကန် ရွေးကောက်ပွဲက ထရမ့်ထောက်ခံသူတွေကို မဟုတ်တာပြောတာ ဆဲတာတွေလုပ်တာ အကျိုးမရှိပါ။ သူ့ကို အမေရိကန် ပြည်သူအများစု၊ လူမဲတွေ၊ Latino တွေကပါ မဲပေးရွေးထားတာပါ။အချင်းချင်း ညီညွတ်ကြပါ။ ဆီးရီးယားကို သင်ခန်းစာယူပါ။ မြန်မာ့တော်လှန်ရေးမှာ အားကောင်းတာက ရွေးကောက်တင်မြောက်ခံတရားဝင်အစိုးရရှိနေပြီး စာရေးသူတို့က ယူကရိန်းလို အမေရိကန်ထံက လက်နက်တွေမရနေပါ။ ယူကရိန်းလိုဖိအားပေးသလို စာရေးသူတို့က ပြဿနာမရှိပါ။ ဒါပေမယ့် ထရမ့်က မှန်းမရလို့ အရှုံးတော့ မရှိနိုင်ပါ။ သူလိုအပ်ရင် မိမိကအသင့်ဖြစ်နေအောင် အခွင့်အရေးယူနိုင်အောင် ညီညွတ်စွာနဲ့ ပြင်ဆင်ထားကြပါ။ လက်နက်ကိုင်အဖွဲ့များစွာက ဆီးရီးယားမှာလို အကြောင်းများစွာနဲ့ ရွေးကောက်ခံအမိန့်မနာခံတာကို ရှောင်ပါ။ ပြည်သူက NUG အောက်က PDF ကို ဆက်ထောက်ပံ့ပေးပါ။ NUG အောက်က PDF တွေက ရှမ်းမြောက်၊ အမ်း၊ မြစ်ကြီးနားပြီးရင် အညာကိုရောက်လာမှာပါ။ ထရမ့်ကို အားအဖြစ်ပြောင်းနိုင်အောင် ကြိုးစားပါ။

249 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page