top of page
Search

အမေရိကန်နှင့်အင်္ဂလိပ်ကို အာခံတဲ့အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 3, 2020
  • 1 min read

စာရေးသူတို့တိုင်းပြည်က အမျိုးသားရေးသမားများက အမေရိကန်ကို တရုတ်ကဘယ်လိုအာခံတယ်ရုရှားကဘယ်လိုအာခံတယ်ရေးလေ့ရှိပါတယ်။ ဒါပေမယ့် တရုတ်၊ ရုရှားက ဘယ်လိုသည်းခံပြီးအင်အားတောင့်အောင် လုပ်ခဲ့ရသလဲဆိုတာကိုတော့ ရေးလေ့မရှိကြပါ။ သူတို့ကတော့ လက်ယာအုပ်စုပေါ့။

ထို့အတူပါဘဲ လူ့အခွင့်အရေးသမားများကလဲ အမေရိကန်နဲ့ အင်္ဂလိပ်ကဘယ်လို လူ့အခွင့်အရေးလေးစားတယ်ရေးပေမယ့် သူတို့က လူကိုခင်ရင် မူကိုပြင်တာကိုတော့ ရေးလေ့မရှိပါ။ သူတို့ကတော့လက်ဝဲဘက်အုပ်စုပေါ့။

သမိုင်းကြောင်းနဲ့ အမေရိကန်နဲ့ အင်္ဂလိပ်ကို အာခံရင် ဘာဖြစ်သွားသလဲ လေ့လာကြည့်ရအောင်။ အီရတ်သမ္မတ ဆာဒမ်ဟူစိန်ဟာ အမေရိကန်က မြှောက်စားလို့ တောက်ကြွားလာသူပါ။ အီရန်က အမေရိကန်သံရုံးကို ဝင်စီးသလို သူနဲ့အဆင်ပြေတဲ့ ရှားဘုရင်ကို ဖြုတ်ချခဲ့လို့ အမေရိကန်က အီရတ်ကိုမြှောက်ပေးပြီး ဝင်တိုက်ခိုင်းခဲ့ပါတယ်။ အီရန်ရဲ့ပိုင်ဆိုင်မှု ဒေါ်လာထောင်ပေါင်းများစွာကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့် အီရန်နဲ့ ICJ မှာ အမှုဖြစ်နေပါတယ်။

ဒါပေမယ့် ဆဒမ်ဟူစိန်က ပြောစကားနားမထောင်ဘဲ ကူဝိတ်ကို ဝင်တိုက်ခဲ့လို့ နောက်ဆုံး ဘလိုင်းကြီးပြစ်မှုအတု(လူအများသေစေနိုင်တဲ့ လက်နက် weapons of mass destruction ပိုင်တယ်ဆိုပြီး) နဲ့ ဝင်သိမ်းတာ ခံလိုက်ရပြီး ကြိုးပေးအသတ်ခံခဲ့ရပါတယ်။

အချို့လူ့အခွင့်အရးသမားများနဲ့ သတင်းဌာနများက ဟောင်ကောင်မှာ လမ်းပိတ်တာ လွှတ်တော်ကိုဝင်စီးတာ မီးတင်ရှို့တာတွေကို လွတ်လပ်ရေး လူ့အခွင့်အရေးတိုက်ပွဲအဖြစ် ပြောလေ့ရှိပါတယ်။ ဒါမျိုးကို နှစ်ဆန်းတစ်ရက်နေ့မှာ အီရတ်က ပြည်သူတွေက အမေရိကန်သံရုံးကို ဆန္ဒပြ ဝင်စီးချိန်မှာတော့ ဘယ်သူမှ မအော်ရဲကြပါ။ အမေရိကန် သံရုံးစောင့်တပ်က အီရတ်နိုင်ငံထဲမှာ ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။

ဒီဆန္ဒပြမှုဖြစ်တာကလဲ အမေရိကန်က သူ့တပ်ဖွဲ့ဝင်တွေကို လာတိုက်တဲ့ သူပုန်စခန်းကတွေကို လေယဉ်နဲ့ ဗုံးကြဲခဲ့လို့ပါ။ ဒါက ပြည်တွင်းစစ်မှာ လေယဉ်ပျံသုံးလားဆိုပြီး မေးလေ့ရှိတဲ့ ငပိန်း BBC၊ VOA သတင်းထောက်တွေနဲ့ လူ့အခွင့်အရေးသမားများ ဗဟုသုတရအောင်ပါ။ စစ်တိုက်တယ်ဆိုတာ တရားထိုင်နေတာ မဟုတ်လို့ မိမိနိုင်တာနဲ့ တိုက်တာပါ။ ဒါကြောင့် အီရတ်နိုင်ငံထဲက အီရန်နဲ့ဘာသာတူတွေကပြန်ဆန္ဒပြတာပါ။

အဲ့ဒီလိုအမေရိကန်သံရုံးကို မီးရှို့လို့ ဒီနေ့မှာဘဲ အီရတ်မှာရောက်နေတဲ့ အီရန်က စစ်ဗိုလ်ချုပ်ကို အမေရိကန်က မောင်းသူမဲ့လေယဉ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အီရတ်ပြည်သူတွေကို ဆဒမ်ဟူစိန်အောက်ကလွတ်အောင် လုပ်ပေးခဲ့ပေမယ့် သူတို့က အမေရိကန်ကို ကျေးဇူးမတင်ပါ။ သူတို့က ဘာသာရေးသာအဓိကပါ။ အီရတ်မှာက မူစလင်ပေမယ့် ဂိုဏ်းမတူတဲ့ ရှိးယားတွေကအများစုပါ။ သူတို့ဟာ ဘာသာရေးဂိုဏ်းအားဖြင့် အီရန်နဲ့ တူပါတယ်။ ကမ္ဘာပေါ်မှာက ဆူနီအများစုပါ။ ဒါကြောင့် အဲ့ဒီမှာဖြစ်တာဟာမြန်မာတစ်ပြည်လုံး ၁၉၄၈ ထဲက ပြည်တွင်းစစ်ကြောင့် လူသေတာထက်များသလို ဆက်တိုက်မယ့်ပုံပါ။

ဒါဆိုအမေရိကန်က လွတ်လပ်စွာပြောဆိုခွင့်ကို ကြိုက်လားဆိုတော့ သူ့အတွင်းရေးကို ဖွင့်ချတဲ့Chelsea Manning ကို တပ်အချုပ်ထဲမှာ ကိုယ်လုံးတီးထားခဲ့ပါတယ်။ နောက်မှ စစ်တရားရုံးက အမိန့်ချတာခံရပြီး ၂၀၁၀ ကနေ ၂၀၁၇ အထိ ထောင်ထဲမှာနေခဲ့ရပြီး အိုဘားမားရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့တာပါ။ ယခုသူ့ကို ဝီကီလိက သတင်းတွေတင်တာကို အစစ်မခံလို့ထောင်ပြန်ချထားပါတယ်။ ဒါအမေရိကန်ပါ။

နောက် အမေရိကန်မကောင်းသတင်းလွှင့်တဲ့ ဝီကီရဲ့ခေါင်းဆောင် Julian Assange ကို မုဒိမ်းမှုနဲ့ CIA ကထောင်ဖမ်းပြီး အင်္ဂလန်ကထောင်ထဲထည့် ယခုလွတ်ချိန်မှာ မုဒိမ်းမှုနဲ့ စွဲထားတဲ့မိန်းမက မစွဲတော့ဘဲ အမေရိကန်ကသာ တရားခံပြေးနဲ့ စွဲပါတော့တယ်။

ပြောချင်တာက လက်ဝဲ လက်ယာတွေဟာ လိုရာကိုဘယ်လိုပုံဖော်ပေမယ့် နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွါးကိုသာကြည့်ပြီး လူ့အခွင့်အရေးဆိုတာက အဆင်ပြေမှသာ လာတာပါ။

အမေရိကန်တပ်ရော အင်္ဂလိပ်တပ်ပါ စစ်ရာဇဝတ်မှု ကျူးလွန်သလို လိုအပ်ရင် လေယဉ်နဲ့ဗုံးကြဲ ရန်သူ့တပ်မှူး ဗိုလ်ချုပ်တွေကိုသတ် သူတို့ရဲ့ အမျိုးတွေကို ဆက်သွယ်ရခက်အောင်လုပ်ပါတယ်။ အရေးကြီးတာက စစ်တပ်ဟာ အရပ်သားအောက်မှာရှိပြီး လိုအပ်ရင် အရေးယူနိုင်ဖို့ကသာ အဓိကပါ။

အမေရိကန်နဲ့ အင်္ဂလိပ်ကို အာခံရင် သူတို့က ဒုက္ခပေးတပ်ပါတယ်။ မိမိကိုယ်ခံအားကောင်းမှ ရပါမယ်။

News source: CNN and BBC

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

留言


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page