top of page
Search

အမေရိကန်နိုင်ငံရေးမှပြောသော ဒီမို PDF/စစ်တပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 30, 2024
  • 1 min read

လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူပါ။ လက်ဝဲ၊ လက်ယာ၊ ဘာသာအယူဝါဒ ကွဲပြားကြပါတယ်။ ဒါတွေဟာ ကမ္ဘာတည်သရွေ့ ငြင်းခုံမှု ရှိကြမှာပါ။ ထိုအရာတွေဟာ လက်နက်ကိုင်တပ်များရဲ့ပြင်ပမှာ ငြင်းခုံလို့ရပေမယ့် လက်နက်ကိုင်ပြီး ငြင်းခုံရင် အင်မတန် အန္တရာယ်ကြီးပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဟာ နိုင်ငံရေးသမား

အမိန့်မဟုတ်ဘဲ ရွေးကောက်ခံ နိုင်ငံရေးသမားအမိန့်ကိုသာ နာခံဖို့ အင်မတန်အရေးကြီးပါတယ်။ လူအများစုပြောတာက မအလပြုတ်ဖို့အရေးကြီးတယ်ဆိုတာပါ။ ၁၉၄၈ မတိုင်ခင်ကလဲ လွတ်လပ်ရေးရဖို့ အရေးကြီးတယ်ဆိုပြီး ပြောခဲ့ကြတာ မမေ့ပါနဲ့။

ယခုအချို့အဖွဲ့များဟာ PDF တွေကို ကွန်မြူနစ်ဝါဒသင်ဖို့ လုပ်နေတာ တွေ့နေရပါတယ်။ PDF တွေကို သင်ရမှာက တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးသင်တန်းတွေ၊ စစ်ပွဲမှာ လူ့အခွင့်အရေး ဘယ်လိုလိုက်နာရမယ်ဆိုတာတွေနဲ့ ရွေးကောက်ခံ အရပ်သားအမိန့်ကို ဘယ်လို နာခံရမယ်ဆိုတာတွေပါ။

ယခုအမေရိကန်မှာ ထရမ့်ကို ဒီမိုကရက်ပါတီက ရှေ့နေချုပ်တွေက သူတို့ပြည်နယ်တွေ၊ ခရိုင်တွေမှာ တရားစွဲပါတယ်။ သူတို့က ပါတီအခြေပြုလို့ ထရမ့်ကိုစွဲတဲ့အမှုမှာ မပါနဲ့ဆိုရင် သူတို့က ငြင်းပါတယ်။ ယခုနယူးယောက်က တရားသူကြီး Juan Manuel Merchan ကလဲ ဒီမိုကရတ်ကို ငွေလှူသူ၊ သူ့သမီးက ဒီမိုကရတ်တွေအတွက် ရန်ပုံငွေ ရှာပေးသူပါ။ သူ့ကို ရီပတ်ပလီကန်ပါတီက အမတ်တွေက ထရမ့်အမှုမှာ တရားသူကြီးမလုပ်ဖို့ပြောပေမယ့် သူကဆက်လုပ်ခဲ့ပါတယ်။ ယခုလဲ တရားသူကြီးချုပ်ရုံး တရားသူကြီး Alito ကို သူ့မိန်းမက အလံပြောင်းပြန်ထောင်တာဟာ ထရမ့်ထောက်ခံတာနဲ့တူလို့ သူ့ကို ထရမ့်အမှုမှာ မပါဖို့ ဒီမိုကရက်အမတ်တွေက ဝိုင်းပြောပေမယ့် သူက ငြင်းခဲ့ပါတယ်။ သတင်းသမားတွေက မိမိတို့ ထောက်ခံတဲ့ပါတီအပေါ်မူတည်ပြီး လော်ပါတယ်။ သတင်းသမားဆိုတာ ဘုရားလို ကြားနေသူမဟုတ်ပါ။ ထိုအမှုတွေထဲမှာ အမေရိကန်စစ်တပ်ထဲကလူများဟာလဲ လူသားတွေမိုလို့ စိတ်ထဲကနေ ဘက်လိုက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က ဝင်မစွက်ပါ။

စာရေးသူတို့ တိုင်းပြည်မှာလဲ မအလက မဲကိစ္စဆိုရင်တောင် သူတို့စွဲထားတဲ့ ခြေဥနဲ့သာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖြေရှင်းခဲ့ရင် ယခုလိုဖြစ်လာစရာ ဒေါ်လာစျေးတက်စရာ မီးပျက်စရာ အကြောင်းမရှိပါ။ ထို့အတူ တည်မြဲပါတီဘက်က နေဝင်းဘက်မလိုက်ခဲ့ရင်လဲ ပြဿနာမရှိနိုင်ပါ။ ထို့အတူ ကွန်မြူနစ်က လက်နက်မကိုင်ဘဲ အာဏာကို ရွေးကောက်ပွဲကသာ ရယူဖို့ ကြိုးစားခဲ့ရင်လဲ နိုင်ငံရေးသမားတွေဟာ အိန္ဒိယမှာလို အားကောင်းနိုင်ပါတယ်။ စာရေးသူပြောလိုတာက PDF/စစ်တပ်တွေအနေနဲ့ မိမိကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ လက်ဝဲ၊ လက်ယာ အယူဝါဒအပေါ်မူတည်ပြီး အမြင်မတူတာရှိနိုင်ပေမယ့် ရွေးကောက်ခံ အရပ်သားရဲ့ အမိန့်ကို နာခံတတ်အောင် ယခုထဲက အလေ့အကျင့် ပြုလုပ်ပေးပါလို့ တောင်းပန်ပါရစေ။ PDF ဟာ NGO/CSO မဟုတ်လို့ သူတို့လို စောက်ချိုးချိုးရင်တော့ သုံးယောက်တစ်ဖွဲ့နဲ့ အဖွဲ့ပေါင်းစုံကွဲပြီး တိုင်းပြည်လဲ ခွေးဖြစ်ပါမယ်။ ၁၉၄၈ မတိုင်ခင်ကအဖြစ်ကို ပြန်မသွားပါနဲ့။ ပြည်သူက PRF ကို ထောက်ပံ့ပြီး အမိန့်နာခံမှုအားကောင်းအောင် လုပ်ဆောင်ပေးပါ။

(ဓာတ်ပုံ ရီပတ်ပလီကန်ပါတီခန့် တရားသူကြီး Alito၊ ဒီမိုကရက်ပါတီခန့် Juan Merchant၊ ဒီမိုကရက်ရှေ့နေ Alvin Bragg)

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page