top of page
Search
  • Writer's pictureMyat Tun Oo

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်နှင့် မြန်မာပြည်


ထရမ့်က အာဏာလွှဲပြောင်းရေးအဖွဲ့ကို စကားပြောဖို့ မနေ့က သဘောတူလိုက်ပါပြီ။ တချိန်ထဲမှာဘဲရွေးကောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က အင်တိုနီဘလင်ကန်(Antony Blinken)ကို နိုင်ငံခြားရေးဝန်ကြီးခန့်ဖို့ ပြင်ထားတယ်ဆိုတာ သိလိုက်ရပါပြီ။ သူကဘယ်လိုလူလဲ?



သူဟာ သမ္မတလောင်း ဘိုင်ဒင်ရဲ့ အကြံပေးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာလုပ်ခဲ့သူပါ။ သူဟာ ငယ်စဉ်က ပြင်သစ်မှာ ကျောင်းတက်ခဲ့ပြီး ပြင်သစ်ဘာသာစကားကိုလဲ ပြောတတ်ပါတယ်။ သူဟာ သမ္မတကလင်တန်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့မှာ စပါခဲ့ပြီး အဲ့ဒီနောက်မှာ အထက်လွှတ်တော်အမတ် ဘိုင်ဒင်ကို နိုင်ငံခြားရေးရာတွေကို အကြံပေးခဲ့သူပါ။ သူဟာ ကုလလို ကမ္ဘာ့အဖွဲ့အစည်းတွေကို အားကိုးသူပါ။

အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပုံမှန်မှာဆို မြန်မာပြည်ဘယ်နားမှာလဲဆိုတာကအစ ရှင်းပြရပါတယ်။ ဒါပေမယ့် စာရေးသူတို့ ကံကောင်းသွားတာက သူဟာ မြန်မာပြည်ကို ရောက်ဖူးခဲ့သူပါ။DASSK နဲ့လဲ သူနိုင်ငံခြားရေး ဒုဝန်ကြီးဘဝက တွေ့ခဲ့ဖူးပါတယ်။ သူဟာ မြန်မာနိုင်ငံအရေးကို အခြားသူထက်တော့ ပိုသိမှာပါ။ အိုဘားမားလက်ထက်က ဘာတွေလုပ်ခဲ့တယ် တရုတ်နိုင်ငံ၊ အာဆီယံနဲ့မြန်မာတို့ရဲ့ အရေးပါမှုကိုလဲ အခြားလူထက် ပိုနားလည်နိုင်ပါတယ်။


ဒါပေမယ့်သူဟာ သူ့သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရမှာပါ။ သူတို့မှာကလဲ စံတွေ အမျိုးသား အကျိုးစီးပွါးတွေရှိပါတယ်။ ဘိုင်ဒင်သာမန်အရပ်သားအချိန်က ဘင်ကိစ္စကို အော်ထားခဲ့ပါတယ်။ သူ့စံအရပါ။ ယခုအချိန်မှာ သူသမ္မတဖြစ်လာမှာမိုလို့ အမျိုးသားအကျိုးစီးပွါးကပါလာမှာပါ။ အကျိုးစီးပွါးအတွက်ဆို အမေရိကန်ဟာ မူကိုပြင်ပါတယ်။ ဥပမာ ဆော်ဒီ၊ အီဂျစ်၊ ထိုင်း၊အစ္စရေး၊ ဂျော်ဒန်၊ ဗီယက်နမ်နဲ့ ဘာရိန်းတို့မှာပါ။


မြန်မာပြည်အနေနဲ့က အမေရိကန်မှာ သူတို့နဲ့တွေ့ပြီး ရှင်းပြနိုင်ဖို့ လူလိုပါမယ်။ အဆိုပါလူဟာ သူတို့အသိုင်းအဝိုင်းကို ဝင်ဆန့်ပြီး သူတို့ရဲ့ စံတွေကို နားလည်သူဖြစ်ရပါမယ်။ အင်္ဂလိပ်စကားပြောလဲကျွမ်းကျင်ရပါမယ်။ မီဒီယာတွေနဲ့လဲ ရင်းနှီးသူ လေးစားသူဖြစ်ရပါမယ်။ နောက်အပေးအယူတွေရှိရပါမယ်။ သူတို့ကို ပြောပြ ရှင်းပြနိုင်ရင်တော့ အဆင်ပြေမှာပါ။ မြန်မာပြည်မှာက ဘင်ပြဿနာအပြင်သာဝက ဂျစ်ကန်ကန်နဲ့ မဆင်းရင်လဲ ကိုင်ဖို့ ပြင်ထားရပါမယ်လို့ ပြောပါရစေ။


Photo and News Credit: VOA, The Guardian, CNBC, Mizzima

663 views2 comments
bottom of page