top of page
Search

အမေရိကန်က NUG ကို ကူသလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 1, 2023
  • 1 min read

ဒီကိစ္စက ယခင်ကထဲက ရေးလိုပေမယ့် ပြည်သူတွေစိတ်ဓာတ်ကျမှာစိုးလို့ ရှောင်ခဲ့ပါတယ်။ ယခုအချိန်မှာ စာရေးသူတို့က နိုင်လာနေလို့ ပြည်သူများသိအောင် ရေးပါတယ်။

စာရေးသူတို့အားလုံး အမေရိကန်ကို မျှော်ခဲ့ကြပါတယ်။ နေတိုးက လာကယ်မလား ကုလက လာကယ်မှာလား မျှော်ခဲ့ကြပါတယ်။ အနောက်အုပ်စုက ဒီမိုအရေး ဘာညာအော်ပြောလို့ မအလကိုများဖမ်းမလား ထင်ခဲ့မျှော်ခဲ့ကြပါတယ်။

အမေရိကန်က ကုလမှာ မြန်မာကိုယ်စားလှယ်နေရာအတွက် ရပ်တည်ပေးတာက ကျေးဇူးတင်စရာပါ။ ဒါပေမယ့် တရုတ်က အကြီးအကျယ်မကန့်ကွက်တာကိုလဲ မေ့လို့မရပါ။ နောက်အမေရိကန်က မြန်မာပြည်က နာမည်ကြီးတွေကို ဒုက္ခသည်အဖြစ် နေခွင့်ပေးတာကိုလဲ ကြံဖန်ကျေးဇူးတင်လို့ရပါတယ်။ ဒါပေမယ့် အမေရိကန်က ဆီးရီးယားဒုက္ခသည် တစ်သောင်းကျော်ကို ၂၀၁၆ တစ်နှစ်ထဲမှာလက်ခံခဲ့ပါတယ်။ ယူကရိန်းနဲ့တော့ မနှိုင်းတော့ပါ။ မြန်မာဒုက္ခသည်လက်ခံတာက ဒီနှစ်မှာ ထောင်ဂဏန်းမရှိပါ။ တစ်ထောင်မပြည့်ပါ။

NUG က အမေရိကန်ဘဏ်ကာသိမ်းထားတဲ့ စာရေးသူတို့ပြည်သူပိုင်ငွေတောင်းချိန်မှာ အမေရိကန်က မပေးခဲ့ပါ။ သူတို့က ကောင်းမွန်တဲ့အစိုးရဖြစ်ရေး ဘာညာဆိုပြီး ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ပါတယ်။ နောက်အမေရိကန်လွှတ်တော်မှာ DASSK ကိုထောက်ခံလေးစားတဲ့ အထက်လွှတ်တော်အမတ် Mr Mitch McConnell က အဆိုတင် ဥပဒေပြုလို့ သမ္မတဘိုင်ဒင်အစိုးရက အကူအညီပေးရမလိုဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာ အခြားမြန်မာပြည်က တတိယအင်အားစုက NUG က အားလုံးကို ကိုယ်စားမပြုဘူး ဟိုအဖွဲ့ပါရမယ် ဒီအဖွဲ့ပါရမယ်ဆိုပြီး ထလုပ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက NUG နဲ့တင်မဟုတ်ဘဲ KNU, KIA, ရိုနဲ့ အခြားသူဖွဲ့ထားတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ပါတွေ့ပြီး နောက်ဆုံးတော့ NUG ကို ဘာလက်နက်မှ မပေးခဲ့ပါ။ လက်နက်မပေးသလို လူသားချင်းစာနာရေးအတွက်လဲ NUG ကို တိုက်ရိုက်မပေးခဲ့ပါ။ လက်နက်ကိစ္စက လက်နက်ကိုင်အဖွဲ့အားလုံးက NUG ရဲ့အမိန့်အောက်မှာမရှိလို့ဆိုပြီး နားလည်လို့ရပေမယ့် အခြားအကူအညီမပေးတာက နားမလည်နိုင်ပါ။ ဒါဆိုရင် အမေရိကန်အကူအညီဘယ်ကိုသွားလဲဆိုတော့ ဘင်္ဂလားဒုက္ခသည်စခန်းကိုပါ။ ဒီနေရာမှာ မရေးရင်မရလို့ ရေးပါတယ်။ ယခု NUG ရနေတာက ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ ထောက်ပံ့ငွေသာပါ။ အမေရိကန်နဲ့ အင်္ဂလိပ်အစိုးရကပေးငွေ တစ်ပြားတောင်မပါပါ။

ဒါဆို အမေရိကန်က စီးပွါးရေးပိတ်ဆို့တာကရော? အမေရိကန်နဲ့ ဥရောပဟာ ရိုကိစ္စနဲ့  မအလကို စီးပွါးရေးမပိတ်လို့ကို မရပါဘူး။ စာရေးသူတို့ မတိုက်တွန်းလဲ သူမဲနိုင်ဖို့ ပိတ်ပေးရမှာပါ။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒအရ ယခုအချိန်မှာ သူ့ကိုမာမူတွေကမုန်းနေပါတယ်။ ဒီမိုကရက်တွေနဲ့ ဘိုင်ဒင်က ဒိပုံစံနဲ့ မာမူ့မဲမရနိုင်ပါ။ ဒါကြောင့် ထိုလူများကို မဲဆွယ်ရာမှာ သူက မြန်မာပြည်ကလူမျိုးရေး၊ ဘာသာရေးကို လုပ်နေပါတယ်ဆိုမှ မဲရမှာပါ။ ဒါကြောင့် ဂျပန်ရောက် အမေရိကန်သံအမတ် Rahm Emanuel ပြောစကားက မြန်မာတစ်ပြည်လုံးထက် ထိုကိစ္စကို အားသာနေတာပါ။ သူမထောက်ခံလဲ ဂရုမစိုက်ပါ။ သူက အိုဘားမားရဲ့ အိမ်ဖြူတော် Chief of Staff လုပ်ပြီး ချီကာကိုမှာ မြို့တော်ဝန်လုပ်ဖူးသူပါ။ မဲဆွယ်ရာမှာ တော်ပါတယ်။

အမေရိကန်နဲ့ ရန်ဖြစ်တာ မကောင်းပါ။ ဒါပေမယ့် သူက မကူညီတာကိုတော့ လူတိုင်းသိဖို့လိုပါတယ်။ အားလုံးဟာ ပြည်တွင်းအားက အဓိကပါ။ ကောလင်းသိမ်းလို့ရတဲ့ပိုက်ဆံဟာ NUG အပြင်မှာ ရှာလို့ရတာထက် များပါတယ်။ ထို့အတူ ယခုစခန်းတွေသိမ်းလို့ ရတဲ့လက်နက်ဟာလဲ စာရေးသူတို့ ဝယ်လို့ရတာထက်များသလို ပိုကောင်းပါတယ်။

ယခုဟာဝေဇာအမြောက်တွေပါရလို့ MNDAA နဲ့ TNLA က KIA ကိုမျှဝေခဲ့ရင် တော်လှန်ရေးက ပိုမြန်လာမှာပါ။ ထိုဟာဝေဇာကို သုံးတန်ရင် မြို့တွေကို ထိန်းနိုင်လာမှာပါ။ ယခုအချိန်မှာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ထိုင်းတို့မှာ NUG ကိုဘယ်လိုအသိအမှတ်ပြု ဆက်ဆံရမှာလဲ ထောက်ပံ့ရမှာလဲ စတွေးလာနေကြပါပြီ။ အနောက်အုပ်စု သတင်းတွေမှာဆို သိသာလာနေပါပြီ။ ဒါကလဲ မအလပြုတ်တာကို မြန်စေမှာပါ။

အကျဉ်းချုပ်ရရင် ပြည်သူအချင်းချင်းကူပြီး ပြည်ပကိုမမျှော်ဘဲ တော်လှန်ရေးကို ပြီးဆုံးအောင်သာချပါ။ NUG က ဝန်ကြီးအချို့လဲ လိုင်းပေါ်မှာ တရုတ်ဆန့်ကျင်တာ၊ အမေရိကန်သိပ်ကြိုက်တာမလုပ်ဘဲ လက်တွေ့ကျတဲ့ မူဝါဒနဲ့ ယခုပွဲကို အမြန်ဖြတ်နိုင်ပါစေ။ မအလဖြုတ်ဖို့ ဒီပွဲက ဦးတည်နေပြီး အဆိုဖြုတ်ချမှုက အာဏာရှင်စနစ်ဖြုတ်ချမှုဖြစ်အောင် လုပ်နိုင်ကြပါစေ။ ငါတို့မှာ ငါတို့သာရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Dec 01, 2023

အမေရိကန်နဲ့ အင်္ဂလိပ်အစိုးရက တော်လှန်ရေးကို ပြီးဆုံးအောင် မကူညီတာကိုတော့ လူတိုင်းသိဖို့လိုပါတယ်။ ။ တတိယအင်အားစုက ပြည်သူ့အစိုးရထံက အာဏာသိမ်းချင်သူများပါတယ်။

Edited
Like

Scarlet Scarlet
Scarlet Scarlet
Dec 01, 2023

ဆရာမြတ်​ရေ...

Dr. တူး​ခေါင်က, လဲ..

ဘာ​ကြောင်တာလဲ...

​မေးရ မလို ပါ...

သူတို့ကို မလိုတဲ့သူ​တွေ များ​နေတာ...

နှုတ်တခု​တော့....

​စောင့်ဘို့​ကောင်းပါတယ်...

အ​ပျော်မက်တဲ့သူ​တွေရှိ​နေတာသိပါတယ်...

ဥပမာ...တန်​ဆောင်တိုင်တုန်းက...

ရန်ကုန်မှာကွက်ပီး..

ဒီ မို က ​ရေ စီ ရ သွားတာ...

​ဒေါသ ထွက်မိ​ပေမဲ့...

လူတန်းစား ကွာ​သေးတယ်​လေ လို့...

စိတ်ကိုမနဲ​ဖြေထားရပါတယ်..

ဒီကိစ္စကို ရည်ရွယ်ပီး...

ရွဲ့​ပြောတာလားလို့...

​ဖြေ ​တွေး ​ပေး ​ပေမဲ့...

ဝန်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့..

အ​ပြောအဆို, အပြုအမူ, အ​နေအထိုင်​

​လေး​တော့ ရှိသင့်တယ်..

ထင်မိလို့ပါ...

လူမ​လေး ​ခွေးမခန့် ဖြစ်လာရင်...

သူတို့လဲ ဘာမှ လုပ်လို့ ရ ​တော့မှာ

မဟုတ်လို့... ရင်​လေးမိပါတယ်....

သတိ​လေး​တော့ ​ပေး ​ပေး ပါအုံး

ဆရာမြတ်​ရေ...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page