ဒါဆိုဘာကထိခိုက်မလဲ။
Unicode version
အမေရိကန်ကနာမည်ပျက်စာရင်းသွင်းတာကိုတပ်ချုပ်ကြီးကြောက်လား?
အမေရိကန်ကတပ်ချုပ်၊ဒုတပ်ချုပ်၊၉၉တပ်မမှူးဗိုလ်မှူးချုပ်သန်းဦး၊၃၃တပ်မမှူးဗိုလ်မှူးချုပ်အောင်အောင်တို့ကိုအမေရိကန်ကပြည်ဝင်ခွင့်ပိတ်လိုက်ပါတယ်။ဒါဟာတပ်ချုပ်ကြီးကိုထိခိုက်စေလား?
ဒီလိုမျိုးအရေးယူမှုမျိုးကိုယခင်ကလဲလုပ်ခဲ့ပါတယ်။လက်ရှိနေဝင်း၊ဘရွှေနဲ့သူတို့အမျိုးများရဲ့ပိုက်ဆံဟာစင်ကာပူနဲ့တရုတ်ပြည်မှာပါ။ဒါကြောင့်သူတို့ကိုတိုက်ရိုက်မထိခိုက်ပါ။တပ်ချုပ်ကြီးကဥရောပကိုသွားခဲ့ပြီးပါပြီ။သူ့မိန်းမနဲ့လည်ပြီဝယ်ချင်တာတွေဝယ်လာခဲ့ပြီးပါပြီ။အမေရိကန်ကပိတ်ရင်တော့မသွားရတော့ဘူူးပေါ့။ဒီလောက်ပါဘဲ။ကြားညပ်တာကဒုတပ်ချုပ်ပါ။အမေရိကန်သာလိမ်မာပါးနပ်ရင်သူ့ကိုချန်ထားခဲ့သင့်ပါတယ်။လက်နက်ကယခင်ကလဲတရုတ်နဲ့ရုရှားထံကသာဝယ်လို့သိပ်မထိခိုက်ပါ။
ဒါဆိုဘာကထိခိုက်မလဲ။
အားလုံးသိတဲ့အတိုင်းလက်ရှိတပ်ချုပ်ကသမ္မတရူးရူးနေပါတယ်။ဘရွှေကလဲသူ့ကိုလူတွေကြိုက်ရင်တော့သမ္မတဖြစ်စေချင်မှာပါ။ယခုကတော့သူဟာအစိုးရကိုကန့်လန့်တိုက်သူအဖြစ်ပြည်သူကမြင်လာလို့၂၀၂၀မှာသမ္မတဖြစ်ဖို့ဟာအိမ်မက်ပမာဖြစ်သွားပါပြီ။ယခုဟာကအမေရိကန်နဲ့အနောက်နိုင်ငံကပါနာမည်ပျက်စာရင်းသွင်းလို့မြန်မာပြည်ရဲ့စစ်ခေါင်းဆောင်အနေနဲ့အာဏာသိမ်းဖို့ကြိုးစားရင်ပြဿနာကယခုထက်ကြီးသွားမှာပါ။ဒါကြောင့်အမေရိကန်ရဲ့ကြေညာချက်ဟာသူ့အိမ်မက်ကိုတော့ရိုက်ချိုးနိုင်ခဲ့ပါတယ်။ICC ကိုတော့အမေရိကန်ရဲ့ပိတ်ဆို့မှုထက်ပိုဂရုစိုက်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ICC လက်မှတ်ထိုးထားတဲ့နိုင်ငံကိုမတော်တဆသွားမိရင်ပါသွားနိုင်လို့ပါ။ICC ပြည်တွင်းထဲဝင်မဖမ်းနိုင်တာသူသိပါတယ်။ဒါကိုတော့သူမမှုပါ။
တပ်မတော်သားတစ်ယောက်အနေနဲ့မိမိတပ်ချုပ်ကိုဟိုနိုင်ငံဒီနိုင်ငံတွေကနာမည်ပျက်စာရင်းသွင်းတာမကြိုက်ပါ။ဒါပေမယ့်ဒါကိုကာကွယ်ဖို့ဟာမိမိတိုင်းပြည်မှာလက်နက်ကိုင်တပ်ဖွဲ့ဟာအရပ်သားအစိုးရအောက်မှာရှိရပါမယ်။တိုင်းပြည်ရဲ့စနစ်ဟာဒီမိုဖြစ်ဖြစ်၊ကွန်မြူနစ်ဖြစ်ဖြစ်၊အာဏာရှင်ဖြစ်ဖြစ်တပ်ဟာအစိုးရအောက်မှာရှိရပါမယ်။မဟုတ်ရင်တော့ယခုလိုပြဿနာတွေပေါ်နေမှာပါ။
အကျဉ်းချုပ်ပြောရရင်တပ်ချုပ်ကြီးကအမေရိကန်ရဲ့နာမည်ပျက်စာရင်းတော့မကြောက်ပါ။အိုင်စီစီကိုတော့မဆိုစလောက်သတိထားမိမှာပါ။ဒါပေမယ့်သူ့ပိုင်ဆိုင်မှုနဲ့သူ့သားကုမ္ပဏီကိုထိပြီဆိုရင်တော့....... အမျိုးသာရေးကိုထိလို့လက်ခံမှာမဟုတ်ပါ။
Comments