top of page
Search

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဘယ်ပါတီကိုရွေးမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 18, 2020
  • 1 min read

အဘတို့ပြောလေ့ရှိတာက သူတို့က စီမံခန့်ခွဲတတ်တယ်၊ အုပ်ချုပ်တတ်တယ်၊ စီးပွါးရေးလုပ်တတ်တယ်ဆိုတာပါ။ နောက်တစ်ခုကတော့ သူတို့ကသာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တတ်တယ်ဆိုတာပါ။

ပထမအချက်မှာ စီးပွါးရေးက အာရှမှာ ချမ်းသာတဲ့နိုင်ငံကနေ ၁၉၆၂ မှ ၂၀၁၆ အထိ အုပ်ချုပ်လိုက်တာမှာ တိုင်းပြည်မွဲသွားခဲ့တာပါ။ နောက် ဥပမာကတော့ ဘရွှေလက်ထက် ရေနံပိုက်လိုင်းကို ရခိုင်ကနေ မြန်မာပြည်အလယ်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်ကို အဖောက်ခံခဲ့တာပါ။ ဒါကြောင့်အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသလို ယခုလို တရုတ်-အမေရိကန် ရန်စကားပြောနေချိန်မှာ မိမိနိုင်ငံဟာ ရန်သူ့ပစ်မှတ်ဖြစ်နိုင်တဲ့အထိ စိုးရိမ်လာနေရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ ဒီပိုက်လိုင်းကို အဓိကလိုအပ်တာက တရုတ်နိုင်ငံပါ။ ဒါပေမယ့် အဘတို့ရဲ့ စီးပွါးရေးအမြင်မရှိမှု၊ ပညာမတတ်မှုကြောင့် စာချုပ်ဟာ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ မချုပ်နိုင်ခဲ့ပါ။ ပိုက်လိုင်းအတွက် မြန်မာကကြွေးတောင်တင်သွားခဲ့ပါတယ်။ ဒါကြောင့် အဘတို့ဟာ ဘာမှ မတတ်ဘူးဆိုတာကို ပြသွားပါတယ်။



နောက်ဂျင်းက အမျိုး၊ ဘာသာ၊ သာသနာပါ။ ဟိုသန်းဌေးက သူ့သားသမီးတွေ အနောက်နိုင်ငံနဲ့မယူလို့သူက အမျိုး၊ ဘာသာ စောင့်ရှောက်သယောင် ဂျင်းထည့်သွားပါတယ်။ အချို့ကလဲ ဘုရားတွေတည်မှလို့ ထင်သူများလဲရှိပါတယ်။ NLD အစိုးရလက်ထက်မှာ နှစ်ကူးတရားပွဲတွေကို ရန်ကုန်မှာ ကွီးဖြိုးကခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါတယ်။ အဘတို့လက်ထက် ၁၉၆၂ ကနေ ၂၀၁၆ အထိ ကွီးဖြိုးခြေဖျားမှီတဲ့တရားပွဲမလုပ်နိုင်ခဲ့ပါ။ ဘုရားတွေဆိုလဲ အသစ်တည်တာ အလေးထားပြုပြင်တာတွေ လုပ်ခဲ့ပါတယ်။ကွီးဖြိုးကဆို ကိုဗစ်ကြောင့်ရပ်ထားရတဲ့ ဗိုလ်တထောင်ဘုရားကို တပ်အမတ်၊ ဖွတ်နဲ့ PPP အမတ်တွေက ဘုရားပြင်တာကို ရန်ကုန် လွှတ်တော်မှာ စွပ်စွဲပြစ်တင်တဲ့ ကြားထဲက အမျိုး၊ ဘာသာ၊ သာသနာအတွက် လုပ်သွားခဲ့ပါတယ်။


ဒါတင်ဘဲလား? နိုင်ငံတစ်ခုမှာ ကလေးတွေ၊ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ ကျန်းမာမှ လူမျိုးမပျောက်မှာပါ။ ဒါကြောင့် NLD အစိုးရက သောင်းချီပြီး မိခင်နှင့်ကလေးကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ကျန်းမာမှ ကလေးမွေးနိုင်ပြီး အဲ့ဒီကနေ လူဦးရေတိုးပွါးပြီး လူမျိုးနဲ့ ဘာသာ သာသနာကို စောင့်ရှောက်နိုင်မှာပါ။ အနောက်နိုင်ငံတွေမှာက ထောက်ပံ့နေကြပါ။ ဒါမျိုးအဘတွေလက်ထက် ၁၉၆၂ မှ၂၀၁၆ အထိ မလုပ်ခဲ့ပါ။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ သက်ကြီး ရွယ်အိုတွေကိုလဲ ထောက်ပံ့ပေးပြီး အမျိုး၊ ဘာသာ၊သာသနာကို ထောက်ပံ့ခဲ့ပါတယ်။ အဓိကကတော့ ယခုလို ကပ်ရောဂါအချိန်မှာ လူတွေအများကြီးရောဂါမကူးအောင်လုပ်နိုင်တာ၊ မသေအောင်လုပ်နိုင်တာဟာလဲ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်လိုက်တာပါ။ ဆင်းရဲတဲ့ ပြည်သူတွေကို ထောက်ပံ့ခဲ့သလို မီတာခကိုလဲ ကိုဗစ်ကာလမှာ နည်းမျိုးစုံနဲ့ လျော့ပေးခဲ့ပါတယ်။


အကျဉ်းချုပ်ရရင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ရွေးမယ်ဆိုရင်လဲ NLD ဘဲ ရွေးစရာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Aug 19, 2020

ကျန်းမာရေး ဂရုစိုက်ပါ။

Like

Myint Soe Oo
Myint Soe Oo
Aug 19, 2020

ဦးမြတ် ! ညှော်အောင် အော်ကြလွန်း၍ ဘာသာသာသနာနှင့် ယှဥ်တွဲ ရှင်းပါရစေ။

မည်သူမဆို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ၊ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ အခြေအနေ၊ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာ **သခင်**ဖြစ်ပေ။

သခင်မျိုးဟေ့ ဒို့ ဗမာ ! ! !

ကိုယ့်အားကိုယ်ကိုးမှ သခင်

အပြန်အလှန်အားဖြင့် တပါးသူအားကိုးရင် တပါးသူက သခင်၊ အားကိုးသူက ကျွန်။

သခင် နဲ့ ကျွန် ကွဲပြားအောင် ခွဲခြားနိင်ခဲ့လျှင်ဖြင့်! ! !


***အတ္တာဟိ အတ္တနော

***နာထော

(ကိုးကွယ်ရာ မြတ်ဗုဒ္ဓဘုရားရှင်၏

အဆုံးအမ {{{သာသနာ}}} )

မိမိ၏(ကံ ဉာဏ် ဝိရိယ) ကိုသာ

မိမိ ကိုးကွယ်ရာ။

မိမိ ကံ(အလုပ်)ကို မိမိ မယုံလို့ တပါးသူအကူအညီ ရလိုရငြား တပါးသူအရိပ်အောက် ဝင်ရောက်မယ်ဆိုလျှင် ??? ထိုသူများ၏ သန္တာန်မှာ ကိုယ့်ကိယ်ကို အားကိုးလိုစိတ်မရှိခြင်းကြောင့် ဗုဒ္ဓဘုရားရှင် အဆုံးအမ (သာသနာ)ကွယ်ပျောက်နေပါပြီ။

ပါးစပ်က မအော်၊ လက်တွေ့မှာ ကိုယ့်အားကို ကိုယ်ကိုး ၊ အလုပ် (ကံ)ဟူသမျှကို မိမိစွမ်းနိုင်သမျှအစွမ်း ဝိရိယဖြင့် စီမံခန့်ခွဲမှုအမှန်ပေါ်အောင် ဉာဏ် ဖြင့် ဖေါ်ဆောင်နေသူမှန်သမျှသည် လူသားစွမ်းရည်(ကံ ဉာဏ် ဝိရိယ)ပြည့်စုံသူမို့ မြတ်ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ သာသနာ သူတို့၏ ဟဒယရင်မှာတည်ပါပြီ။ ထိုသူတို့ လောကကောင်းကျိုးပေါ်အောင်ဖေါ်ဆောင်မှုသည် (လောကတ္ထစရယံ မို့) လူမှန်သမျှ နှစ်ခြိုက်ကြိုက်ကြပါသည်။ သူတို့ရင်မှာ ဗုဒ္ဓဘုရားရှင်၏ သာသာနာ (ပါးစပ်ကမအော်ပဲ) ထွန်းကားပြန့်ပွါးနေခြင်းကြောင့်ဖြစ်ပါသည်။


အမြင် ရှင်း ၍ လင်း နိုင်ကြပါစေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page