top of page
Search

အမှားပြင်ဆင်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 18, 2020
  • 1 min read

ree

စာရေးသူရေးအပြီးမှာ Intelligent Molecules က ပိုင်ရှင်တွေထဲက တစ်ယောက်က ဆက်သွယ်လာပါတယ်။ သူတို့ကုမ္ပဏီမှာ စာရေးသူရေးတဲ့ ဒါရိုက်တာသုံးယောက်သာရှိပြီး ရန်အောင်က ဒါိရိုက်တာမဟုတ်ကြောင်း လစာလဲမပေးကြောင်း ရှယ်ယာလဲ မပါကြောင်း။ အစပိုင်းမှာ ခဏလာပေမယ့်နောက်ပိုင်းမလာတော့ကြောင်း၊ သူတို့ကုမ္ပဏီနဲ့ မည်သို့မျှမပတ်သက်တော့ကြောင်းပြောသွားခဲ့ပါတယ်။


ree

စာရေးသူက ရန်အောင်ဟာ သူ့ Facebook အကောင့်မှာ ဒါရိုက်တာ ရေးထားကြောင်း ထောက်ပြခဲ့လို့ရန်အောင့်ကိုဖြုတ်ခိုင်းလိုက်ပြီး ဖြုတ်ပြီးသွားတာကိုလဲ စာရေးသူကို ပြခဲ့ပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက annual return file လုပ်ဖို့မသိတာဖြစ်ပြီး စာရေးသူကရေးတင်လို့ သူဆောင်မယ်လို့လဲ ပြောသွားပါတယ်။ သတိပေးလို့ ကျေးဇူးတင်ကြောင်းလဲ ယဉ်ကျေးစွာ ပြောသွားပါတယ်။ Intelligent Mobiles ကညီလေးတွေရဲ့ ကုမ္ပဏီ အောင်မြင်ပါစေ။ ရန်အောင်နဲ့ မပတ်သက်တာကို ရှင်းပြလို့ ရန်အောင်ရေးထားတဲ့ သူ့အလုပ်အကိုင်ကို ဖြုတ်ခိုင်းခဲ့လို့လဲ ကျေးဇူးတင်ပါတယ်။ ကိုယ်ရေးခဲ့ရတာအတွက်လဲ စိတ်မကောင်းပါ။

နောက်မှားသွားတာက spectrum ကုမ္ပဏီကို ဖျက်သိမ်းတာလို့ ရေးမိတာကို ကုမ္ပဏီက မဖျက်သိမ်းရကြောင်းရေးလာပါတယ်။ ယခုပြန်ပြီး အသစ်တင်ပေးလိုက်ပါတယ်။ spectrum ကုမ္ပဏီက လာဆက်သွယ်လို့မဟုတ်ပါ။ စာရေးသူက မှားမှန်းသိလို့ ပြန်တင်ပေးလိုက်တာပါ။ Spectrum ကုမ္ပဏီက မဖျက်သိမ်းပါ။ အလုပ်တွေ အောင်မြင်စွာ ဆက်လုပ်နေပါတယ်။ အလွန်ကောင်းတဲ့ ကုမ္ပဏီလို့လဲဖောက်သည်တွေက ပြောပါတယ်။

ယခုဆိုရင်လဲ အလိမ်ခံရသူအချို့က Mee Too movement လို Black live matters movement လို သူတို့အလိမ်ခံရတာတွေကို လိုင်းပေါ်မှာ တက်ရေးလာနေပါပြီ။ အချို့အမတ်တွေတောင် အလိမ်ခံခဲ့ရတယ်ဆိုတာသိလို့ တုန်လှုပ်မိပါတယ်။

စာရေးသူအနေနဲ့က Zarni Tike အကောင့်ကလွဲလို့ ကျန်အကောင့်တွေ ဝင်ကြည့်လေ့မရှိပါ။ ယခုဟာကသူစိန်ခေါ်လို့လိုက်ရင်း ရိုက်စားကိုသွားတွေ့တာပါ။ သူ့အမွှာဘယ်သူလဲ ဘာလုပ်လဲဆိုတာလဲ အကုန်သိပါတယ်။

စာရေးသူသိတာတွေရှိပါတယ်။ အချို့ တပ်ကိစ္စတွေက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေမိုလို့ မရေးတာရှိပါတယ်။ အချို့ကိစ္စတွေကို DASSK ရွေးနိုင်တဲ့လူမိုလို့ မရေးပါ။ စာရေးသူစဉ်းစားပါတယ်။ မာဖီးယားလို စိန်ခေါ်ရင်တော့ ရေးပါ့မယ်။ အချို့က personal attack ဘာညာဆိုပြီးပြောသူများလဲ ထရမ့်ကတရားရုံးချုပ်တရားသူကြီးရွေးရင် အဆိုပါလူရဲ့နောက်ကြောင်းကို အတိုက်အခံက လိုက်ပါတယ်။ ဒါဟာ သဘာဝပါ။ နိုင်ငံရေးပါ။ လွှတ်တော်မှ ဦတီကို အယုံအကြည်မရှိအဆိုတင်ရင် တင်သူရဲ့နောက်ကြောင်း အလိုက်ခံရပါမယ်။ ဖွတ်အမတ်နောက်ကြောင်းရေးတုန်းက ပြုံးနေပြီး လိမ်သူက ဒီမိုမိုလို့ personal attack မလုပ်ရရင် ဘယ်တရားပါ့မလဲ။

ယခုဟာက မဟုတ်တာ လုပ်ကြံရေးတာမဟုတ်ပါ။ အချို့ဒီမိုများနဲ့ အပြင်မှာမသိပါ။ unfriend လုပ်သွားလဲ ပြဿနာမရှိပါ။ နဂိုထဲက မသိလို့ပါ။

ဘယ်သူ့ကို ထောက်ခံလဲဆိုရင် DASSK နဲ့ ကွီးဖြိုးကိုပါ။ ပြီးရင် နိုင်ငံ့မျက်နှာကြည့်ပါတယ်။

စာရေးသူက ရန်သူကို အမြစ်ပြတ်သာ ချေမှုန်းတတ်ပါတယ်။ Sorry ပါ။ စာရေးသူက ဒီမိုကိုထောက်ခံပေမယ့် ဒီမိုနိုင်ငံမှာ မွေးလာသူမဟုတ်ပါ။ ဒါကြောင့် DASSK ကို ကျွန်တော်အပါအဝင် ဘယ်မိုးကျမှ မခန့်ပါနဲ့လို့ စကားအကုန်ပြောထားတာပါ။

လိုချင်တာက တပ်အတွင်းပြောင်းလဲမှု နိုင်ငံရေးပြောင်းလဲမှုသာပါ။

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Jun 18, 2020

ဆရာမြတ် က အမှာပြင်ဆင်ချက်ရေးပီး မှားမိတာတွေ ကို

အများအောင် ဝန်ခံတာ ဖတ်ရ

တော့ ျေးဇူးတင်မိပါတယ် ။


ဒီကနေ့မြန်မာပြည်က. သတင်းစာ များတော့ သတင်းသမား ကျင့်ဝတ်နဲ့မညီ အ ဘ နောက်လိုက် လူလွန်မသားများ အတွက်သာ

အလုပ်လုပ်ကြတာ ကိုကြည့်ပီး

တော့လဲ ဟိုယခင် ဟံသာဝတီ

ဦးဝင်းတင် နဲ့ သူ့ရဲ့ ဟံသာဝတီ

သတင်းစာ အုပ်စု လို တိုင်းပြည်

ကို ဦးထိပ်ထားကြတဲ့ သတင်းစာ

သမားစစ် စစ်များကို ဘယ်တော့မှ

များ ကျမတို့ ပိုင်ဆိုင်ကြရမလဲ


မျိုးဆက်ဘယ်နှစ်ဆက်လောက်အထိ စိတ်ဓာတ် များကိုပြုပြင်

ကြရ ုံးးမလဲ စိတ်မောမိပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page