top of page
Search

အမိန့်အရလား ခွေးစိတ်လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 5, 2021
  • 1 min read

ဒီနေ့ ကြည့်မြင်တိုင်မှာဖြစ်သွားတာက ဘာကိုပြသလဲဆိုရင် မအလအောက်ခြေစစ်တပ်ဟာအမိန့်အရလုပ်နေတာမဟုတ်ဘဲ သူတို့ဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်၊ ဘီလူးစိတ် ပေါက်နေတယ်ဆိုတာကို ပြသွားတာပါ။ ပုံမှန်မှာ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ရင်တောင် စစ်စည်းကမ်းလိုက်နာရပါတယ်။ ဖမ်းမိသူကို ဆေးကုပေးရ ကောင်းမွန်စွာဆက်ဆံရပါတယ်။

ဒီနေရာမှာ အလိုတော်ရိ ဘောမတွေ ပြောလေ့ရှိတာက တော်လှန်ရေးမှာ တိုက်ပွဲဖြစ်ချိန်သာတိုက် အခြားအချိန်မှာ မအလတပ်သားတွေကို မတိုက်ရဘူး၊ တပ်မိသားစုတွေကို မတိုက်ရဘူး ကိုယ့်ဘက်ပါအောင်စည်းရုံး ဘာညာဆိုတာပါ။ ဒါ့အပြင် ဒလန်ဆိုလဲ မသတ်ပါနဲ့ ဘာလို့လဲဆိုတော့ PDF က သူတို့နဲ့ စံမတူလို့ မအလတပ်လို လိုက်မလုပ်သင့်ဘူး ဘာညာပါ။ ဒါ့ထက်စိုးတာက ဘီဘီစီသတင်းထောက်အမျိုးသမီးဦးဆောင်ပြီး မန္တလေးမှာ ဒလန်စာရင်းကအမှားဘာညာဆိုပြီး လုပ်တာပါ။ အဆိုပါဒလန်နာမည်အတုက မအလရဲ့ စရဖက ဒီမိန်းမဖွလို့ရအောင် ကလေးတွေဆီ ထည့်ပေးတာပါ။

ယနေ့ကြည့်မြင်တိုင်က ကလေးတွေကို ကားနဲ့တိုက်သတ်မှုကို လေ့လာရအောင်။ ပထမဆုံးက ဒီနေရာမှာ သတင်းပေးဒလန်ရှိပါတယ်။ ဒါ့ကြောင့် ဒလန်ပါဝင်မှုရှိပါတယ်။ နောက်ကားနဲ့လူမဆန်စွာ သတ်ဖြတ်တာဟာ မအလတပ်ဟာ အထက်ကနေ အောက်ခြေအထိ လူစိတ်မရှိသော လူအများစုနဲ့ ဖွဲ့စည်းထားတယ်လို့သာ မှတ်ယူလိုက်ပါ။

ဒီနေရာမှာ စာရေးသူကို PDF က စစ်ယူနီဖောင်းနဲ့တွေ့တယ်ဆိုပါစို့။ စာရေးသူမှာလိုတာကစာရေးသူဟာ ဒီမိုဘက်က ရပ် မရပ်စဉ်းစားမနေပါနဲ့။ တော်လှန်ရေးသဘောအရ လုပ်စရာရှိတာသာ လုပ်လိုက်ပါ။ နောက်တပ်ထဲက ဗိုလ်ကြီး၊ ဗိုလ်မှူးတွေရဲ့အိမ်တွေက ပြည်သူတွေကြားထဲမှာပါ။ သူတို့ထန်တလန်ကို လုပ်ခဲ့သလို သူတို့အိမ်တွေကိုလဲ ပြန်လုပ်ကြရမှာပါ။ ဒီအချိန်မှာ နားချရမယ့်အချိန် ကုန်သွားခဲ့ပါပြီ။ ဒလန်မှားအသတ်ခံရတာ ရှိနိုင်ပါတယ်။ ဒီမိုစစ်သား မှားအသတ်ခံရတာ ရှိနိုင်ပါတယ်။ စစ်တပ်ကိုပစ်ရင်း ပြည်သူပါတယ် ရှိနိုင်ပါတယ်။ဘီဘီစီ ဗီအိုအေရဲ့ အင်္ဂလိပ်နဲ့ အမေရိကန်တပ်တောင် အာဖဂန်မှာ နောက်ဆုံးမှားပစ်တာ ရှိခဲ့ပါတယ်။ အင်္ဂလိပ် အမေရိကန်လက်နက်က တူမီးမဟုတ်ပါ။ ဒါတွေကို စိတ်ထဲမထားနေပါနဲ့။ကြည့်မြင်တိုင်က ပြည်သူတွေသေလဲ ဝမ်းနည်းကြောင်းလောက်သာ အနောက်ကပြောမှာပါ။ငါတို့ပြည်သူတွေက မိမိသမိုင်းမိမိရေးပြီး ဒလန်နဲ့ စစ်ခွေး ရဲခွေးကို အပြီးတွန်းလှန်ရမှာပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 05, 2021

ဦးမြတ်!!! အပြစ်မဲ့ ပြည်သူတွေကို

နင်းသတ် ၊ အမြစ်ပြတ်အောင် ၊ မိုက်ဇတ် ခင်းပြခြင်းဟု မြင်မိပါသည်။

ဘယ်သူတွေ အမြစ်ပြတ်မှာလဲ???

ယနေ့ စာမျက်နှာတခွင်ရှိ စာသားများအားလုံး၏ အဖြေမှာ မိုက်ဇာတ်ခင်းသူတို့ အမြစ်ပြတ်ဖို့ဆိုသည်မှာ သေချာသွားပါသည်။ ဂျီဇက်တင်မက အယ်ဖါ(Alpha ), ဘီတာ(Beta) မျိုးဆက်မှန်သမျှ ရွံသွားပါပြီ။ မုန်းတီးသွားပါပြီ၊ နာကျင်စွာ ခံစားသွားရပါတော့မည်။

စိတ်နေစိတ်ထားမျးာကွားခြားပုံကို မြင်မိသမျှ တင်ပြပါမည်။

အဝေးပြေး(ကုန်တင်/ခရီးသည်)ကား ယာဉ်မောင်းမှန်သမျှအားလုံးသည် ယာဉ်မောင်းနှင်စဉ်ကာလအတွင်း မိမိရှေ့မှောက်ဖြတ်ပြေး(သို့) ရပ်နေသော

ကြက် ခွေး ကျွဲ နွား စသည့်တိရိစ္ဆာန်များကိုမြင်လျှင် မတိုက်ခိုက်မိအောင် အတတ်နိုင်ဆုံးကြိုးစား ရှောင်တိမ်းရင်း လူသားဆန်သူတို့၏ အကြင်နာ မေတ္တာတရားကို လက်ကိုင်ထားကြပါသည်။

ယခုကြည့်မြင်တိုင်ဖြစ်စဉ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်ခြင်း ဖြစ်ပါသည်။

အထူးခြားဆုံးသော သတင်းမြင်ကွင်းကို

ရန်ကုန်ခေတ်သစ် သတင်းဌာန တင်ပြမှုအရ သိ ရပါသည်။

ဒါဏ်ရာအနာတရ ရနေသူ မောင်အာကာကျော်ကို သူငယ်ချင်းများဖြစ်သော မမြကြူကြူသင်းနှင့် မယဉ်မေအောင်တို့ကို့က ပစ်ပယ်မခွါပဲ အတူတကွ

ရထားသော( ရုပ် နှင့် စိတ် )ဒါဏ်ရာတွေကို သက်သာစေရန် ကုစားသောအားဖြင့်

ခြံရံ အနာခံ အဖမ်းခံခဲ့ကြောင်း သိရသည့်အခိုက် လူငယ်လေးများ၏

**ရဲ ဖော်

**ရဲ ဖက်

မွန်မြတ်သည့်စိတ်ထားကတော့

စံပြအဖြစ် စာတင်ညွှန်းဆိုအပ်ပါသည်။

တတ် တော်သား စိတ်ဓါတ်တွေနဲ့ကတော့?????(Nothing to Say)။

မန်းသပိတ်မှာလည်း အလားတူဖြစ်ရပ်များဖြစ်ခဲ့ပြီး သံဃာတစ်ပါးပါ ပါဝင်ပျံတော်မူခဲ့ရပါသည်။

အမှန်မြင်ပြည်သူကို မကြည်ဖြူ၊ ရန်သူအဖြစ်သတ်မှတ်၊ အပ်တိုတချောင်းမပါသူ လူငယ်များကို ရက်စက်ပြခြင်းသည် ရက်စက်သူတို့၏ မျိုးဆက်အနေဖြင့် အနာဂတ် လှပတော့မည်မဟုတ်တော့ပါ။

ဦးရည်မွန်ကတော့

လက်ဆောင်စကား ပါးခဲ့ပါပြီ။

ရန်သူကို ရန်သူလိုပဲ ဆက်ဆံရမယ်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page