အမှန်အတိုင်း
- Myat Tun Oo
- May 3
- 1 min read
အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။ နေပြည်တော်တပ်ထဲမှာက ရုရှားလုပ်တဲ၊ တရုတ်လုပ်တဲတွေနဲ့နေရလို့ အချိန်ကြာရင် သူ့လူတောင် သူ့မဲပေးဖို့က မသေချာပါ။ စစ်ရေးအရ မအလက အကုန်ပြန်သိမ်းမယ်လို့ ခဏခဏ အစည်းအဝေးမှာပြောနေပေမယ့် ဘာမှ ပြန်မရသေးတာ အားလုံးအသိပါ။ သူ့ထံကသာ အကုန်လုံးက ဝိုင်းသိမ်းနေတာပါ။ ရခိုင်ကို ဘင်္ဂလားဒေ့ရှ်ကသာ ထောက်ပို့လမ်းကြောင်း ပွင့်သွားခဲ့ရင် ချင်းပြည်ဟာ ရခိုင်ပြီးရင် ဒုတိယလွတ်လပ်တဲ့ပြည်နယ် ဖြစ်သွားနိုင်ပါတယ်။ ချင်းကအဖွဲ့က စကားသိပ်မပြောဘဲ ကြေညာချက် သိပ်မထုတ်ဘဲတိုက်တာက အားကျစရာပါ။
Comments