top of page
Search

အမေနဲ့သားက COVID 19အတွက် ဘာလုပ်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 21, 2020
  • 1 min read

ကိုရိုနာရောဂါ COVID 19 ကိစ္စဖြစ်လို့ ပြည်သူတွေက စိုးရိမ်ပါတယ်။ ဒါကနားလည်လို့ရပါတယ်။ ဒါကိုပြည်သူတွေအထဲမှာ မကူးစက်ရအောင် ဘယ်လိုကာကွယ်မလဲ။ ရောဂါလက္ခဏာရှိရင် အိမ်ထဲမှာနေတာ တစ်ယောက်အနားတစ်ယောက် သိပ်မကပ်ဘဲနေတာ အခြားဟာလေးတွေလဲရှိပါတယ်။

ဒီနေရာမှာ အထိရောက်ဆုံးကာကွယ်နည်းက လက်ဆေးတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။ ဒါဟာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလိပ်နဲ့ ဥရောပက ဆရာဝန်တွေက အတည်ပြုထားတာပါ။

ဒါပေမယ့် မြန်မာပြည်မှာကတော့ အဘတို့ဟာ လွှတ်တော်ထဲမှာ နှားခေါင်းစည်းဝတ်ပြီး သူတို့ဟာကမ္ဘာက ဘာလုပ်ရမယ်ဆိုပြီး ပြောတာကိုမသိကြောင်း မိမိထင်ရာ လုပ်ကြောင်း ပြသသွားပါတယ်။နိုင်ငံခြားမှာ ဆရာဝန်တွေသုံးတဲ့ နှာခေါင်းစည်းက တပ်ကိုယ်စားလှယ်တွေသုံးတာမျိုးမဟုတ်ပါ။ ဒါကြောင့် တပ်ကိုယ်စားလှယ်တွေအတွက် အဆိုပါ နှားခေါင်းစည်းဘိုး ပိုက်ဆံတွေကုန်သွားခဲ့သလို မိမိတို့ဟာ ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲ မသိဘူးဆိုတာကိုလဲ ပြည်သူကို ချပြလိုက်သလို ဖြစ်သွားပါတယ်။ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတတ်တယ်ဆိုတာကိုလဲ ချပြလိုက်ပါတယ်။ ဒါကို အက်ရှင်ကြည့်လိုတဲ့ အဘထောက်ခံသူအချို့ကတော့ တပ်ကမှ ရောဂါကာကွယ်ရေး လုပ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒါက ပညာရှင်တွေပြောထားတာ မဟုတ်သလို ပိုက်ဆံကုန် လူပန်းစေတဲ့ မရောင်ရာဆီလူးတဲ့ အလုပ်ပါ။ ဒါမျိုးကို ၁၉၆၂ ထဲက လုပ်ပြခဲ့လို့ တိုင်းပြည်မွဲသွားခဲ့တာပါ။ ပညာရှင်စကား နားမထောင်တတ်တာ၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု ညံ့ဖျင်းတာကို ပြသွားတာပါ။

ဒီနေရာမှာ အရပ်သားအစိုးရဟာ ပညာရှင်စကားကို နားထောင်ပါတယ်။ ရောဂါဘယ်လိုပြန့်နိုင်တယ်ဆိုတာကို ခန့်မှန်းတဲ့ model တွေနဲ့ တွက်ပါတယ်။ ပြည်သူ့ကျန်းမာရေး public health က လူတွေနဲ့ တိုင်ပင်ပါတယ်။ ယခုကျန်းမာရေးဝန်ကြီးက အဲ့ဒီနောက်ခံပါ။ သူက လက်ဆွဲနှုတ်ဆက်တာ မလုပ်တော့ပါ။နောက် ကွီးဖြိုးက သူ့ရန်ကုန်မှာ လူစုလူဝေးကို သူပိတ်လို့ရနိုင်တဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကပိတ်ပြီး social distancing ကို နယူးယောက်တို့၊ ပြင်သစ်တို့မှာလုပ်သလို ရန်ကုန်မှာ တတ်နိုင်သလောက် လုပ်ပါတယ်။နောက် လက်ရေဆေးဖို့ လူအများစုရာနေရာမှာ စလုပ်ပေးပါတယ်။ အစိုးရက ဘတ်ဂျက်မတတ်နိုင်ပေမယ့် အခြားလူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး သူတို့ရဲ့ အကူအညီနဲ့ လုပ်သွားတာပါ။ ဒါက ဘတ်ဂျက်လဲ ဖြုန်းတီးရာမရောက်ဘဲ လူတွေအတွက် အကျိုးရှိအောင် လုပ်တာပါ။ မြန်မာလူမျိုးရဲ့အားနည်းချက်က လက်ဆေးတာပါ။

ထို့အတူပါဘဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ DASSK က လက်ဆေးနည်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်ချက်အတိုင်း ဆေးပြပြီး ပြည်သူကို စံနမူနာပြသွားပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကလဲ လွှတ်တော်ထဲ အပူချိန်စစ်တာကို ကန့်လန့်မတိုက်ဘဲ အစစ်ခံပြီး အားလုံးဟာ ဥပဒေအထက်မှာမရှိဘဲ ပြည်သူနဲ့အတူဆိုတာ ပြသွားပါတယ်။

ဒီကနေ ဘာပြသလဲ။ လက်ရှိအရပ်သားအစိုးရဟာ အချိန်ယူပြီး ပညာရှင်တွေပြောတာကို နားထောင်ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးဆောင်သူတွေနဲ့ စနစ်တကျတိုင်ပင်ပြီး ပညာရှင်တွေပြောတာကိုနိုင်ငံရေးအရ ကူညီလုပ်ဆောင်ပေးပါတယ်။ ခေါင်းဆောင်မှုကိုလဲ စံပြပြခဲ့သလို စနစ်တကျ မိမိရဲ့ဘဏ္ဍာရေးခွင့်ပြုချက်ထဲကနေ ပိုက်ဆံအလေအလွင့်မရှိအောင်လဲ စီမံခန့်ခွဲတာတွေ့ရပါတယ်။

ဒီမှာတွေ့လိုက်ရတာက အမေနဲ့သားက ပညာရှင်စကားနားထောင်ပေမယ့် အချို့အုပ်စုတွေကတော့ မရောင်ရာဆီလူးပြီး ဖော်ရှိုးလုပ် နိုင်ငံတော်ဘဏ္ဍာ ဖြုန်းတတ်တာကို ပြသွားပါတယ်။ ပြည်သူများ မြင်အောင်ကြည့်ကြပါ။

Video and photo credit: MRTV and Zawwin KoZaw

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page