top of page
Search

အမေနားလည်ပါစေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 16, 2020
  • 1 min read

ကွီးဖြိုးဟာ ဝန်ကြီးချုပ်တွေထဲမှာ အတိုက်ခိုက်ခံရဆုံးပါ။ ဖွတ်ရော၊ တပ်ရော၊ မနာလိုသူတွေရောပေါ့။သူ့ရဲ့ စည်းကမ်းတကျ ဆောင်ရွက်နိုင်မှုကြောင့် ရန်ကုန်ကြီးဟာ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ ငြင်းမရတဲ့ အရှိတရားပါ။

သူဟာ DASSK ကို တိုက်မယ့်လူတွေရဲ့ရန်ကလဲ ကယ်ပေးခဲ့သူပါ။ စစ်စကားနဲ့ပြောရင် ရန်သူ့ကျည်တွေ သူ့ဘက်ပစ်အောင် ခေါင်းဆောင်ကိုမထိအောင် အသေခံ ကာကွယ်ပေးထားသူပေါ့။

အချို့ DASSK နားက ဝန်ကြီးတွေက သူတို့အသုံးမကျလို့ မအောင်မြင်တာရှိရင်လဲ ကွီးကိုအလွယ်တကူ အပြစ်ပုံချပြီး ချောက်တွန်းတာ ခံရသူပေါ့။

သူဟာ သူ့ရဲ့စာရိတ္တကောင်းကြောင်းကို လေးနှစ်ကျော် အစိုးရအဖွဲ့မှာလုပ်ပြီး သက်သေပြခဲ့သလို သူ့ရဲ့အဖွဲ့ချုပ်အပေါ်စောင့်သိတဲ့ သစ္စာကိုလဲ ပြသခဲ့ပါတယ်။ သူဟာ ဥပဒေချိုးဖောက်သူတွေကိုလဲ ဘာသာလူမျိုး မခွဲခြားဘဲ ဘယ်အဖွဲ့ကဖြစ်ဖြစ် ဘယ်လူကြီးနဲ့သိသိ အရေးယူတတ်သူပါ။ ရန်ကုန်မှာ ကိစ္စအသေးလေးတွေကနေ ဆန္ဒပြပွဲအကြီးအကျယ်မဖြစ်အောင် ထိန်းနိုင်ခဲ့သူပါ။


သူ့မှာ နှလုံးရောဂါရှိလို့ သာမန်လူသာဆို ကိုဗစ်အချိန်မှာ အပြင်တောင်ထွက်မှာမဟုတ်ပါ။ သူတို့လိုရောဂါရှိသူတွေကို နိုင်ငံခြားမှာ အိမ်ထဲမှာသာ နေခိုင်းပါတယ်။ ဒါပေမယ့် သူမနေခဲ့ပါ။ သူ့အသက်အန္တရာယ်ကို မမှုဘဲ ကိုဗစ်တိုက်ဖျက်ရေးမှာ DASSK က ပေးအပ်တဲ့တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆေးရုံအသစ်ကြီးကိုလဲ ကိုဗစ်အတွက် လူအများက မဖြစ်နိုင်ဘူးပြောတဲ့ကြားက အဖွဲ့ပေါင်းစုံကို ဦးဆောင်မှုပေးပြီး လုပ်ဆောင်ခဲ့ပါတယ်။


ဒီနေ့သူ့ကိုလူတွေဆုတောင်းကြတော့ ဘာမှန်းမသိပါ။ သူနဲ့ကလဲ အပြင်မှာမသိပါ။ အလုပ်ကိစ္စတွေနဲ့စာရေးသူက အလုပ်များနေတာလဲပါပါတယ်။ ယခုကွီးဖြိုး ပြန်နေကောင်းလာတယ်ကြားလို့ ဝမ်းသာပါတယ်။ တိုင်းပြည်အတွက် အသက်ကို ပဓာနမထားဘဲ အလုပ်လုပ်တယ်ဆိုတာ သေနတ်ကိုင်မှမဟုတ်ပါဘူး။ နိုင်ငံရေးသမားကလဲ ဒီလိုပါဘဲ။


ဘာပဲပြောပြော ကွီးဖြိုးရဲ့ လုပ်ဆောင်ချက်တွေ တိုင်းပြည်အတွက် လုပ်ပေးနေတာတွေကို ဂုဏ်ယူပါတယ်။ DASSK လဲ နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ NLD မှာ လိုနေတာက ခရိုနီနဲ့ မပတ်သက်တဲ့၊ မိုးကျမဟုတ်တဲ့၊ ထောင်ထဲကို တိုင်းပြည်အတွက်လိုအပ်ရင် ဝင်ရဲတဲ့၊ ပြည်သူအတွက်အသက်ပေးရဲတဲ့၊ သီလသမာဓိရှိတဲ့ ကွီးဖြိုးလိုခေါင်းဆောင်တွေပါ။

ကွီးရဲ့ ပုရိတ်သတ်တစ်ယောက်အနေနဲ့ ကွီးဖြိုးကျန်းမာပါစေလို့ ရင်ထဲက ဆုတောင်းလိုက်ပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


CE Myo
CE Myo
Jul 17, 2020

အမေစုနဲ့ ကွီးဖြိုး ကျန်းမာပါစေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page