top of page
Search

အမိန့်ပေးမှုအဆင့်ဆင့်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 11, 2022
  • 1 min read

တော်လှန်ရေးအစပိုင်းမှာ လူငယ်အချို့ဟာ NUG မပေါ်ခင်ကထဲက တောထဲရောက် စစ်ပညာသင်ခဲ့ပါတယ်။ NUG ပေါ်အပြီးမှာ ထပ်ရောက်လာသူများလဲရှိပါတယ်။ NUG အခြေစိုက်ရာနေရာကိုရောက်လာသူများက PDF ဖွဲ့ရာမှာ ပါနိုင်ခဲ့သလို မပါနိုင်ခဲ့သူ အချို့လူငယ်များကလဲ NUG နဲ့ဆက်သွယ်ပြီး NUG ရဲ့ ဦးဆောင်မှုအောက်ကို ဝင်ခဲ့ပါတယ်။ ဒီနေရာမှာ မအလက ချင်း၊ ကရင်နဲ့ကချင်ကနေ PDF တွေက စတိုက်မယ်လို့သာ တွက်ထားခဲ့ပါတယ်။ ဒါပေမယ့် သူတွက်သလိုမဟုတ်ဘဲ စစ်သင်တန်းတက်ခဲ့သူတွေက သူတို့ဒေသတွေကို ပြန်သွားခဲ့ပြီး သင်တန်းပြန်ပေးကာဒေသခံကာကွယ်ရေးအဖွဲ့တွေ ပေါ်လာခဲ့ပြီး မအလကို ကောင်းကောင်း ဒုက္ခပေးလာခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေဟာ စာရေးသူတို့ PDF ဖြစ်ပေါ်ရေးအတွက် ကောင်းတယ်လို့ သုံးသပ်ရမှာပါ။ ဒါပေမယ့် တကယ်မှာ PDF က ဖြစ်တည်ရုံနဲ့ လုံလောက်မှာမဟုတ်ဘဲ လက်နက်ခဲယမ်းရိက္ခာတွေ လိုလာမှာပါ။ ထို့အတွက် ဒေသခံပြည်သူတွေလိုသလို NUG လဲ လိုလာပါတယ်။ ဘာလို့လဲဆိုတော့ NUG ကသာ လက်နက်ထောက်ပံ့နိုင်လို့ပါ။ ထိုအတွက် NUG နဲ့ သတင်းဖလျယ်ရပါမယ်။ ဥပမာ မိမိမှာလူ ၁၀၀ ရှိရင် NUG ကို စာရင်းပေးရပါမယ်။ ဒါမှ NUG က ဒီလူ ၁၀၀ အတွက် လက်နက်ရိက္ခာထောက်ပံ့ဖို့ စီစဉ်နိုင်မှာပါ။ နောက် ဒေသခံ PDF တွေဟာ NUG ရဲ့ အမိန့်ကို နာခံမှု ရှိရပါမယ်။ဘာလို့လဲဆိုတော့ NUG က ငွေကြေးထောက်ပံ့တာတင်မဟုတ်ဘဲ NUG က ပြည်သူတင်ထားတဲ့အစိုးရမိုလို့ပါ။ စာရေးသူတို့ ယခုတိုက်နေတဲ့ မအလဟာ ပြည်သူ့အစိုးရအမိန့်ကို မနာခံဘဲအာဏာသိမ်းလို့ ဒီတော်လှန်ရေးဖြစ်လာတယ်ဆိုတာ ဘယ်သူမှ မမေ့ပါနဲ့။

နောက် ဒေသခံ PDF တွေဟာ NUG ရဲ့ စစ်ရေးအမိန့်နာခံမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ဥပမာNUG အောက်က PDF စစ်ဗျူဟာမှူးက စခန်းကြီးတစ်ခုကို ဝင်တိုက်ဖို့ စီစဉ်သတင်းစုဆောင်းပြီးအလစ်အငိုက်ဝင်တိုက်ဖို့ ပြင်ဆင်ချိန်မှာ NUG အောက်မရှိတဲ့ အဖွဲ့တစ်ခုက ဝင်တိုက်လိုက်လို့ မအလတပ်က လုံခြုံရေးတိုးလိုက်ချိန်မှာ စခန်းကြီးတိုက်ဖို့ ပြင်ဆင်ထားတာ ဖျက်လိုက်ရတာမျိုးလဲ ရှိပါတယ်။ ဒါက စစ်ရေးအရ ထိခိုက်တာပါ။ အခေို့ဒေသတွေမှာ NUG ရဲ့ PDF က ပြည်သူတွေအဆင်သင့်မဖြစ်သေးလို့ မတိုက်သေးပေမယ့် NUG အောက်မရှိတဲ့အဖွဲ့က စတိုက်လိုက်ချိန်မှာ မအလက ရွာမီးရှို့၊ လေယဉ်နဲ့ဗုံးကြဲလို့ လူတွေဒုက္ခသည်အဖြစ်ထွက်ပြေးရပြီး ထောက်ပို့ ခက်သွားတာလဲ ရှိခဲ့ပါတယ်။ ဥပမာ အလယ်ရွာနားက ကားလမ်းမှာ မအလတပ်ကို စမတိုက်ခင် မိမိတပ်အတွက် လက်နက်ရိက္ခာကို လချီချနိုင်အောင်စုထားနိုင်တာမျိုးပေါ့။

နောက်အချို့လက်နက်ကိုင်တွေက မအလကို တိုက်မယ်ပြောပေမယ့် သူတို့ဟာ NUG အောက်မရှိတာလဲ ရှိပါတယ်။ မိမိကိုယ်ကို စစ်ဦးစီးချုပ်တပ်ခေါ်ရင်တော့ သတိထားပါ။ နောက်ဗမာလူမျိုးတပ်မတော် ဘာညာဆိုရင်တော့ သတိသာထားပါ။

ဒီကိစ္စတွေက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဒလန်ရှင်းကိစ္စတွေ၊ အဘမုန့်ဟင်းခါးကျွေးအထူးအဖွဲ့တွေ မပါပါ။ သူတို့ကိုတော့ လှူပါ။ သူတို့က NUG အောက်မှာမရှိတာကောင်းပါတယ်။မိဘပြည်သူများက သူတို့ကိုတော့ ခြွင်းချက်အနေနဲ့ NUG နဲ့ မိတ်ဆက်ပြီး ထောက်ပံ့သင့်ပါတယ်။ ဥပမာ အာချောင်တဲ့ PPP က ကျော်ဇေယျဆို မုန့်ဟင်းခါးတစ်ပွဲ ၁၅ သိန်း စသဖြင့်ပေါ့။မိဘပြည်သူတွေက အဆိုပါအဖွဲ့တွေကို စျေးကွက်စီးပွါးရေးစနစ်နဲ့ အသုံးချနိုင်ရင် တော်လှန်ရေးက မြန်မှာဖြစ်သလို NUG အောက်မပါလို့ ဒီလိုအလုပ်တွေက လုပ်ရကိုင်ရ ပိုလွယ်လာမှာပါ။

ယခုပြောပြတာက ကမ္ဘာ့ တော်လှန်ရေးသမိုင်း မပါသေးပါ။ စစ်ဗျူဟာအရ NUG ရဲ့ ဗျူဟာမှူးအောက်မှာ PDF တွေအားလုံးရှိရင် အောင်ပွဲကြီးကြီး ဖော်လာနိုင်မှာပါ။ ဥပမာ မအလတပ်က PDF တစ်ဖွဲ့ထဲက သူ့စခန်းတစ်ခုထဲကို လာတိုက်ရင် အမြောက်ပစ်တာ ရဟတ်ယဉ်လွှတ်ရတာ လွယ်မှာပါ။ ဒါပေမယ့် PDF တွေက NUG ဗျူဟာမှူးရဲ့ အမိန့်ကို နာခံပြီး ဆယ်နေရာကို တစ်ပြိုင်နက်ထဲ မုန့်ဟင်းခါးကျွေးရင် နေရာဆယ်ခုလုံးကို အမြောက်နဲရစတ်ယဉ်စစ်ကူပေးဖို့ ခက်သွားမှာပါ။

အကျဉ်းချုပ်ရရင် NUG ကိုတိုက်ရိုက်လှူလှူ ဒေသခံ PDF ကိုလှူလှူ ကြိုက်ရာရွေးနိုင်ပေမယ့် NUG အမိန့်နာခံတဲ့ PDF တပ်ဖြစ်အောင် NUG အသိအမှတ်ပြုတာကို စစ်ပြီးဆက်လှူကြပါလို့ ပြောပါရစေ။ သင့်ကြောင့် နောက်ဘီလူးမအလတပ်မျိုး မပေါ်လာပါစေနဲ့။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page