top of page
Search

အမေစုမှပြောသော မအလအကြပ်ရိုက်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 1
  • 1 min read

အမေစုမှပြောသော မအလအကြပ်ရိုက်မှု

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိမရှိ ဘယ်မှာထားလဲဆိုတာကို မအလအနေနဲ့ ရှင်းပြဖို့က ဖိအားတွေအလွန်များပါတယ်။ အမေစုအကြောင်းကို ယခုနောက်ပိုင်း သိရဖို့ အလွန်ခက်လာပါတယ်။ မအလဘယ်သူနဲ့ဘာပြောလဲဆိုတာ သိနိုင်တဲ့လမ်းကြောင်းတွေရှိပေမယ့် အမေစုသက်ရှိထင်ရှား ရှိ မရှိဆိုတာ သိနိုင်ဖို့ခက်လာပါတယ်။ အမေစုကို နေပြည်တော်အကျဉ်းထောင်နဲ့ နေပြည်တော်စစ်တိုင်းထဲကအိမ်မှာ အရေးကြီးပုဂ္ဂိုလ်တွေ မလာခင် ရွှေ့ထားလေ့ရှိပါတယ်။ စာရေးသူအနေနဲ့ အမေစုသက်ရှိထင်ရှား ရှိမရှိ ကျန်းမာရေးကိစ္စတွေကို ဘာမှ ဝင်ပြောမှာမဟုတ်ပါ။ ဒါက မအလ တာဝန်ဖြစ်ပြီး လူသိထင်ရှား ထွက်ရှင်းရမှာပါ။

ဒါဆို ဖိအားတွေကဘာတွေလဲ။ အမေစု အသက်ရှင်ကြောင်း အထောက်အထားပြဖို့ ပြည်သူတွေကတောင်းဆိုတာရှိပါတယ်။ ပြည်သူဆန္ဒသာ လိုက်လျောခဲ့ရင် အာဏာတောင်သိမ်းမှာမဟုတ်ပါဘူး။ ပြည်သူကိုဂရုမစိုက်လို့ အာဏာသိမ်းခဲ့တဲ့ မအလပါ။

ဒါဆိုအခြားဖိအားတွေက ဘာလဲ? ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂဖိအားတွေကို မအလက ဂရုစိုက်လား? ဥရောပက ဘာမှ အမေစုအတွက်သီးသန့် လူကိုယ်တိုင်လာပြီး တောင်းဆိုတာမရှိပါဘူး။ ရှိခဲ့လည်း မအလက အဆိုပါအဖွဲ့တွေကို မကြောက်ပါ။ ခွေးဟောင်တာလောက်တောင် ထမကြည့်ပါ။ သူတို့က လက်ဝဲအစိုးရတွေများပြီး လူအခွင့်အရေးအော်ပြီး ဒေါ်နယ်ထွန်းက အီရန်ကိုဗုံးကြဲ ဗင်နီဇွဲလားကိုဝင်တိုက်လည်း ကန့်ကွက်နေလို့ မအလက ဥရောပဟာ သင်္ကြန်အမြောက်ဆိုတာသိပါတယ်။ ဒါဆိုမအလကဘယ်သူ့ကိုကြောက်လဲ။ မအလကြောက်တာက တရုတ်နဲ့ အမေရိကန်က လက်ရှိသမ္မတ ဒေါ်နယ်ထွန်းကိုပါ။

တရုတ်က မအလရဲ့ တိုင်းစစ်ဌာနချုပ်တွေကို တက်သိမ်းထားလို့ သူ့စကားနားမထောင်ရင် သူ့ဘဝပျက်သွားနိုင်တယ်ဆိုတာ သူသိပါတယ်။ အမေရိကန်ကို နိုင်ငံအနေနဲ့ကြောက်လားဆိုတော့ ယခင်ဘိုင်ဒင်အစိုးရလက်ထက်မှာ မကြောက်ပါ။ သူကဒီမိုကရေစီကိုအားပေးတယ်ဆိုပေမယ့် လေနဲ့အားပေးတာများပါတယ်။ ဒေါ်နယ်ထွန်းက ဗမာပြည်အကြောင်း ဘာစကားမှ မဟပါ။ ဒါပေမဲ့ ဘာလို့ကြောက်နေတာလဲဆိုတော့ ခန့်မှန်းရခက်လို့ပါ။ ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို ဝင်တိုက်လိုက် အီရန်ဝင်တိုက်လိုက်လုပ်ရင် နေပြည်တော်မှာ အလွန်အလုပ်ရှုပ်ပါတယ်။ ကျားဖြန့်ကိစ္စ ဖမ်းဝရမ်းထုတ်ရင်လည်း နေပြည်တော်က စီးပွားရေးပိတ်ဆို့ ဘာညာနာမည်ပျက် ကြေညာတာထက် ဆယ်ဆ ပို ကြောက်ပါတယ်။

အမေစုကိစ္စ ပြန်ဆက်ရအောင်။ မအလဟာ အမေစုနဲ့ တွေ့ဆုံပြီး အဖြေတစ်ခုရှာဖို့ မတွေ့ရင်တောင် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အမေစုကို လွှတ်ပေးဖို့ ဒါမှမဟုတ် တရုတ်စကားယူသုံးရရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ထင်သာမြင်သာအောင် သဘောတူထားတဲ့အတိုင်း လုပ်ပြဖို့ ‌အပြောခံထားရပါတယ်။ သမ္မတဦးဝင်းမြင့်ကလဲ အမေစုမပါ NLD CEC မပါဘဲ ဘာမှတ်ချက်မှ မပေးဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ အပြင်နဲ့ အဆက်ဖြတ်ထားပေမယ့် လက်ရှိနိုင်ငံရေးကို သူ့မိသားစုထံက သိသင့်သလောက်သိပုံရပါတယ်။


အမေစုကိုဘယ်မှာထားလဲ

ယခင်ရေးခဲ့သလိုဘဲ အမေစုကျန်းမာရေး၊ သက်ရှိ ထင်ရှား ရှိ မရှိကို မအလက ထွက်ရှင်းရပါမယ်။ သူကြေညာတဲ့ နေအိမ်အကျယ်ချုပ်က ယခင်ကလည်း တပ်ထဲမှာချုပ်ထားတာမို့လို့ လူသိရှင်ရှား ထုတ်ပြောတာကလွဲရင် ဘာမှ ပြောင်းလဲသွားတာမရှိပါ။

ဒါက တရုတ်နဲ့အာဆီယံကို ဂျင်းထည့်ကြိုးစားတာပါ။ အကယ်၍ သက်ရှိထင်ရှားပြမှမယ်ဆိုရင် အမေစုကို အာဆီယံသို့မဟုတ် တရုတ်ကိုယ်စားလှယ်နဲ့ ပေးတွေ့ရမှာပါ။ ပေးမတွေ့ရင်တော့ အထောက်အထားမထုတ်ပြနိုင်ဘူးလို့သာမှတ်ရမှာပါ။


ဓာတ်ပုံကအစစ်လား

ယခုမအလ ထုတ်ပြတဲ့ဓာတ်ပုံက ဓာတ်ပုံအဟောင်းပါ။ ဓာတ်ပုံကိုလိမ်ထားလို့ မေစုသက်ရှိထင်ရှားရှိလား ကျန်းမာရေးကောင်းလားဆိုတာကို ပြည်သူတွေက ပိုသိချင်တာမှာပါ။

ပြည်သူတွေအနေနဲ့က မအလလွှတ်ပေးမှ လွှတ်တာကိုစောင့်မနေဘဲ မိမိတပ်မတော် PDF ကို အင်အားရှိအောင်သာ PRF  က တစ်ဆင့် ဆက်လက်ထောက်ပံ့ပေးပါ။ မအလ အပေါ်မူတည်ပြီးအခြေအနေတွေက ပြောင်းလဲသွားနိုင်သလို လှိုင်းအသစ်တွေလည်းပေါ်လာနိုင်ပါတယ်။

ပြည်သူတွေအားလုံးသတိထားရမှာက နိုင်ငံကြီးတွေဟာ သူတို့အကျိုးစီးပွားအတွက် အီရန်ကိုဗုံးကြဲပေးချိန်မှာ မိမိပြည်သူကိုကိုယ်စားပြုမယ့် PDF လို တပ်ကြီး မရှိခဲ့ရင် အီရန်မှာလို ထိုင်ကြည့်နေရတတ်ပါတယ်။ ဒါကြောင့် တိုင်းပြည်အင်အားရှိအောင် NUG အောက်က PDF ကို ဆက်ထောက်ပံ့ပေးကြပါ။

အမေစုရှေ့နေအဖွဲ့က ဘာပြောပြော အမေစုဟာ ပြီးခဲ့တဲ့ နှစ်အပိုင်းမှာ ပြင်ပအကြောင်း ဘက်စုံမသိသေးလို့ သူမနဲ့ သမ္မတကြီး ဦးဝင်းမြင့်၊ NLD CEC တွေ တွေ့ပြီးမှသာ သူတို့ပြောတာကို ယုံကြည်ရမှာပါ။ ပြည်သူက မိမိတပ် PDF ကိုသာ ဆက်ကူပေးကြပါ။

 
 
 

Recent Posts

See All
ညွှန်ချုပ်

နိုင်ငံခြားက ညွှန်ချုပ်ဟောင်းတောင် သမ္မတကို ခြိမ်းခြောက်တာနဲ့ အဖမ်းခံရတယ်။ ဗမာပြည်က ညွှန်ချုပ်တွေ အာဏာရူး သမ္မတဖမ်း လူသတ်တာကို သေဒဏ်စီရင်နိုင်မှ ညွှန်ချုပ်တွေ အာဏာထပ်မသိမ်းရဲမှာပါ။ ညွှန်ချုပ်က သူ့အဖေက

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page