top of page
Search

အမြစ်ပြတ်မှာလား

Writer's picture: Myat Tun OoMyat Tun Oo

လူတွေမေးတာက တော်လှန်ရေးကြီး ဘယ်တော့ပြီးမှာလဲ။ နေပြည်တော်ကို ဘယ်တော့ဝင်းသိမ်းနိုင်မလဲဆိုတာတွေပါ။ ဒါတွေကို အဖြေပေးရာမှာ အတိအကျပြောဖို့ ခက်နိုင်ပါတယ်။ အချို့ကိစ္စတွေက ပြည်ပက လက်နက်ဘယ်လောက်ထောက်ပံ့မလဲ ပြည်သူတွေက ဘယ်လောက်တောင့်ခံနိုင်မလဲ ဒီမိုတွေ သွေးမကွဲဘဲ ဘယ်လောက်စုစည်းနိုင်မလဲ မအလစစ်တပ် ဘယ်လောက်မြန်မြန်ပြိုကွဲမလဲဆိုတဲ့ အချက်ပေါင်းများစွာအပေါ် မူတည်နေပါတယ်။

ဒါဆိုရင် နောက်မေးခွန်းက မအလစစ်တပ်က NUG နဲ့ PDF ကို အမြစ်ပြတ်နိုင်မှာလားဆိုတာပါ။ ဒီမေးခွန်းက ဖြေရပိုလွယ်စေပြီး စာရေးသူအသက်နဲ့ရင်းပြီး ဖြေနိုင်တဲ့မေးခွန်းတစ်ခုပါ။ ဒီမေးခွန်းကို သမိုင်းအခြေခံ၊ လက်ရှိအခြေအနေတွေကို အခြေခံပြီး ရေးပြပါ့မယ်။

မအလဟာ ယခင်ဘစိန်အစိုးရလက်ထက်မှာ AA, ကိုးကန့်နဲ့ TNLA ကို အသိအမှတ်မပြုဘူး ဘာညာဆိုပြီး ငြိမ်းချမ်းရေးလုပ်ချိန်မှာ စကန့်လန့်တိုက်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ပိုကန့်လန့်လုပ်ခဲ့ပြီး မဆွေးနွေးဘူး အမြစ်ပြတ်တိုက်မယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒါက တိတ်တိတ်လေးပြောခဲ့တာပါ။ ယခုအချိန်မှာ AA, ကိုးကန့်, TNLA တို့ အမြစ်ပြတ်လား ဘာဖြစ်သွားလဲ စာဖတ်သူများ အားလုံးသိမှာပါ။ AA ကို တိုက်ချိန်မှာ ပြည်မမှာ ဘာစစ်ပွဲမှ မရှိခဲ့တာ အားလုံးသိမှာပါ။ယခုအမြစ်မပြတ်ဘဲ မအလက အသိအမှတ်မပြု ဆွေးနွေးပွဲအတက်မခံခဲ့တဲ့ သုံးဖွဲ့ကိုလာတက်ပါဆိုပြီး အရှက်မရှိခေါ်နေတာတောင် ဟိုကလာမတက်သေးတာ အားလုံးသတိထားမိမှာပါ။ ဒါကသမိုင်းကို အခြေခံပြီး ပြောပြတာပါ။

ယခု မြေပြင်အခြေအနေကို အခြေခံတဲ့ လက်တွေ့ကိစ္စ ပြောပြပါ့မယ်။ စစ်ပွဲတိုင်းဟာ နိုင်ငံရေးနဲ့ဆက်နွယ်နေပါတယ်။ အဖွဲ့အစည်းကို အမြစ်ပြတ်တာက နိုင်ငံရေးအရသာ တိုက်နိုင်တာပါ။ မအလက တိုက်နေရာမှာ ပထမဆုံးက နိုင်ငံရေးထွက်ပေါက်မရှိပါဘူး။ NLD ကို ဖျက်သိမ်းလို့နိုင်ငံရေးအရ ထွက်ပေါက်က ပိတ်သွားပါပြီ။ ဒါ့အပြင် မအလက စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ကရင်နဲ့ ကရင်နီ(ကယား)မှာ အပြစ်မဲ့ပြည်လူတွေကို သတ်ပြနေလို့ PDF အင်အားက မစုဆောင်းရဘဲ တိုးလာနေပါတယ်။ အာဏာမသိမ်းခင် ချင်းတပ်နဲ့ ကယားတပ်မှာ တပ်သားအများကြီး မရှိခဲ့ပါ။ ယခုဆိုရင် ဝင်လာမစဲ တသဲသဲဖြစ်နေပါပြီ။ ဗမာဒေသတွေမှာလဲ NUG အစိုးရကတပ်သားသစ်စုစရာမလိုဘဲ PDF တိုင်းကိုတောင် လက်နက်တပ်ဆင်နိုင်အောင် မနည်းကြိုးစားနေရပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီး David Petraeus ရေးတဲ့ Counterinsurgency ထဲက တော်လှန်သူ လူအင်အားကို မအလဘယ်တော့မှ မဖြတ်နိုင်ပါ။ ဖြတ်လေးဖြတ်က လူအင်အားကို ဖြတ်နိုင်မှာမဟုတ်ပါ။

နောက်လူတွေရဲ့ တွေးခေါ်မှုပါ။ စာရေးသူတို့ မအလတပ် လေ့လာချက်အရ တော်လှန်ရေးကိုအများဆုံးထောက်ပံ့နေတာဟာ ပြည်ပရောက် မြန်မာတွေပါ။ သူတို့ဟာ အသက် ၃၅-၅၀ ကြားရှိပြီး ၈၈ အရေးအခင်းမှာ ၈ တန်းပတ်ဝန်းကျင်လောက်တွေပါ။ မအလကို ခံတိုက်နေသူတွေကလူငယ်တွေဖြစ်ပြီး ပြုပြင်ရေးကာလ ၁၀ နှစ်အတွင်း ကြီးလာသူတွေပါ။ တော်လှန်ရေးမှာ Gen Lee တွေရှိပေမယ့် သူတို့ဟာ အနည်းစုဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးကို ငွေကြေးစီးဆင်းမှုအရ၊ စိတ်ဓာတ်အရ မအလဟာ အနောက်အုပ်စုမပါဘဲ ဖြိုခွဲလို့ မရနိုင်ပါ။

စစ်တိုက်ရာမှာ လက်နက်နဲ့ ငွေဟာ အဓိကကျပါတယ်။ NUG ဟာ ပြည်ပက မြန်မာတွေထံက ငွေလက်ခံတဲ့ကွန်ရက်ကို မြန်မာလက်နက်ကိုင်တွေထဲမှာ စနစ်တကျတည်ထောင်နိုင်ခဲ့တယ်ဆိုတာ စရဖကသိထားပါတယ်။ ဒါဟာ KNU, KIA တို့မှာ မရှိတဲ့ နည်းလမ်းပါ။ KNU, KIA က သယံဇာတကိုအခြေခံထားပြီး UWSAနဲ့ AA က ဆေးပြားကို အခြေခံတယ်လို့ စရဖနဲ့ မအလတပ်တွင်းအစီရင်ခံစာတွေမှာ ဖော်ပြလေ့ရှိပါတယ်။ NUG ရဲ့ ကွန်ရက်ဟာ အချိန်ကြာလာတာနဲ့ အားကောင်းလာတာ တွေ့ရပါတယ်။ ဒါ့အပြင် NUG ဟာ လက်နက်လမ်းကြောင်းကို သူ့ဖာသာ တည်ဆောက်လာနိုင်တာလဲ တွေ့နေရပါတယ်။ ဒါကြောင့် ဒီလက်နက်တွေဟာ အချိန်နဲ့အမျှ များလာဖို့သာရှိပါတယ်။ ဥပမာ ယခင် ၂၀၂၁ ဇူလိုင်မှာ PDF ၁၀၀ သာ လက်နက်တပ်ဆင်ပေးနိုင်ပေမယ့် ယခုဆိုရင်တစ်သောင်းဖြစ်လာတာမျိုးပါ။ ဒါကြောင့် PDF ကို မအလတပ်တိုက်ဖို့ ပိုခက်လာစေပါတယ်။

နောက်ဆုံးက တိုက်ရည်ခိုက်ရည်ပါ။ PDF ဟာ ပေါ်လာစမှာ မိုင်းထောင်ပြေးအဆင့်ကနေ ယခုဘီးလူးစစ်ကြောင်းကိုတောင် ဝိုင်းတိုက်လာနေပါပြီ။ တိုက်ခိုက်ရေးစွမ်းရည်က မြင့်လာနေပြီး မအလကြည်းတပ်က စစ်ပန်းလာနေချိန်ပါ။ ဒါကြောင့် အမြစ်ပြတ်တိုက်ဖို့ မဖြစ်နိုင်တော့ပါ။

ယခုအချိန်မှာ မအလဟာ မြို့တွေကို လေကြောင်းနဲ့ ထိန်းထားနိုင်ပါသေးတယ်။ ဒါပေမယ့်လေယာဉ်ဆီတင်သွင်းတာကို ထိထိရောက်ရောက် ပိတ်နိုင်ခဲ့ရင် လေကြောင်းအားသာချက်က ကျလာမှာပါ။ ထိုအချိန်မှာ မအလဟာ PDF အမြစ်ပြတ်ဖို့မပြောနဲ့ သူ့မြို့မကျအောင်တောင် မနည်းထိန်းရမှာပါ။

အကျဉ်းချုပ်ရရင် မအလဟာ PDF ကို ယခုနှစ်မပြောနဲ့ နောက် ၅ ငါးနှစ်တောင် အမြစ်မပြတ်နိုင်ပါလို့ ရဲရဲကြီး အာမခံပါတယ်။ အမြစ်မပြတ်ဘဲ နေပြည်တော်အသိမ်းမခံရရင်တောင် ကံကောင်းတယ်မှတ်ပါလို့ ပြောပါရစေ။

4,261 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page