top of page
Search
အမနဲ့တိုင်ပင်ပြီးတပ်ချုပ်ကြီးလုပ်လား
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 26, 2019
  • 1 min read
အမနဲ့တိုင်ပင်ပြီးတပ်ချုပ်ကြီးလုပ်လား
ဒီစကားကိုမြန်မာပြည်ထဲမှာကုလအဖွဲ့ကလာပြောရင်ပြည်သူတွေကကုလအဖွဲ့ကိုကျပ်ပြည့်ပါ့မလားမေးခွန်းထုတ်ကြမှာပါ။ဒါမှမဟုတ်စဉ်းစားဉာဏ်နည်းလေခြင်းလို့ပြောမှာပါ။အချို့ကဆိုကုလအဖွဲ့ကိုဖွတ်ကဝယ်သွားပြီလို့တောင်ထင်မှာပါ။အရပ်ထဲမှာဆိုကုလအဖွဲ့ကိုမင်းတို့ရူးနေလားလို့ပြောကြမှာပါ။ဘာကြောင့်လဲ။
ပြည်သူတွေကတပ်ချုပ်ကြီးသာDASSK နဲ့တိုင်ပင်ပြီးလုပ်ခဲ့ရင်တိုင်းပြည်ဟာယခုအချိန်မှာရွှေမိုးငွေမိုးရွာနေတာကြာလောက်ပါပြီ။ဒါဆိုရင်ဘာကြောင့်ဒီလိုပြောရလဲ။ပြည်သူတွေကဘာကြောင့်ဒီလိုထင်ရလဲ။
ပထမအချက်ကဘင်္ဂါလီကိစ္စကိုဖီအာနန်အဖွဲ့ဖွဲ့ချိန်ကထဲကတပ်ကကန့်ကွက်ခဲ့ပါတယ်။အာဆာမတိုက်ခင်တပ်ကိုခေါ်တွေ့ချိန်မှာတပ်ချုပ်မအလအစည်းအဝေးမတက်ခဲ့ပါ။ဓာတ်ပုံအထောက်အထားရှိပါတယ်။ဒုတပ်ချုပ်သာတက်ခဲ့ပါတယ်။သူ့အကြောင်းပြချက်ကကာလုံမဟုတ်လို့ပါ။အဲ့ဒီအချိန်မှာသူ့ကိုသက်တမ်းမတိုးပေးလို့ရန်ရှာနေချိန်ပါ။DASSK နဲ့ယခင်ကလိုနှစ်ယောက်ထဲမတွေ့တာသူ့သက်တမ်းကိစ္စသမ္မတလက်မှတ်မထိုးကထဲကပါ။
နောက်အဲ့ဒါမတိုင်ခင်ကNLD ကမျိုးရန်နောင်သိမ်းကိုသူ့ကိုအပြစ်ပြောလို့တရားစွဲခဲ့ပါတယ်။နောက်ကွီးဖြိုးနဲ့အလုပ်မလုပ်နိုင်ကြောင်းစာထုတ်ခဲ့တာအာဇာနည်နေ့မတိုင်ခင်ပါ။ဒါဟာအာဆာမတိုက်ခင်ပါ။သူနဲ့NLD ဆက်ဆံရေးဟာအဲ့ဒီအချိန်မှာအဆိုးဆုံးဖြစ်ခဲ့တာပါ။နောက်တပ်ဟာANP ပါတီနဲ့တွေ့ပြီးမှတပ်ပို့ခဲ့တာပါ။DASSK ပြောလို့တပ်ပို့ခဲ့တာမဟုတ်ပါ။ကုလအဖွဲ့ကြီးအနေနဲ့အဘကANP နဲ့တိုင်ပင်လုပ်တယ်ဆိုရင်တောင်ပြည်သူတွေကယုံပါမယ်။ယခုကဂျင်းထည့်နေသလိုပါ။
အခြားဘာအထောက်အထားတွေရှိလဲ။အဘသာအမစကားနားထောင်တယ်ဆိုပြည်သူတွေအနေနဲ့လွှတ်တော်မှာတပ်ကကန့်ကွက်တာခံရမှာမဟုတ်ပါ။နောက်ဦးကိုနီသတ်သူ၊ငွေပေးခိုင်းသူကိုလဲမိတာကြာနေမှာပါ။ဝီဝီ့လဲမိမှာပါ။သူပြောတဲ့စကားတွေ၊မိန့်ခွန်းတွေကိုနားထောင်ကြည့်ပါ။ဘယ်အချိန်မှာများသူကDASSK စကားကိုနားထောင်တယ်တိုင်ပင်တယ်လို့ပါပါသလဲ။
အမှန်အတိုင်းပြောရင်ဒီကိစ္စကအဘမွေးထားတဲ့ဘင်္ဂါလီဖွတ်နဲ့ကုလပေါင်းပြီးနိုင်ငံခြားခေါင်းဆောင်တွေကိုဂျင်းထည့်ကြည့်တဲ့သဘောပါ။မရတော့လဲအရင်းပေါ့။DASSK ဆိုတာကြောက်တတ်သူမဟုတ်ပါ။ပြည်သူ့မျက်နှာကိုသာကြည့်သူပါ။ကုလ၊အဘနဲ့ဖွတ်ဘင်္ဂါလီတွေအနေနဲ့ယုတ္တိရှိရှိလိမ်ပါလို့ပြောပါရစေ။
zawgyi version
Recent Posts
See All
ညံ့ဖျင်းသူ
မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page