top of page
Search

အမည်မသိအဖွဲ့ကြောင့် တိုင်းမှူးအဆဲခံရခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 13, 2022
  • 1 min read



စာရေးသူတို့တော်လှန်ရေးမှာ ခေတ်စားတာက အဖွဲ့လိုက်ကြေညာချက်ထုတ်တာ ပြီးရင် ပုံတင်တာ ဗီဒီယိုတင်တာပါ။ ဒီဟာက မအလထောက်လှမ်းရေးကို သတင်းရစေပါတယ်။ ဒီထက်ဆိုးတာက ပြည်တွင်းက ဘီဘီစီမြန်မာပိုင်းနဲ့ အခြားမအလက ခွင့်ပြုထားတဲ့ သတင်းထောက်အချို့ကို အင်တာဗျူးပေးတာပါ။ ပြီးရင်အဆိုပါအဖွဲ့က အဖမ်းခံရပါတယ်။ စာရေးသူတို့က သတိပေးလဲ သူတို့က ပြည်တွင်းကနေ ထပ်အင်တာဗျူးပေးပါတယ်။ ပြီးရင်ထပ်အဖမ်းခံရပါတယ်။

စာရေးသူတို့က ပေါက်ကွဲမှုဖြစ်ရင် တပ်ထဲမှာ ဘယ်လောက်လှုပ်ရှားသွားလဲ အထက်က စရဖကိုတိုင်းမှူးကို ဘယ်လောက်ဆဲလဲဆိုတဲ့အပေါ်မှာ  မူတည်သုံးသပ်ပါတယ်။ ဥပမာ လူတစ်ယောက်အပစ်ခံရတယ် မအလက ဂရုမစိုက်ဘူး ဗုံးကွဲတာကို အေးဆေးဆိုရင် ဒါက မအလလုပ်တာပါ။ ပြာနေရင်တော့ သူခံနေရတာ သေချာပါပြီ။ ယခုမြေနီကုန်းဗုံးမှာ လူသေတာကို မအလရဲ့ စရဖက ဘီဘီစီမြန်မာပိုင်း၊ ပေါ်ပြူလာနဲ့ Neo Politics သတင်းထောက်တွေကနေ ဘယ်အဖွဲ့လဲ လိုက်စုံစမ်းနေပါတယ်။

မြေနီကုန်းက ဗုံးပေါက်တာက ဘယ်သူမှန်းမသိပေမယ့် မအလအမျိုးအိမ်ဗုံးပေါက်တာက မအလရဲ့ မော်စကိုအထိ အတိုင်ခံခဲ့ရပါတယ်။ HTY ကလို့ ကြေညာပါတယ်။  ရန်သူက ရန်ကုန်မှာ နေရာစုံ ဗုံးထောင်နိုင်အောင် မင်းေ_ာက်သုံးမကျဘူးလားဆိုပြီး မော်စကိုကနေ လှမ်းဆဲနေပါတယ်။ဩဂုတ်လအကုန်မှာ ရန်ကုန်မှာ ဘာသံမှ မကြားချင်ဘူးဆိုပြီး အမိန့်ပေးထားပါတယ်။ ဆက်ပေါက်ရင် တိုင်းမှူးအဖြုတ်ခံရမှာပါ။

ဒီနေရာမှာအချို့က မြေနီကုန်းက အရပ်သားထိလို့ အသနားပိုသူများ ရှိပါတယ်။ စာရေးသူလဲစိတ်မကောင်းပါ။ ဒါပေမယ့် သူတို့ကို သတိပေးထားတဲ့ကြားက စစ်တပ်ကင်းနားသွားလို့ထိတာကမတတ်နိုင်ပါ။ ထိုဗုံးတွေကြောင့် မအလတပ်က တစ်မြို့လုံး ဗျာများခဲ့လို့ မအလအမျိုးအိမ်လုံခြုံရေးလွတ်သွားတာပါ။

အချို့က မြို့ပေါ်မှာလုပ်တာမကြိုက်တဲ့ Gen Lee များ Gen Lee သတင်းထောက်များ ရှိပါတယ်။စာရေးသူတို့ ကချင်မှသည် တနင်္သာရီအထိ၊ ရခိုင်မှသည် ရှမ်းအထိ မအလတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက် မီးရှို့တာကို ပြည်သူတွေခံနေရတာပါ။ ယခုလို မအလအုပ်ချုပ်တဲ့မြို့ပြမှာ ယခုလိုလုပ်ပြနိုင်တာက သူတိုင်းရင်းသားဒေသမှာလုပ်တာကို ၁% တောင် လက်စားချေနိုင်ခြင်း မရှိသေးပါ။ယခုအချိန်မှာ ဘယ်ဒီမိုအဖွဲ့ကမှ မအလထောက်ခံသူနေတဲ့အိမ်၊ ရပ်ကွက်တွေကို မအလလုပ်သလို ဗုံးထောင်တာ၊ မီးရှို့တာ မရှိပါ။ ယခုဟာကလဲ မအလတပ်ကင်းကိုလုပ်တာကို အဲ့ဒီနားကဖြတ်လို့ဖြစ်တာပါ။

အကျဉ်းချုပ်ပြောလိုတာက အမည်မသိအဖွဲ့အနေနဲ့ လုပ်နေတာတွေက မှန်နေပါတယ်။ အသံလုံလုံ ခြေသံလုံလုံနဲ့သာ ဆက်လုပ်ပါ။  HTY လဲ တော်နေပါတယ်။ ဩဂုတ်လကုန်အထိ ဆက်ကွဲနေရင် မအလက တိုင်းမှူးကိုဖြုတ်ပြီး ပုသိမ်ကအကောင်နဲ့ အစားထိုးပါမယ်။ မအလကတော့ ရန်ကုန်ကို ဩဂုတ်အကုန်မှာ ဗျောက်သံငြိမ်းဖို့ အမိန့်ပေးလိုက်ပါပြီ။ ပြည်သူတွေက မအလကို ကျရှုံးအောင်သာ ဗျင်းရမှာပါ။ ဒါကြောင့် အမည်မသိအဖွဲ့က ဆွဲလုံးလေးတွေနဲ့ မအလရဲ့ အသဲနှလုံးတွေကို ဆက်ဝုန်းနိုင်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page