top of page
Search
  • Writer's pictureMyat Tun Oo

အဘ၊ ICJ နှင့် ရေနံကုမ္ပဏီများ


မအလက စစ်ရာဇဝတ်မှုကျူးလွန်လို့ တိုင်းပြည်အနေနဲ့ ICJ မှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ DASSK ကပြည်တွင်းက တရားစီရင်ရေးနဲ့ အရေးယူကြည့်အုံးမယ်လို့ ပြောထားခဲ့တယ်။ ဒါပေမယ့် အာဏာသိမ်းအပြီးမှာ ပြစ်မှုကျူးလွန်သူက အာဏာသိမ်းထားလို့ ဒီလိုင်းက ခုခံလို့မရတော့ဘူး။

ICJ က ထုံးစံအတိုင်း အမှုခေါ်တယ်။ မအလက သူ့အဖွဲ့လွှတ်ပြီး လျှောက်လဲချက်ပေးမယ်ပေါ့။ ဒါပေမယ့် သူ့ကို မြန်မာနိုင်ငံကိုယ်စားပြု မပြုဆိုတာက ပြဿနာစတက်လာပါတယ်။ ICJ အမှုကတရားမမှု။ ယခုနိုင်ငံဘက်က ကိုယ်စားပြုလျှောက်မယ့်လူက နှစ်ယောက်ဖြစ်လာပြီ။ ဒါကို ICJ ကဆုံးဖြတ်ရမယ်။ မအလအနေနဲ့က အာဆီယံအစည်းအဝေး မတက်ရလဲ ပုံမှန်ပြဿနာက အရှက်ကွဲရုံကလွဲပြီး သူ့ကိုတိုက်ရိုက်မထိဘူး။ ICJ က ပြဿနာရှိလာတယ်။ ဘာလို့လဲဆိုတော့ ဦးကျော်မိုးထွန်းကိုလက်ခံလိုက်လို့ သူကပြစ်မှုကျူးလွန်ထားပါတယ်။ ကျွန်တော်တို့ တည်ဆဲဥပဒေအရ ပြစ်မှုကျူးလွန်သူ မအလက ပုန်ကန်အာဏာသိမ်းထားလို့ အရေးယူ မရပါဘူးဆိုရင် ဟိုကအမိန့်ချမယ်။ မအလက မလိုက်နာရင် ကုလလုံခြုံရေးကောင်စီကို လွှဲမယ်။ အဲ့ဒီမှာ တရုတ်နဲ့ ရုရှားကဗီတိုလုပ်ရင် မြန်မာတစ်နိုင်ငံထဲမဟုတ်ဘဲ OIC နဲ့ပါ မျက်နှာပျက်ရမှာပါ။ ဒါကြောင့် နိုင်ငံရေးအရ ပြဿနာပိုကြီးသွားနိုင်လို့ မအလပြေးပေါက်ပိတ်မယ့်ကိစ္စပါ။ အချို့က တိုင်းပြည်နာမယ် ဘာညာဆိုရင် ဒါကိုမေ့လိုက်ပါ။ ရိုဟင်ဂျာကိုပြန်ဝင်ခိုင်းခိုင်း ဘာလုပ်လုပ် ဒါက ရခိုင်တိုင်းရင်းသားတွေက ရခိုင့်နိုင်ငံတော်မှာ လွတ်လပ်စွာဆုံးဖြတ်ရမှာပါ။ စာရေးသူတို့က ဖယ်ဒရယ်ကို ဦးတည်လို့ သူတို့ပြည်နယ်တွေမှာ ဝင်မစွက်တဲ့စိတ်ကို မွေးရပါမယ်။ ဥပမာ ရှမ်းပြည်မှာ ဝ က ပြည်နယ်တောင်းတာဟာ ရှမ်းသဘောတူရင် သူတို့အချင်းချင်းပြေလည်ရင်ပြီးပါတယ်။ ကြားထဲက ဗမာဝင်ပါစရာမလိုပါ။ ICJ ကိစ္စကတော့ နိုင်ငံကိုယ်စားပြုမှု မရရအောင်လုပ်ဖို့ ဝဏ္ဍမောင်လွင်ကို အစည်းအဝေးမှာ ပြောထားပါတယ်။ အကယ်၍ ဦးကျော်မိုးထွန်းကိုသာ ကိုယ်စားပြုခွင့်ပေးခဲ့ရင် အသိအမှတ်ပြုမှုရော၊ ဟိုကသူ့ကို အဆင်းဘီးတပ်ပေးမှာရော နှစ်ခုကိုရင်ဆိုင်ရမှာပါ။ အကယ်၍ သူက အမှုကို ကိုယ်စားပြုခွင့်ရခဲ့ရင်လဲ သူ့ပြဿနာ သူရှင်းရတဲ့သဘောသာ ဖြစ်မှာပါ။ စာရေးသူတို့မှာ အရှုံးမရှိပါ။ ဒါပေမယ့် NUG က ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အနေနဲ့ ရှင်းခိုင်းမယ်ဆိုချိန်မှာ မအလ ခေါင်းစားသွားခဲ့ပါပြီ။

နောက် ရေနံကုမ္ပဏီတွေ ထွက်မယ့်ကိစ္စပါ။ ရေနံကုမ္ပဏီတွေက ပါဝါကြီးပါတယ်။ သူတို့ကို နဝတလက်ထက် ထွက်ဖို့စည်းရုံးတာ နှစ်ပေါင်း ၂၀ ကျော် မအောင်မြင်ခဲ့ပါ။ ယခု NUG လက်ထက် NUG အစိုးရဖွဲ့တာ တစ်နှစ်မပြည့်ခင် ထွက်မယ်လို့ ထကြေငြာတာက မဟာအောင်မြင်မှုပါ။ ဒီနေရာမှာ သူတို့ထွက်လဲ စစ်ကောင်စီက ဝင်ငွေရနေမှာဘဲဆိုပြီး ပြောသူတွေရှိပါတယ်။ အချို့စီးပွါးရေးပိတ်ဆို့မှုတွေဟာ ရေနံကုမ္ပဏီတွေရှိနေလို့ ဥရောပနဲ့ အမေရိကန်က အပြင်းအထန်မလုပ်တာပါ။ ယခင်က DASSK အစိုးရဖြစ်နေတာကလဲ အဓိကအကြောင်းအရင်းပါ။ ယခုကြားကခံနေတဲ့ ရေနံကုမ္ပဏီကလဲမရှိDASSK ကလဲ ကြားမခံနေလို့ မြောက်ကိုရီးယားလို စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုကလာမှာပါ။ ကမ်းလွန်ရေနံလုပ်ငန်း လည်ပတ်ဖို့က နည်းပညာလိုပါတယ်။ တကယ်ပိတ်ရင် နည်းပညာနဲ့ ပစ္စည်းက ကမ်းလွန်ရေနံတွင်းအတွက် ဝယ်ရခက်ပါမယ်။ တရုတ်နဲ့ ရုရှားကဝင်ကူရင်လဲ PDF နဲ့ တွေ့မှာပါ။

အကျဉ်းချုပ်ရရင် ICJ ကိစ္စက စာရေးသူတို့ ကိုယ်စားပြုခွင့်ရရ မရရ အနိုင်ပါဘဲ။ ရေနံကုမ္ပဏီကိစ္စကလဲ စာရေးသူတို့တစ်သက်လုံး နှစ်ပေါင်း ၃၀ နီးပါး မပိတ်နိုင်ခဲ့တာကို NUG က တစ်နှစ်မပြည့်ခင် လုပ်သွားခဲ့တာပါ။ မင်းကလဲ လူ့အခွင့်အရေးလော်ဘီသမားတွေက လုပ်နေတာပါဆိုရင် သူတို့လုပ်လာခဲ့တာ နဝတလက်ထက်ထဲကပါ။ NUG လက်ထက်မှ အောင်မြင်တာပါ။ NUG လုပ်နိုင်တာက ပြည်သူတွေကြောင့်ပါ။ PDF ကလဲ ပြည်သူပါ။ အားလုံးကိုယ့်အား ကိုယ်ကိုးပြီး လုပ်စရာရှိတာ လုပ်ကြရမှာပါ။ နောက်ဆုံးက ပြည်သူသာအဓိကပါ။

1,511 views0 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page