top of page
Search

အဘိုးအဘွားများက သတ်လိုက်သော No Vote

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 31, 2020
  • 1 min read

ရွေးကောက်ပွဲမတိုင်ခင် အဘပုက အင်တာဗျူးမှာ မဲပေးသူနည်းလာလို့ ရွေးကောက်ပွဲဟာ တရားဝင်ပါ့မလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘယ်ကမှန်းမသိသူ အဘသားများကလဲ No Vote လှုပ်ရှားမှုနဲ့ ကြိုးစားပါတယ်။ မအောင်မြင်ခဲ့ပါ။ အဲ့ဒီနောက် ကိုဗစ်က အနောက်တံခါးကထဖြစ်ပါတယ်။ ကိုဗစ်ရန်ကုန်ရောက်ချိန်မှာ အဘနားက ပါတီများက ရွေးကောက်ပွဲရက်ရွှေ့ဖို့ ထပ်ကြိုးစားပါတယ်။ ယခုဘာမှ မအောင်မြင်ဘဲ နိုဝင်ဘာ ၈ ကို ရွေးကောက်ပွဲဆက်လုပ်ဖို့ ကြိုတင်မဲတွေ စပေးနေကြပါပြီ။ ပထမဆုံး အသက် ၆၀ ကျော်တွေ ကိုဗစ်ကြောင့် ကြိုတင်မဲ စပေးချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းဟာ မြန်မာလူမျိုးများရဲ့ နိုင်ငံရေးရေချိန်ကို ပြလိုက်ပါတယ်။ Facebook မှာ အသိမိတ်ဆွေများက သူတို့မဲပေးခဲ့ကြောင်း တင်ကြတာတွေ တွေ့ရပါတယ်။ အားလုံးမဲပေးလို့ ကျေးဇူးပါ။ ယခုလိုအဘိုးအဘွားတွေက စံနမူနာ မဲပေးပြလိုက်လို့ ၁၈ နှစ်ကျော်လေးတွေလဲ သူတို့သမိုင်း မရိုင်းအောင် မဲလာပေးကြမှာ သေချာပါတယ်။


ဒီနေရာမှာ လူအများနဲ့ ရွေးကောက်ပွဲလုပ်တာဖြစ်လို့ အချို့နေရာတွေမှာ လိုအပ်ချက်အချို့ ရှိနိုင်ပါတယ်။ အောက်ခြေက ဝန်ထမ်းတွေဟာ ရွေးကော်အတွကိ ရွေးကောက်ပွဲနေ့မှာသာ အလုပ်လုပ်သူများပါ။ ဒီကိစ္စနဲ့ ရွေးကော်ကို အကြီးအကျယ်အပြစ်မတင်ဘဲ တပ်ကြိုတင်မဲကိုသာ ဂရုစိုက်ပါလို့ ပြောပါရစေ။ စာရေးသူအနေနဲ့က တပ်ကြိုတင်မဲက ခိုးဖို့ပိုလွယ်လို့ ဂရုစိုက်စေချင်တာပါ။

တပ်ထဲမှာ ကြိုတင်မဲပေးချိန်မှာ NLD ကိုယ်စားလှယ်ကို မတွေ့လို့ပါ။ မြန်မာပြည်နဲ့ တချိန်ထဲမှာ အမေရိကန်မှာလဲ ရွေးကောက်ပွဲလုပ်နေပါတယ်။ ပြည်နယ်အချို့မှာ ကြိုတင်မဲပြဿနာရှိပါတယ်။ ဥပမာTexas တက္ကဆက်ပြည်နယ်မှာ ကြိုတင်မဲကို နေရာအချို့မှာသာ မဲပေးလို့ရအောင်လုပ်ထားပြီး ခက်အောင်လုပ်ထားတာပါ။ အခြားအရာတွေလဲ ရှိပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲကိုတရားမမျှတဘူးလို့ ပြောရခက်ပါလိမ့်မယ်။

အကျဉ်းချုပ်ရရင် တပ်မဲကိုသာ အဓိကထားပါ။ အနည်းငယ်မှားတာမျိုးကို ရပ်ကျေးမှာပြေလည်အောင်လုပ်ပါ။ နေရာအများစုမှာ NLD နိုင်မှာပါ။ သိပ်လူမစုပါနဲ့။ ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့ အဘကတွေ့ချင်နေလို့ပါ။

No Vote ကတော့ အဘိုးအဘွားတွေက ဒေါက်ဖိနပ်နဲ့ သတ်လိုက်ပါပြီ။ နောက် နိုဝင်ဘာ ၈ ရက်မှာ ပြည်သူအများက မဲရုံကိုသွားပြီး အသေသတ်ရမှာက အာဏာရှင်စနစ်ကိုပါ။ အားလုံး ရွှေဘိုစိတ်ဓာတ်နဲ့အာဏာရှင်ကို ဒေါက်ဖိနပ်နဲ့ တက်နင်းကြရအောင်။

News Credit : The Economist

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

5 Comments


Myat Tun Oo
Myat Tun Oo
Oct 31, 2020

Phone Myint Myint ကြားတယ်။ Facebook က ပိတ်နေတာကို။ သူတို့ ကြောက်တယ်လေ။

Like

nwayhlaing thoone
nwayhlaing thoone
Oct 31, 2020

တပ်ရဲ့ကြိုတင်မဲပေးတာကို ဘာကြောင့် ပါတီကိုယ်စားလှယ်တွေ မပါဝင်ခဲ့ရတာလဲဗျ။

Like

Myint Soe Oo
Myint Soe Oo
Oct 31, 2020

ဦးမြတ်! အောင်လကြီး ရှုံး သွားပေမယ့် မြန်မာတွေ မရှုံးပါ။ အောင်လကြီးက ရိက္ခာ မဖက်၊ သိက္ခာနဲ့ ရင်းယူပြီး မြန်မာပြည်သူတရပ်လုံးအတွက်(ရွေးကောက်အမီ လက်မ တင်လေး အချိန်မီ) ပေးဆပ်သွားပါသည်။ ငြိမ်းချမ်းရေးလိုလားနေသော လူထုအတွက် မငြိမ်းချမ်းသော ဒေသဖွား တိုင်းရင်းသားတစ်ဦးမှ လူထု အသိရအောင် သတိပေးချက် ဘဝကို ခုတုံးလုပ်ပြီး အသိပေးတရား(concept)ပြသွားပါသည်။


**************************


#အချုပ်အနှောင်ခံရရင်#

#ရှုံးမယ်#

အဓိကကျလွန်းသော main concept။ လွတ်လပ်မှသာ တန်းတူညီ မျှ ၊ မျှတမှု #အမျှ#

အသီးသီး **ဝေ**ဆာ၊ ခံစားသုံးဆောင်ရပါမည်။ မလွတ်လပ်သမျှ တန်းတူညီမျှ ဖက်ဒရယ် မည်သို့လွယ်ပါအံနည်း။

ဒါပေမယ့် ရင်ထဲက ယုံကြည်ချက်နဲ့ယှဥ်သော ဆန္ဒ ကိုတော့ ချုပ်နှောင်ဖို့ မလွယ်ကြောင်း ရွှေဘိုလူထုက အတည်ပြု ပြဌာန်းခဲ့ပါပြီ။


**************************


***ယှဥ်ပြိုင်ဖက်သည် တဖက်သူ၏ ဟာကွက် ပျော့ကွက်ကို ရှာဖွေ ထိုးနှက် တိုက်ခိုက်ပြီး အနိုင်ယူခြင်း***။

အမျိုး ဘာသာ သာသနာ???

သွေးရော၊သွေးနှော???

၄တန်း မအောင်သူများနှင့် ထောင်ထွက်တွေ???

ဆေးရုံ နှင့် မဲရုံ???

သီးခံခြင်းဟူသော လူသားဆန်သူတို့ ကျင့်သုံးရသော တရားအပေါ် ပျော့ကွက်အထင်ဖြင့်**မိုက်ရိုင်း၊စော်ကားသမျှ**တန်ပြန်အကျိုး အနေဖြင့်???

တစ်မဲ ရရ၊ နှစ်မဲ ရရ၊ ရသလောက်ယူမယ်။ ပေါက်၊ ပုဂံညောင်ဦး။ သက်သေခံ။ အသက်ကြီးသူတို့၏ အသိ သတိ(ချို့တဲ့မှု ဟာကွက် ပျော့ကွက်)အပေါ် ချုပ်ကိုင် အနိုင်ယူခြင်း???


မနိုင် နိုင်အောင်

ယုတ်မာမှုတွေနဲ့

ကမ်းကုန်အောင် လုပ်ကြလိမ့်မယ်။

ကို မင်းကိုနိုင်


**************************


***CV 19 ကူးစက်ခံရပြီးလျှင် နလံထူ အောင်ပွဲယူရန် မလွယ်သေးကြောင်း၊ အားအင်မှန်သမျှ ချို့တဲ့ သွား တတ်ကြောင်း***

#သိက္ခာနဲ့ရင်းပြီးပေးဆပ်မှု#

***ခု ဦးကြီးတို့ ဒေါ်ကြီးတို့ အလုပ်အကိုင်တွေကောင်းပြီး ၊…


Like

Phone Myint Myint
Phone Myint Myint
Oct 31, 2020

ကပစ ၆ ကို Share လိုက်မိလို့ FB က သုံးရက်ပိတ်တယ်တဲ့။

Like

Albert Wint
Albert Wint
Oct 31, 2020

ဒီတခါအနင်းခံရတာ ပြန်မဖောင်းနိုင်တော့ဘူး ပြားပြီ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page