top of page
Search

အဘ ဘယ်လမ်းရွေးမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 21, 2024
  • 1 min read

အဘက ဘောပွဲကြည့်နေလို့ အဘက အေးဆေးလို့ မထင်ပါနဲ့။ ဟစ်တလာ၊ ကဒါဖီလဲ ထို့အတူ ဆဒမ်ဟူစိန်လဲ အမေရိကန်မြို့ထဲဝင်လာခါနီးအထိ အေးဆေးဆိုပြီး ဆိုက်ဝါးလုပ်ခဲ့တာမမေ့ပါနဲ့။ ဒီနေရာမှာ မအလမှာ ဘာဖိအားတွေရှိနေသလဲ?

မအလထံမှာ ရှိနေတဲ့ဖိအားက အမေရိကန်ပိတ်ဆို့တာ၊ ICJ /ICC မှာ တရားစွဲခံ၊ ဖမ်းဝရမ်းထုတ်ခံရမှာတွေကို ဖိအားအနေနဲ့ စာထဲမှာ စာရေးသူက ထည့်မရေးပါ။ လက်တွေ့ကျတဲ့ ဖိအားတွေကိုသာ ရေးပြပြီး သုံးသပ်ဆွေးနွေးမှာပါ။

မအလရဲ့ အကြီးဆုံး နိုင်ငံခြားဖိအားက တရုတ်ထံကပါ။ တရုတ်ဟာ ညီနောင်သုံးဖော်ကို အပစ်ရပ်ရာမှာ မအလက ကြားဝင်ပေးဖို့ပြောချိန်မှာသာ ဝင်တာပါ။ အာရှသဘောအရ သူကအကြံပေးရာမှာ ပြည်တွင်းရေးကို အဖွဲ့အားလုံးတွေ့ဆုံပြီး ဖြေရှင်းရမှာဖြစ်ကြောင်း သူကလိုအပ်ရင် ကူညီပေးမှာဖြစ်ကြောင်းသာ ပွဲတိုင်းမှာပြောလေ့ရှိပါတယ်။ နောက်လက်တွေ့ဖိအားက ကျားဖြန့်လုပ်သူတွေကို သူ့ထံလွှဲခိုင်းတာပါ။ မအလက သူတို့ကိုနေပြည်တော်ရွှေ့တာ တရုတ်သိပါတယ်။ မအလက သူတို့က မြန်မာနိုင်ငံသားဖြစ်လို့ မြန်မာဥပဒေနဲ့သာ အရေးယူမယ်လို့ တရားဝင် ရာပြည့်ကတဆင့် အကြောင်းပြန်သလို နိုင်ငံခြားရေးဝန်ကြီးထံကလဲ ထိုအတိုင်းသာ အကြောင်းပြန်ထားတာပါ။

တောင်ပိုင်းမှာလဲ ထိုင်းက ကျားဖြန့်ကို နှိမ်နင်းဖို့ဖိအားပေးထားပြီး သူက စောချစ်သူကို မဖမ်းရဲအောင် အားနည်းနေလို့ ထိုင်းက သူ့အကြောင်းသိလာရင် တရုတ်လိုလုပ်လာမှာလဲ သူ့မှာစိုးရိမ်နေရပါတယ်။

အကြီးဆုံးဖိအားကတော့ ပြည်တွင်းကပါ။ သူရဲ့ဆန့်ကျင်ဖက်မှာ NUG/PDF က ဗမာဒေသမှာ ဖိအားပေးထားပြီး အခြားဒေသမှာက ERO တွေက ဖိအားပေးထားပါတယ်။ အတွင်းမှာက တပ်တွင်းဦးဆောင်မှုညံ့ဖျင်းလို့ သူ့အောက်ခြေတပ်မှူးတွေက သူ့ကိုထွက်စေချင်နေပြီး ဖွတ်အချို့နဲ့ မဘသကတောင် ထောက်ခံမှုက ကျလာပါပြီ။ ဒါဆို အဘမှာ ဘာရွေးစရာလမ်းတွေရှိလဲ?

သူရည်ရွယ်ထားတာက ရွေးကောက်ပွဲလုပ်မယ် ဦးမင်းအောင်လှိုင်ထံ အာဏာလွှဲဖို့သာပါ။ ဒါဆိုရင် တရုတ်ပြောသလိုလုပ်သလိုဖြစ်ပြီး သူလဲအဆင်ပြေမယ်ပေါ့။ ဒါပေမယ့် လက်တွေ့မှာ အလွန်ဆုံးက ရန်ကုန်၊ မန္တလေးမြို့အချို့၊ နေပြည်တော်နဲ့ ဧရာဝတီလောက်သာ ရွေးကောက်ပွဲလုပ်နိုင်မှာပါ။ ဒါက နိုင်ငံရေးအရ ဘာမှမပြောင်းလဲနိုင်သလို ဗိုလ်မအလမလုပ်နိုင်တာကို ဦးမအလက ဘာမှပိုတိုးလုပ်နိုင်မှာမဟုတ်ပါ။

ဒုတိယလမ်းက ဒုတပ်ချုပ်ကိုအာဏာပေးပြီး သူ့မိသားစု ရုရှား/တရုတ်ကို ထွက်ပြေးမှာလားဆိုတာပါ။ သူ့မှာဖိအားတွေများနေတာမှန်ပေမယ့် ဒုတပ်ချုပ်က DASSK ကို လက်ခံပြီး NUG ကို အသိအမှတ်ပြု တပ်ကို အလုံးစုံ NUG အောက်အပ်မှသာ ပြေလည်မှာပါ။ မဟုတ်ရင် ဒုတပ်ချုပ်တက်လဲ မအလတပ်ဟာ ဆက်ရှုံးနေမှာဖြစ်ပြီး ဒုတပ်ချုပ်က အာဏာသိမ်းခဲ့ရင် စာရေးသူတို့အောင်ပွဲက ပိုမြန်လာမှာပါ။

တတိယက သူနဲ့အထက်ပိုင်းကို အောက်ခြေတပ်က အာဏာပြန်သိမ်းတာမျိုးပါ။ ဒါကလဲ သူတို့က NUG ကို အာဏာအပ်မှသာ တိုင်းပြည်အဆင်ပြေမှာပါ။ ဗိုလ်မှူးချုပ်တွေ အဖမ်းခံရတာ အသတ်ခံရတာများလာလို့ ဒါဟာ ၂၀၂၁ မှာ မတွေးရဲစရာဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ ဘာမဆို ဖြစ်လာနိုင်နေပါပြီ။

နောက်ဆုံးက မအလက ဒီအတိုင်းခံချနေမှာလားဆိုတာပါ။ ရှမ်းမြောက်နဲ့ ရခိုင်မှာ အပစ်ရပ်ရင်တောင် အဲ့ဒီမှာတိုက်ခဲ့တဲ့ PDF တပ်တွေက ငြိမ်နေမှာမဟုတ်ပါ။ ထို့အတူ မအလဟာ ရှမ်းမြောက်နဲ့ ရခိုင်မှာ အချိုးကို ပြင်ရမှာပါ။ အောက်ကျို့ရမှာပါ။ ဒီအချိုးအတိုင်းဆိုရင်က စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တာပါ။ ပုံမှန်လက်နက်တွေက NUG အမာခံ PDF တွေထံ ရှေ့လပိုင်းတွေထဲ ပိုမိုရောက်လာမှာဖြစ်လို့ ဗမာဒေသတွေမှာက ယခုထက်တိုက်ပွဲက ပိုပြင်းထန်လာဖို့သာ ရှိပါတယ်။ မအလဟာ ပြည်သူ့စစ်ဖွဲ့ပေမယ့်လဲ အများစုက PDF ကို မယှဉ်နိုင်ပါ။ မေးခွန်းက မအလဟာ တရုတ်ပြောတာကို အကုန်မလုပ်ရင် တချိန်ချိန်မှာ ယခုလက်နက်ထက်ကြီးတာတွေ ထပ်ဝင်လာပြီး မအလဟာ စစ်ရေးနဲ့ ဖိအားပေးတာကို ဆက်ခံရမှာပါ။ မအလတပ်ထဲမှာ အမြဲပြောပြီး မအလကို အားမရတာက ရှမ်းမြောက်ကို ဝ က လက်နက်ပေးပြီး ဝ ကို မအလက ဗုံးမကြဲရဲတာကိုပါ။ ဒီကိစ္စက ရှမ်းမြောက်နဲ့ ရခိုင်က အပစ်ရပ်ပြီး ဝ က လုပ်သလို မအလကို သူတို့က ဆက်လုပ်မှာကို စိုးရိမ်တာပါ။ ဥပမာ ရှမ်းမြောက်က PDF ကို လက်နက်တပ်ပေးပြီး မေမြို့၊ မန္တလေးကို ဆက်တိုက်တာမျိုး ရခိုင်က သူနဲ့ဆက်စပ်ဒေသတွေ လက်နက်တပ်ပေးပြီး ချင်း၊ မကွေးမှာ စစ်အရှိန်မြှင့်လာတာမျိုးက မအလတပ်အတွက် အပစ်ရပ်လဲ ပြဿနာမပြီးနိုင်ဘူးဆိုတာကို ပြနေတာပါ။

အကျဉ်းချုပ်ရရင် မအလမှာ ထွက်ပြေးတာကလွဲရင် သိပ်ကောင်းတဲ့ ထွက်လမ်းမရှိတာကို တွေ့ရမှာပါ။ သူဘယ်လမ်းရွေးရွေး အနှေးနဲ့အမြန် သူကျဆုံးမှာပါ။ ပြည်သူတွေက ဘာလုပ်ရမှာလဲဆိုရင် လက်နက်တွေအများအပြားဝယ်နိုင်ဖို့ PRF အသင်းဝင်ပြီး NUG ကတဆင့် များများထောက်ပံ့ကြပါလို့ ပြောကြားလိုပါတယ်။ များများလှူရင် အဘဘယ်လမ်းရွေးရွေး ဖယ်ဒရယ်ဒီမိုကရေစီ မြန်မြန်ရပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Johnny JOE
Johnny JOE
Jan 24, 2024

သတိထားမိတာတစ်ခုက ့့ကချင်နဲ့ တအောင်း့ြဟာမတည့်တော့သလို အရင်က မြောက်ပိုင်း၇ ဖွဲ့ ဆိုပေမင့် ရှမ်းဟာလဲ တအောင်းနဲ့ ခပ်တန်းတန်း ဖြစ်လာတဲ့အပြင့့်အခု တလရ ရေးမှာ လုံးဝ အပြင်ထွက်နေတာဟာ စဉ်းစားစရာဖြစ်လာနေတာပါ့့့့့မင်းတို့တွေတိုက်ကြရင်း လူအင်အားလျော့မှ့့နီးစပ်ရာ ကို ငါဝင်သိမ်းမယ်ဆိုတဲ့ပဒေသရာဇ် အတွေးအခေါ်နဲ့များချောင်းနေရော့သလားဘဲ ့့

Like

Angelina Thane
Angelina Thane
Jan 21, 2024

သတိထါးမိတာ တခုရှိပါတယ် ။

အခြားမြို့တွေတော့မသိပါ ။ ကျမနေနေတဲ့

မြို့မှာတော့

ရွေးကော် ရုံး က အလံတိုင်က အလံ ကို

လွတ်လပ်ရေးနေ့ နောက်ပိုင်း ဖြုတ်ချပြီး

သိမ်းလိုက်တာ ကိုယ်တိုင်မြင်လိုက်ရပါတယ် ။

အခုထိပြန်မတင်ပါဘူး ။

ပြင်ဦးလွင်မြို့နယ် ကပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page