top of page
Search

အဘ၊ စောချစ်သူ၊ ကျားဖြန့်၊ ထိုင်းတို့၏ ဇတ်လမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 16, 2024
  • 1 min read

ထိုင်းစစ်တပ်က မအလနဲ့တွေ့တာ အားလုံးသိမှာပါ။ ဘာတွေပြောခဲ့လဲ? အစပိုင်းမှာ သိဖို့ခက်ပေမယ့် ယခုအချိန်မှာ အောက်ခြေအဆင့်ကို ညွှန်ကြားလွှာတွေရောက်လာလို့ ခန့်မှန်းလို့ ရလာနေပါပြီ။ နောက်အစည်းအဝေးက ပြောကြားချက်အချို့ကလဲ မအလက ဆွေးနွေးလာရလို့ သိပ်ပြီးထိပ်တန်းလျှို့ဝှက်မဟုတ်တော့ပါ။

ထိုင်းက မအလကိုစကားပြောလိုရင် တပ်အချင်းချင်းပြောခိုင်းတာက ပိုထိရောက်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အစိုးရချင်းစကားပြောရင် အာဆီယံက အဆဲခံရနိုင်လို့ သူတို့လိုချင်တာကို ထိုင်းတပ်ကတဆင့်မအလကိုပြောခိုင်းတာပါ။ ဒါဆိုသိပ်အသိအမှတ်ပြုရာလဲမရောက်ဘဲ သူပြောချင်တာကို တိုက်ရိုက်ပြောနိုင်တာပါ။ ဥပမာ ထိုင်းဝန်ကြီးချုပ်က မအလကိုတိုက်ရိုက်ပြောချင်ရင် အာဏာသိမ်းသူကို ကမ္ဘာကအဆဲခံပြီး လာတွေ့ရမှာပါ။ အာဆီယံကို ဂရုမစိုက်ရင်တောင် သူ့ဘဘ အမေရိကန်ကိုကျော်ဖို့ခက်ပါတယ်။ ယခုက ထိုင်းတပ်ချုပ်ကညွှန်ချုပ်အဆင့်မိုလို့ မအလညွှန်ချုပ်ကို စကားပြောခိုင်းပြီး ထိုင်းကသူလိုချင်တာရမယ်လို့ တွက်ထားပါတယ်။

မအလကိုထိုင်းက ကျားဖြန့်ကိုနှိမ်နင်းခိုင်းပြီး ထိုကိစ္စမှာ အဓိကပါဝင်တဲ့ စောချစ်သူနဲ့သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်က အရေးပါသူအချို့ကို ဖမ်းခိုင်းထားပါတယ်။ အားလုံးသိတဲ့အတိုင်း NLD အစိုးရလက်ထက်က သူတို့ကို မြို့သစ်စီမံကိန်းဖျက်ခိုင်းစဉ်က အားလုံးနှုတ်ထွက်မယ် ထလုပ်ကြတာ အားလုံးသိမှာပါ။  ဒါ ယခင်ကရေးထားတာပါ ‘ https://www.myattunoo.com/post/ရ-ဆ-င-န-လ-ဖ-င-ဖ-င-သ-မ အာဏာသိမ်းအပြီး မအလက သူတို့ကို ကျားဖြန့်ဆက်လုပ်ဖို့သဘောတူခဲ့ပါတယ်။ ဒါက ကျားဖြန့်မှာ မအလက တရားဝင်ပတ်သက်နေတာရဲ့ သက်သေပါ။ သူမဟုတ်ရင် ဖမ်းရဲရမှာပါ။ ယခုထိုင်းက ဖမ်းခိုင်းချိန်မှာ မအလအတွက်က ဘေးကျပ်နံကျပ်ဖြစ်နေပါတယ်။ သူထလုပ်ရင် သူ့ကိုပုန်ကန်မှာလဲ ကြောက်နေရပါတယ်။ ယခုမအလအကွက်က စောချစ်သူနဲ့သူ့အဖွဲ့ ထိုင်းသွားရင် ထိုင်းကိုအဖမ်းခိုင်းပြီး သူက ရူးချင်ယောင်ဆောင်ဖို့ပါ။ ဒါမှမဟုန် ကိုးကန့်ကိုလုပ်ခဲ့သလို အောက်ပိုင်းကို သူ့တပ်ထဲကလူတွေနဲ့ ဗိုလ်ကြီးအဆင့်လောက်ကအစားထိုးဝင်ပြီး အထက်ပိုင်းကို ရန်တိုက်ပြီး ရှင်းနိုင်အောင်လဲ ကြိုးစားနေပါတယ်။

ဒါပေမယ့် မအလဟာ ဒီအတိုင်းမလုပ်ပါ။ သူကထိုင်းကို KNU လဲပါကြောင်း ဒါကြောင့် ထိုင်းထဲမှာရှိတဲ့ KNU ခေါင်းဆောင်တွေကိုလဲ ထိုင်းကရေးယူသင့်ကြောင်း ညစ်တွန်းတွန်းတာ တွေ့ရပါတယ်။ မအလဟာ တရုတ်ကိုလဲ ထို့အတူ ‘ဝ’ ကလဲ ကျားဖြန့်လုပ်ကြောင်း တရုတ်မှာနေကြောင်း ဒါကြောင့်တရုတ်ကလဲအရေးယူရမှာဖြစ်ကြောင်း အစက ပြောခဲ့သူပါ။ ဒါကြောင့်တရုတ်က ဝ ဒုတပ်ချုပ်ကိုဖမ်းချိန် သူက သူ့ဖက်ကကိုးကန့်ကို မဖမ်းပြရာကနေ ကတိစကားမတည်လို့ ကိုးကန့်ကိစ္စထဖြစ်တာပါ။ ပွဲတိုင်းမှာ မအလက ကလေးအထာနဲ့ ညစ်တွန်းတွန်းတာ အားလုံးသိနိုင်အောင်ပါ။

ထိုင်းအနေနဲ့လဲ ကျားဖြန့်ကို အမြစ်ဖြတ်လိုရင် KNU နဲ့ NUG ကို လက်နက်ထောက်ပံ့ရမှာပါ။ သူတို့ကသာ MNDAA လို ကျားဖြန့်ကို အမြစ်ဖြတ်ပေးနိုင်မှာပါ။ အဘအတွက်ကတော့ ဆုတ်စူး စားရူးပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Angelina Thane
Angelina Thane
Jan 16, 2024

ကိုယ့်ရှူး ကိုယ်ပတ်

ဝဋ် ဆိုတာ တိကျတယ် ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page