top of page
Search
  • Writer's pictureMyat Tun Oo
အဘနှင့်ဘီဘီစီရဲ့ဝဋ်
Unicode version
အဘနှင့်ဘီဘီစီရဲ့ဝဋ်
ဒီကိစ္စကိုယခင်ကရေးခဲ့သလိုပါဘဲဝဋ်ကိုယုံသူရှိသလိုမယုံသူလဲရှိနိုင်ပါတယ်။
ဘီဘီစီမြန်မာပိုင်းဟာDASSK မွေးနေ့မှာသတင်းမဟုတ်ဘဲအတင်းသဘောမျိုးတစ်နေ့လုံးယုတ်ညံ့စွာတိုက်ခိုက်တာတွေ့ရပါတယ်။အင်မတန်မှသေးသိမ်ပါတယ်။သူကနိုင်ငံခြားမှာရှိနေလို့စာရေးသူတို့ဘာမှမတတ်နိုင်ပါ။
သူကသတင်းတွေဆိုလဲတစ်ဖက်ထဲမေးပြီးလွှင့်လေ့ရှိပါတယ်။ပုံမှန်ကနှစ်ဖက်အမြင်မေးရမှာပါ။လွန်ခဲ့တဲ့၄-၅နှစ်လောက်ကဘီဘီစီမြန်မာပိုင်းကိုအင်္ဂလိပ်ကမြန်မာပြည်ဒီမိုကရေစီရပြီဆိုပြီးပိတ်ဖို့ပြင်ပါသေးတယ်။DASSK ကမပိတ်ဖို့ပြောခဲ့လို့သက်တမ်းရှည်ရာကနေယခုလိုကျေးဇူးဆပ်ခွင့်ရသွားလို့ဆပ်နေတာပါ။ဘီဘီစီမြန်မာပိုင်းမှာကယခင်နေဝင်းလက်ထက်ကနေဝင်းသံအမတ်ခန့်ခဲ့လို့အင်္ဂလန်ရောက်လာသူတွေနဲ့သူပုန်အချို့နဲ့နွယ်သူအများစုပါ။ဒါပေမယ့်အဲ့ဒီဘီဘီစီကြီးကသူတို့အင်္ဂလန်မှာပါတီခေါင်းဆောင်ရွေးပွဲစကားရည်လုရာမှာမာမူကိုသေချာမစစ်ဘဲမေးခွန်းပေးမေးလို့ဝိုင်းအပြောခံရပြီးထိုပါတီခေါင်းဆောင်တွေကနောက်ပွဲကိုဘီဘီစီနဲ့မလုပ်ဖူးဆိုပြီးသပိတ်မှောက်သွားပါတယ်။မြန်မာပြည်လိုတိုင်းပြည်မှာကသူကအပြင်ကလွှင့်တာမိုလို့ဘက်လိုက်လို့ရပေမယ့်သူ့တိုင်းပြည်ထဲမှာသွားလုပ်တော့အကိုင်ခံလိုက်ရပါတယ်။CNN ကလဲအမေရိကန်မှာကလင်တန်ကိုစကားရည်လုပွဲမှာမေးခွန်းအောက်ဖူးပါတယ်။သူ့ကိုလဲထရမ့်ကသပိတ်မှောက်ပါတယ်။
နောက်ဟာကတော့အဘပုပါ။တစ်လင်တစ်မယားဥပဒေဟာအဘပုမိသားစုနဲ့ဘယ်လိုမှမပတ်သက်နိုင်လို့ထင်ရပါတယ်။ဒါပေမယ့်သူ့သားသမက်ကအငယ်လေးထားရာမှတော့ဒီဥပဒေနဲ့အရေးယူမလားကွဲလိုက်မလားစဉ်းစားရပါတော့တယ်။နာမည်တွေတော့ထည့်မပြောတော့ပါဘူး။နောက်ဆုံးသူ့သမီးကကလေးတွေမျက်နှာကိုထောက်ပြီးထောင်မချဘဲနဲ့ကွဲလိုက်ပါတယ်။ရည်ရွယ်ချက်ကဝဋ်လိုက်တာကိုသာပြောလိုတာပါ။အဘပုတို့မြေးမလေးတွေကိုအင်မတန်ချစ်ပါတယ်။သူတို့လေးတွေအတွက်စိတ်မကောင်းစရာပါ။
အချို့ကိစ္စတွေမှာဝဋ်လိုက်တာကမြန်တတ်ပါတယ်။ကန့်လန့်လုပ်နေရင်အဆင်ပြေမှာမဟုတ်ပါ။
511 views0 comments
Comments
bottom of page