top of page
Search
အဘဦးပိုင်တို့စီးပွားရေးလုပ်တတ်လား
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 14, 2019
  • 1 min read
အဘဦးပိုင်တို့စီးပွားရေးလုပ်တတ်လား
NLD အစိုးရတက်လာချိန်မှာအဘနဲ့ခရိုနီတွေပြောစကားကသူတို့ကစီမံခန့်ခွဲမှုကောင်းတယ်စီးပွားရေးလုပ်တတ်တယ်ပေါ့။ယခုနောက်ပိုင်းဖွတ်တွေကသူတို့ကစီးပွားရေးတိုးတက်အောင်ပြန်လာမယ်ဆိုပြီးရုပ်တည်နဲ့ဂျင်းထည့်လာတာတွေ့ရပါတယ်။
ယခုလွှတ်တော်မှာယခင်အစိုးရနဲ့ဦးပိုင်ရဲ့ပြည်သူအပေါ်ဂျင်းထည့်ထားတာလေးကိုလေ့လာကြည့်ရအောင်။ယခုသံမဏိစက်ရုံကိစ္စ။ကမ္ဘာပေါ်မှာသံနဲ့စတီးကအလုပ်မဖြစ်ပါ။ဒါပေမယ့်ဦးပိုင်ကဒေါ်လာ၁.၅ဘီလီယံချေးငွေယူပါတယ်။ဒါဆိုရင်စကထဲကကမ္ဘာပေါ်မှာရှုံးနေတာကိုချေးလုပ်ကထဲကရှုံးဖို့သာရှိပါတယ်။ပုံမှန်ဦးနှောက်နဲ့တွေးရင်ပေါ့။
ယခုသူလုပ်ပါတယ်။ရှုံးပါတယ်။ရှုံးချိန်မှာအစိုးရကိုထိုးအပ်ပြီးကျွေးဆပ်ခိုင်းပါတယ်။သူကကျောက်မျက်လုပ်ငန်းတွေကမြတ်ထားတာကနေသူ့ဖာသာပြန်မဆပ်ပါ။ဒါကိုအစိုးရကမဆပ်မှာစိုးလို့ဒုဝန်ကြီးကိုဂျောင်ပိတ်မေးတာပါ။ဟိုကမောင်မြင့်လိုမဟုတ်ဘဲကမ္ဘာပတ်လာသူမောင်မြင့်ထက်ပညာအများကြီးတတ်နေသူဖြစ်နေလို့ရှောင်ထွက်သွားခဲ့တာပါ။
ဒါဆိုဦးပိုင်ကဘယ်လိုစီးပွားဖြစ်ခဲ့လဲ။ယခင်ကစျေးကွက်စီးပွားရေးကဟန်ပြသာရှိခဲ့တာပါ။အဲ့ဒီအချိန်မှာဘီယာဆိုလဲစီးပွားဖြစ်တာကိုယူပြီးဆက်ထုတ်တော့မြတ်ပါတယ်။ကျောက်တွင်းတွေကလဲသူအပိုင်စီးထားခဲ့လို့အဆင်ပြေခဲ့ပါတယ်။ပြီးခဲ့တဲ့မီတာကလူတွေသိတဲ့ဦးပိုင်ရဲ့လုပ်နည်းလုပ်ဟန်တစ်ခုပါ။ဒါကြောင့်ဦးပိုင်စီးပွားဖြစ်လာတာဟာခရိုနီတွေစီးပွားဖြစ်လာခဲ့သလိုလုပ်တတ်လို့စီမံခန့်ခွဲတတ်လို့မဟုတ်ဘဲအခွင့်အရေးတွေကိုလက်ဝါးကြီးအုပ်ခဲ့လို့ပါ။
ယခုNLD လက်ထက်မှာမိုလို့အကြွေးကဒေါ်လာ၁.၅ဘီလီယံနဲ့ရပ်သွားခဲ့တာပါ။ဒါဟာယခုတိုင်ပြည်တင်နေတဲ့အကြွေးရဲ့၁ဝ% လောက်ရှိပါတယ်။ကျောင်းတစ်ကျောင်းကိုဒေါ်လာတစ်သန်း(ကျပ်သန်း၁၅ဝဝ)နဲ့ဆောက်ရင်တောင်၁၅ဝဝဆောက်လို့ရပါတယ်။ဒါကအပြန်စားပါ။ပုံမှန်အဲ့ဒီစျေးမရှိပါ။
ဒါကြောင့်၂ဝ၂ဝမှာအကြွေးများချင်ရင်ပြည်ထိုင်ခိုးကိုမဲပေးပြီးမိမိရင်သွေးတွေအတွက်အကြွေးနည်းပြီးကျောင်းဆောက်တံတားဖောက်ချင်ရင်တော့ NLD ကိုမဲပေးပါလို့ပြောပါရစေ။ယခုပြောတဲ့ဥပမာတွေကNLD ကဝကခတွေလွှတ်တော်အမတ်တွေဘာမှမလုပ်ရင်တောင်သူခိုးဖမ်းတာနဲ့တင်တိုင်းပြည်တိုးတက်လာတဲ့ဥပမာတွေပါ။
Zawgyi version
Recent Posts
See All
ဗလောင်ဆူတဲ့တောင်ငူ
လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page