top of page
Search

အဘအနားကလူနဲ့ အစ်မနားကလူ ဘာကွာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 29, 2020
  • 1 min read

ree

မနေ့က ဦးစိုးဝင်းရဲ့ စျာပနကို လိုက်ပို့သူများပြားတာကို ကြည့်လိုက်ရတာ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်။ ဝမ်းသာတာက ပြည်သူတွေက သူ့ကိုချစ်တယ်ဆိုတာနဲ့ ပြည်သူတွေရော သတင်းသမားတွေကပါ သူ့ရဲ့ အနစ်နာခံမှု စွန့်လွှတ်စွန့်စားမှုကို အသိအမှတ်ပြုကြတယ်ဆိုတာပါ။ သူဟာ DASSK ရဲ့အနားမှာ မိသားစုကို အဝေးမှာထားခဲ့ပြီး ပေးဆပ်လုပ်ကိုင်ခဲ့သူပါ။ သူ့မိန်းမကလဲ တကယ့်ကိုအင်မတန်မှ အတုယူထိုက်တဲ့ ပါရမီဖြည့်နိုင်သူပါ။ ဒါမျိုး ပါရမီဖြည့်နိုင်သူက ယခုခေတ်ကြီးမှာ ရှားပါတယ်။ သူ့သားသမီးတွေဟာလဲ ထို့အတူပါဘဲ။ အားလုံးကို လေးစားဂုဏ်ယူမိပါတယ်။ သူတို့ဟာ ရယူလိုမှုအနည်းဆုံးနဲ့ ပေးဆပ်မှုအများဆုံး လုပ်နိုင်ခဲ့တဲ့ မိသားစုပါ။ တကယ့်ကို စံပြုထိုက်တဲ့ မိသားစုပါ။


စာရေးသူဟာ သူ့အိမ်ကိုမြင်လိုက်ရချိန်မှာ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။ နိုင်ငံ့ခေါင်းဆောင်ရဲ့ လုံခြုံရေးကို လုပ်ပေးနေသူရဲ့အိမ်ဟာ ကျဉ်းကျဉ်းလေးဖြစ်နေတာ ပကာသနမပါတာမရှိတာဟာ သူ့ရဲ့တိုင်းပြည်အတွက်ပေးဆပ်မှုကို ပြသွားတာပါ။ သူက တိုင်းပြည်ကို ဘာလုပ်ပေးလို့လဲလို့မေးရင် သူဟာ DASSK ဖမ်းဆီးခံပြီးအချိန်မှ ယခုသူအသက်ထွက်ချိန်အထိ DASSK ကိုစောင့်ရှောက်ခဲ့လို့ DASSK ယခုလို တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်တာပါ။



သူက မြင့်မြတ်လို့ မနှိုင်းကောင်းပေမယ့် ပေါ်လွင်အောင် ပြောပြချင်တာက သူနဲ့ အဘရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့တဲ့ မိုင်းဖြတ်အမတ် ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းကတော့ ဝီဝီတို့ကို သိန်း ၂၀၀လောက်လှူနိုင်ခဲ့သလို ဟောင်ကောင်မှာတောင် သူ့သားသမီးကို ကျောင်းဆင်းခိုင်းနိုင်ခဲ့ပါတယ်။ ဒါကတော့ ကွာခြားမှုတွေပါ။


ပြည်သူတွေအနေနဲ့ကတော့ စံပြုထိုက်သူ၊ မိုးကျအခွင့်အရေးသမားများနဲ့မတူသူ၊ မြင့်မြတ်သောနှလုံးသားပိုင်ရှင် ဦးစိုးဝင်းကို ဦးခိုက်အလေးပြုလိုက်ပါတယ်။ ဦးစိုးဝင်းဟာ စာရေးသူတို့ရဲ့ ရင်ထဲမှာရိုးသား ကြိုးစားပြီး တိုင်းပြည်အတွက် အသက်ကို ပဓာနမထားဘဲ အလုပ်လုပ်ခဲ့သူအဖြစ် ထာဝရမှတ်တမ်းတင်ထားမှာပါ။

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jul 30, 2020

ဦးမြတ် !

ရိုးရိုး ကျင့် ၊ မြင့်မြင့် ကြံ


ဆောင်းပါးတစ်ပုဒ်မှာ မှတ်ချက်ပေးဘူးခဲ့ပါသည်။မူလတန်းသင်ရိုး၊ဘတ်စ်ကား လက်မှတ်ရောင်းကြီး၏ ဟဒယမှာရှိတဲ့ သဘာဝကို သာဓကအနေဖြင့် ဖော်ပြခဲ့ပါသည်။ ရိက္ခာအတွက် မဟုတ် ၊ သိက္ခာအတွက် ရိုးသားစွာ ကျင့် ကြံ ခဲ့ပုံ။

စာသွားအရတော့ ကျင့် ကြံ ပေါ့လေ။ လက်တွေ့နယ်မှာတော့ (စိတ်မနောမှာဖြစ်သော) အကြံ ဦးဆောင်ရာနောက် အကျင့် (ကာယ ဝစီ အလုပ်) လိုက်ရပါသည်။ တနည်းအားဖြင့် စိတ်(မနော) ဦးဆောင်ရပါသည်။

စိတ် ဖြူ လျှင် အလုပ်(ကံ) ဖြူ၍ အကျိုးပေး(အလုပ်လုပ်လျှင် လုပ်သလောက် လုပ်ခလစာရသော အကျိုးထင်သည့် နိယမအရ)ဖြူစင်ပါသည်။

သီချင်း တစ်ပုဒ်လိုပါပဲ။

လူဆိုသည်မှာ***သီလ သမာဓိ သိက္ခာ*** ပြည့်စုံမှသာ

ကြီးတဲ့သူကို ရိုသေ••• ရွယ်တူကို လေးစား•••ငယ်သူကို သနားရမှာ

လရေးနှစ်ချောင်းငင်***လူဖြစ်မှာ


လူ့အဖြစ် ရခဲကြောင်း ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ လူဖြစ်တုန်း လူပီသမှသာ လူသားအဖြစ် လူသားတို့ဘဝထဲ တဖန်ပြန်လည် ဝင်ရောက်နိုင်ပါမည်။

ရန်ကုန်နေဘူးလို့ ရန်ကုန်ကိုပြန်သွားချင်တယ်။ ရန်ကုန်သွားဖို့(အထောက်အပံ့တစ်ခုဖြစ်တဲ့ ငွေကြေး)စသော ရန်ကုန်ရောက်စေတဲ့ အထောက်အပံကောင်းတွေ မရှိခဲ့ရင် မရောက်နိုင်သလို။ အထောက်အပံကောင်းဆိုတာကလည်း ဆုတောင်း၍ မရပါ။ နတ် ကိုးကွယ် ယတြာနယ်ပယ်မှာ ကျင်လည်နေရုံမျှလည်း မရပါ။ ကံဉာဏ် ဝိရိယ လူသားစွမ်းဆောင်ရည် ရင်းမြစ်ပေါ်မူတည်ပါသည်။

အတ္တာဟိ အတ္တနော နာထော (မိမိလူသားစွမ်းရည်ကိုသာ မိမိအသုံးချ၍ မိမိကိုယ်သာ ကိုးကွယ်ရာ) ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ။


**************************


ဦးစိုးဝင်းအား မေတ္တာနဲ့ရင်း သစ္စာပန်းခင်း ဉာဏ်၌သွင်းကာ

ကဗျာတစ်သင်းဖြင့် ဂုဏ်ပြုအပ်ပါသည်။


ပြည်သူက အားထားရသူ

သူ ကြည်ဖြူ

မေတ္တာနှင့် ကူ

သစ္စာဖြူ သူ

လူပီသတဲ့ သူလို လူ။

လုံ့လတစ်မူ ဇွဲအင်အားထူ

အလေးဝန်မှန်သမျှ…


Like

naynanmyint629395
naynanmyint629395
Jul 29, 2020

ဦးစိုးဝင်းကောင်းရာ သုဂတိ

လား မှသေချာပါတယ်

တိုင်းပြည်အ​တွက်

ပြည်သူများအတွက်

လုပ်ဆောင်ခဲ့တာမို့

ငြိမ်းချမ်းစွာအနားယူပါတော့ ဦးစိုး

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page