top of page
Search

အဘအတွက် ၂၀၂၀ ဗျူဟာသစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 1, 2020
  • 1 min read

ပထမဦးဆုံးက တပ်ချုပ်မအလဟာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မလားဆိုတာပါ။ အဖြေက မပြိုင်ပါ မပြိုင်ရဲပါလို့ ပြောပါရစေ။ သူကိုကိုးကျွန်းသွားရင်တောင် သူ့ကိုအင်အားသုံးလာပြိုင်ရင် မသေချာပါ။နောက်တပ်ကို အခြားလူထံလွှဲခဲ့ရပါမယ်။ လက်ရှိဒုတပ်ချုပ်ဟာ သူ့ကိုနိုင်လောက်အောင် တပ်ကိုပြောပေးမလားဆိုတာ သူကိုယ်တိုင်မယုံပါ။ စာရေးသူတို့ဆီမှာက တစ်ဗိုလ်ကျရင် သူက မြှောက်စားထားသူတွေပါ လိုက်ကျတတ်ပါတယ်။ စောမောင်၊ ခင်ညွန့်တို့အဖြစ်ကနေ သက်သေပြပြီးပါပြီ။ နောက်လက်ရှိဒုတပ်ချုပ်ဟာ သမ္မတရူး ရူးမနေပါ။ သူ DASSK ကို ကြိုက် မကြိုက်တော့ စာရေးသူမသိပါ။ ဒါကြောင့် မအလဟာ ဖွတ်နိုင်ဖို့အတွက် တပ်ချုပ်အနေနဲ့သာ ဆက်နေသွားပါမယ်။

ဒုတိယမေးခွန်းက ခြေဥပြင်ဖြစ်မလာ:ဆိုတာပါ။ ဒါကိုအားလုံး ရှေ့လထဲမှာ သိမှာပါ။ သူတို့ပြင်လိုတာကို NLD အမတ်တွေက မှားပြီးမဲပေးရင် သူတို့ပြင်လို့ရနိုင်ပေမယ့် NLD ကပြင်လိုတဲ့ တပ်ကဆုတ်ခွါတာတို့ ၄၃၆ တို့ကိုတော့ မပြင်သေးပါ။ ထိပ်ပိုင်းတွေတွေ့တယ်ဆိုတဲ့ ကောလဟာလကို သံတော်ဆင့်ကရေးပေမယ့် အထောက်အထားမတွေ့သေးပါ။ လက်ရှိ လွှတ်တော်ထဲက တပ်အမတ်တွေရဲ့လေသံကတော့ စာရေးသူထင်တဲ့အတိုင်းသာ ရှိပါသေးတယ်။

ဒါဆို အဘရဲ့ ၂၀၂၀ ဗျူဟာသစ်က ဘာလဲ။ သူက အာဏာမသိမ်းဘဲ ရွေးကောက်ပွဲကနေ အာဏာယူဖို့ နည်းလမ်းပါ။ ပုံမှန်နည်းလမ်းနဲ့ဆို သူဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ အားလုံးသိပြီးသားပါ။

ပထမအဆင့်အနေနဲ့ ပထရမှာ သူ့ကိုလုံးဝသစ္စာခံသူကို ခန့်လိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ပုံမှန်ဆို တပ်စည်းကမ်းအရ ၂၀၂၀ မတ်လမှာ အငြိမ်းစားယူရမှာပါ။ ဒါကို ဝန်ကြီးခန့်လို့ မအလကျေးဇူးက ဒီလူ့ထံမှာ ရှိသွားပါပြီ။ နောက်ပြီးတော့ သူ့သားကုမ္ပဏီတွေရဲ့ ကြီးမားတဲ့ လုပ်ငန်းတွေ ငွေကြေးတွေရဲ့နောက်ကြောင်းကလဲ မအလသားနဲ့တူနေလို့ ကိုင်ချင်ရင်လွယ်ပါမယ်။

ပထရဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ကြောင်းကို စစ်ရပါတယ်။ ပြီးမှ ရွေးကော်က အတည်ပြုပါတယ်။ ဒါကြောင့် NLD အနေနဲ့ ပထမကိုယ်စားလှယ်အပယ်ခံရရင် ဘယ်သူ့ကိုဒုတိယရွေးမလဲ အခြားဘယ်ပါတီကို ထောက်ခံမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရပါမယ်။

နောက် ယခုတလောမှာ အမျိုး ဘာသာ သာသနာဆိုပြီး နိုင်ငံခြားမှာဆိုရင် လူမျိုးရေးအစွန်းရောက်ဆိုပြီး အဖမ်းခံရနိုင်တဲ့ အဖွဲ့တွေက အများကြီးပေါ်လာသလို တိုင်းရင်းသားအချင်းချင်း လူမျိုးရေးဖြစ်အောင် ဓာတ်ခဲအကောင့်အချို့နဲ့ စရဖအကောင့်တွေက လုပ်လာတာ တွေ့ရပါတယ်။ ဒါတွေကို အစိုးရကအရေးယူလိုရင် ပထရက အရေးယူရမှာပါ။ မိမိလူက ပထရဝန်ကြီးဆိုတော့ အထက်အမိန့်ဟာအောက်ကိုမသွားဘဲ ပြဿနာတွေ ပိုများအောင်လုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြည်သူသိစေချင်လို့ပါစာအုပ်ကို ပေါ်တင်ဖြန့်တာကို ပြည်ထဲရေးကမဖမ်းဘဲ စစ်ပွဲရပ်ဆန္ဒပြတာကို နောက်နေ့ ချက်ခြင်းဖမ်းတာ ICJ က အရေးယူတာကိုထောက်ခံရင် ချက်ခြင်း လာဖမ်းတာတွေက ပြည်ထဲရေးရဲ့ အဘလူဆို မဖမ်းရဲတဲ့ စံကိုပြနေပါတယ်။

ဒီမိုကရေစီတိုင်းပြည်မှာ ပုံမှန်မကျေနပ်မှုတွေရှိတတ်ပေမယ့် အဘတို့က ပြဿနာကို ကြီးပြီးအစိုးရဒုက္ခရောက်အောင် ဓာတ်ဆီလောင်းဖို့ပါ။ ဥပမာ ဆရာတွေနဲ့ ပြဿနာဖြစ်ဖြစ် ကျောင်းသားတွေနဲ့ပြဿနာဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဖြစ်ဖြစ် ဝင်ပြီး ဓာတ်ဆီလောင်းဖို့လဲ အဘတို့က ငွေကြေး အပြည့်အစုံနဲ့ ပြင်ထားပါတယ်။

နောက်ဆုံးနည်းကတော့ ရွေးကော်ဥပဒေမှာ တပ်မဲရုံတွေကို အပြင်ထုတ်ပေမယ့် ရက်ပေါင်း ၉၀အတွင်းနေထိုင်သူကို အဆိုပါဒေသမှာ မဲပေးခွင့်ပြုတယ်ဆိုတဲ့ သူတို့အတွက်အားသာအချက်ကို သုံးဖို့ပါ။ ဥပမာ တပ်ရင်းတစ်ခုက ပြည်မှာ အခြေချတယ်ဆိုပါစို့။ သူတို့ဟာ ပြည်မှာ မူလတပ်ခံနယ်မြေဆိုပြီး ကြိုတင်မဲပေးပါမယ်။ ပြီးရင် ရခိုင်က မြောက်ဦးမှာလဲ ရောက်နေတာက ရက် ၉၀ ကျော်နေလို့ မဲပေးပါမယ်။ စစ်ဖြစ်နေလို့ ဓာတ်ခဲက ခြိမ်းခြောက်လို့ ဒေသခံက မဲလာမပေးရင် သူတို့က တပ်ရင်းနှစ်ရင်း သုံးရင်းလောက်ပေးရင် ဖွတ်ဒေသခံနဲ့ပေါင်းပြီး နိုင်အောင်လုပ်မယ့် ဗျူဟာပါ။ ရှမ်းပြည်နယ်လဲလာပါမယ်။ ရွေးကော်က တပ်မဲစာရင်းကို စစ်နိုင်ရင်တောင် သူတို့က အဲ့ဒီတပ်ဘယ်သွားလဲအတိအကျပြော စာရင်းကောက်မှရပါမယ်။

အခြားအရာတွေကတော့ ဘုန်းကြီးတွေကို ပြည်သူ့ပိုက်ဆံနဲ့လှူပြီး သူကလှူသရောင်နဲ့ မဲဆွယ်တာ။ပြည်သူ့ဘဏ္ဍာနဲ့ ဆေးတပ်ကို နယ်လှည့်ဆေးကုခိုင်းပြီး မဲဆွယ်ဖို့ကြိုးစားတာတွေပါ။

အကယ်၍ သူတို့က လူမျိုးရေး ဘာသာရေး အသုံးချလို့ နိုင်ခဲ့ရင် သူတို့ကို ရွေးကော်ဥပဒေအရတော့နိုင်သူကို ပယ်လိုက်လို့တော့ ရပါတယ်။ ဆိပ်ကမ်းလိုမျိုးပေါ့။ ဒါပေမယ့် မဲဆန္ဒနယ်တိုင်းဖြစ်လာရင်တော့ လုပ်ဖို့ ခက်ပါလိမ့်မယ်။ အထောက်အထားတွေ လိုပါမယ်။

ဒါကတော့ အဘရဲ့ ၂၀၂၀ အောင်နိုင်ရေး သမ္မတဖြစ်ရေး ဗျူဟာအချို့ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page