top of page
Search

အဘအင်တာဗျူးအပြည့်အစုံ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 26, 2020
  • 1 min read

အဘသားများအတွက် တပ်ထဲမှာ ဘယ်မှာမ မတင်သေးတဲ့ အဘရဲ့ RT အင်တာဗျူးကို တင်ပေးလိုက်ပါတယ်။ အကုန်တော့ ဘာသာပြန်ဖို့ အချိန်မရှိပါ။ အနှစ်ချုပ်ရရင် RT က အဘကို နောက်တက်မယ့်သမ္မတကြီးဆိုပြီး ဂျင်းထည့်သွားပါတယ်။ ရုရှားဂျင်းဆိုတာ ဒါကြီးလား?

RT အမေး- ငါ့အနေနဲ့ နင့်ကို မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့ ရုရှားလူမျိုး ၁၉ ဦးကို ကယ်ဆယ်ခေါ်ဆောင်လာတဲ့အတွက် ကျေးဇူးတင်တယ်လို့ပြောပါရစေ။ နင့်ကြောင့်သူတို့အိမ်ကို ကောင်းမွန်စွာပြန်ရောက်လာခဲ့ပါတယ်။ ဒါက တစ်ခါမှာမလုပ်ဖူးတဲ့ကယ်ဆယ်မှုပါ။ ဒီလိုကယ်ခဲ့တာက နင့်ရဲ့လုပ်ဆောင်ချက်လို့ သိရပါတယ်။ နင်ဒီလို ကူညီပေးဖို့ ဘယ်လိုများတွေးမိလိုက်တာပါလဲ?

တပ်ချုပ်အဖြေ- ကျွန်တော်တို့မြန်မာတွေက ကူညီတတ်တဲ့စိတ်အခံရှိတယ်။ ယခုလဲသူတို့ ကိုဗစ် 19 ကြောင့် သွားရေးလာရေး အခက်အခဲဖြစ်နေချိန်မှာ ကျွန်တော်လဲ ရုရှားနိုင်ငံလာဖို့ရှိတော့ ကျွန်တော်စီးလာတဲ့လေယဉ်ပျံမျာလဲ နေရာကြီးက အကျယ်ကြီးဘဲ။

—————————————-

RT အမေး - နင်ရင်ပြင်နီကနေ အောင်မြေနင်းပွဲ Victory parade ကို ရုရှားသမ္မတနဲ့ အခြား တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြည့်ပြီးပြန်လာခဲ့တာဆိုတော့ အဲ့ဒီပွဲကို ဘယ်လိုထင်သလဲ?


တပ်ချုပ်အဖြေ- စစ်ရေးပြအခမ်းအနားကြီးကတော့ အင်မတန်မှ ခမ်းနားတဲ့စစ်ရေးပြပွဲကြီး ဖြစ်ပါတယ်။ စနစ်တကျလုပ်သွားတာ။ သို့သော် စနစ်တကျလုပ်တာဟာလဲ ဟိုဟာပေါ့ဗျာ သိပ်ပြီးတော့ဖိအားတွေနဲ့လုပ်သွားတာမဟုတ်တာ ကျွန်တော်သတိပြုမိတယ်။ တော်တော်များများ စစ်သားတွေဆိုတော့ ဖိအားရှိတာပေါ့။ ဒါပေမယ့် ညီညာမှု စနစ်တကျရှိမှုတို့က သူ့နေရာနဲ့သူ လုပ်သွားတာ ကျွန်တော်သတိပြုမိတယ်။ နောက်တစ်ခုက ဒီစစ်ရေးပြအခမ်းအနားကြီးကတော့ ရုရှားနိုင်ငံရဲ့ အောင်မြင်ခြင်းချမ်းသာခြင်းသမိုင်းကို အခြားနိုင်ငံတွေကို ဖော်ပြတာပေါ့။

————-—


RT အမေး- ဒီနှစ်မှာ ၇၅ နှစ် အောင်မြင်ခြင်း စစ်ရေးပြအခမ်းအနားမှာ ရုရှားလေယဉ်တွေ မော်စကိုမြို့ပေါ်မှာ ပျံတာတွေ့ရပါတယ်။ နင့်က ရုရှားလေယဉ်တွေ ရဟတ်ယဉ်တွေသုံးတဲ့ မြန်မာ့တပ်မတော်မှာကိုးနှစ်ရှိနေပြီဖြစ်တဲ့ တပ်ချုပ်အနေနဲ့ အဲ့ဒီလို ပူးပေါင်းဆောင်ရွက်မှု နင်ဘယ်လိုခံစားရပါသလဲ?


တပ်ချုပ်အဖြေ- ရုရှားနိုင်ငံမှာပြတဲ့ ရုရှားစစ်လေယဉ် ရဟတ်ယဉ်မူရင်းကို တွေ့လိုက်ရပါတယ်။ရဟတ်ယဉ်တွေ လေယဉ်ပျံတွေက နိမ့်နိမ့်လေးပျံသွားလို့ သဲသဲကွဲကွဲ မြင်လိုက်ရပါတယ်။

—————————

RT အမေး- နင်ငါတို့ လေယဉ်ပျံတွေကို ကျေနပ်အားရမှုရှိရဲ့လား?


တပ်ချုပ်အဖြေ- ရှိပါတယ်။ ကောင်းပါတယ်။ တကယ့်ကိုကောင်းတဲ့ ရဟတ်ယဉ်တွေ လေယဉ်ပျံတွေဖြစ်ပါတယ်။

—————————————————————————————-

RT ဂျင်းလာပြီ


RT အမေး- နင်က မြန်မာပြည်ရဲ့ခြေဥကြောင့် နင့်ကို အခြားရာထူးတွေ ဒါပြီးရင်ရနိုင်တယ်လို့ သိထားပါတယ်။ အဲ့ဒီလိုရခံ့ရင် စစ်ရေးတင်မဟုတ်ဘဲ အခြားကဏ္ဍတွေမှာပါ ဆက်ဆံရေးတိုးတက်အောင်ဘယ်လိုလုပ်မလဲ?


တပ်ချုပ်အဖြေ- ကျွန်တော်ကတော့ ဘယ်နေရာရောက်ရောက် ချစ်ခင်ရင်းနှီးမှုရအောင်လုပ်မှာပါ။


RT အမေး- နင်ပြောတာမှန်ပါတယ်။ နင်ဘာရာထူးဖြစ်ဖြစ် အလုပ်လုပ်နိုင်ဖို့က အဓိကပါ။ ငါက နောက်တက်လာမယ့် မြန်မာ့နိုင်ငံ့ခေါင်းဆောင်ဘေးမှာ ထိုင်နေရတယ်လို့ တွေးထင်မိပါတယ်။


တပ်ချုပ်အဖြေ- ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။


နောက် RT က မကြမ်းဖက်မှုကို ဘယ်လိုတိုက်ရမလဲ မေးပါတယ်။ တပ်ချုပ်ကဖြေပါတယ်။

သူဖြေအပြီးမှာ RT က အမျိုးသမီးက နင်ဖြေသွားတာတွေက စစ်သားနဲ့မတူဘဲ နိုင်ငံရေးသမားလေသံသံတမန်လေသံနဲ့ တူနေပါတယ်လို့ ပြောပါတယ်။ ဒါက နင့်ဟာ မြန်မာပြည်ရဲ့ နောက်သမ္မတ ဖြစ်လာလိမ့်မယ်ဆိုတာကို ပြနေပါတယ်။


ဒါကြားအပြီးမှာ အဘအလွန်ပြောပြီး ပြုံးသွားခဲ့ပါတယ်။


သူက တပ်မတော်နေ့ကို ကိုးဂဏန်းနေ့မှာ လုပ်မယ်လို့ ပြောသွားပါတယ်။


RT ကို မြန်မာပြည် လာလည်ဖို့ အဘက ဖိတ်သွားခဲ့ပါတယ်။


သမ္မတပူတင်နဲ့တော့ အဘမတွေ့ဖြစ်ခဲ့ပါ။


Video credit: RT

 
 
 

3 Comments


naynanmyint629395
naynanmyint629395
Jun 27, 2020

The whole Victory Parade

I had watched through RT

TV but they show other

men but not အဘ


ree

Like

naynanmyint629395
naynanmyint629395
Jun 27, 2020

အမ ကိုသာ အဆင့်တူမို့

ွေ့ပါတယ်

ree

Like

naynanmyint629395
naynanmyint629395
Jun 27, 2020

naynanmyint629395

a few seconds ago


ရှက် စရာကောင်းလိုက်တဲ့ အဖြေ


{ ပူးပေါင်ဆောင်ရွက်မှုအကြောင်း


မေးတာကို လေယာဥ်ပျံ ကနိမ့်နိမ့်လေး ပျံ လို့ သဲသဲ ကွဲကွဲမြင်လိုက်ရ ပါတယ် } တဲ့


ရှိသမျှ ဘုရား များ ကယ်တော်မူ


ကြပါ


မေးခွန်း နဲ့ ဆိုင်တဲ့ အဖြေ ကို


တောင် မဖြေတတ်အောင်


အသိပညာ မဲ့သူကို သမ္မတလောင်းအဖြစ် လက်ခံရအောင်


ကျမတို့မြနိမာပြည်​သားများဟာ

အသိ မကင်း​သေးပါဘူး


ထမင်းစားပီး လူစိတ်ရှိသူများ

​ပြည်သူကို တလေးတစား ထား

တဲ့NLD လိုပါတီ ကိုဘဲ

လက်ခံနိုင်ပါတယ်


မေးခွန်း တောင် မဖြေ တ တ်သူကို

လက်မခံနိုင်ပါ ။ တိုင်းပြည်အတွက် ဘာမှ လုပ်ဆောပေးမှုမရှိဘဲ မိမိကိုယ်ကျိုး သာ လုဆောင်

နေသူ များကတော် မတရားပြောကြတာများကိုဘုရားသခင်


များ တားဆီပေးတော်မူကြပါ


NLD. လို လူ ပီသသူ


ထမင်းစားသူများအုပ်ချုပ်တာကို


ဘဲ ကျမတို့လိုချင်ပါတယ် ဘုရား


မှတ်ချက်


အဘသား အိမ်စောင့် dogsလေးများက ဘယ် လိုတင်ရဲပါ့မလဲ

ဆရာမြတ်ရေ


ကိုယ့်လူ အရည်အချင်းမရှိတာကို ဘယ်ပြချင်ကြပါ့မလဲ


© 2023 by The Book Lover. Proudly created with Wix.com


Enter your email here*


Subscribe Now


Join my mailing list


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page