top of page
Search

အဘအချင်းချင်း စကားများစေသော ဓာတ်ခဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 27, 2020
  • 1 min read

ဓာတ်ခဲက ရဲစခန်းတွေကို ဝင်တိုက်ခဲ့တာ ဇန်နဝါရီ ၄ ရက် ၂၀၁၉ ထဲကပါ။ နောက်ပိုင်းလူသတ်တာ ပြန်ပေးဆွဲတာ ရဲဖမ်းတာ၊ မီးသတ်ဖမ်းတာ လွှတ်တော်အမတ်ဖမ်းတာ မျိုးစုံလုပ်လာပါတယ်။ ၂၀၁၉ရခိုင်ပြည်နယ်လုံခြုံရေးဆွေးနွေးပွဲအပြီးမှာ ဗိုလ်ချုပ်ထွန်းထွန်းညီက DASSK က ဓာတ်ခဲကို အမြစ်ပြတ်တိုက်ခိုင်းတယ်ဆိုပြီး ထပြောသလို ကိုဇော်မင်းထွန်းကလဲ တိုင်းရင်းသားမိုလို့ အမြစ်မပြတ်နိုင်ဘူးလို့ ပြောပြန်ပါတယ်။ ဒါတွေကို ကြည့်ရင် ရှေ့နောက်မညီတာ တွေ့ရပါမယ်။

ဓာတ်ခဲက အရှိန်အဟုန်နဲ့ တိုက်နေစဉ်မှာ အစပိုင်း ခြောက်လလောက်မှာက ဘာမှမလုပ်ဘဲ လွှတ်ထားခဲ့ပါတယ်။ အပြင်ကတပ်တွေလဲ သိပ်မသွင်းခဲ့ပါ။ ဒါက ဘာကြောင့်လဲလို့ မေးခွန်းထုတ်စရာတွေအောက်ခြေမှာ ဖြစ်နေခဲ့ပါတယ်။ အချို့ကလဲ ဓာတ်ခဲနဲ့ ညှိထားလို့ အချို့ကလဲ ဆရာတရုတ်ကပြောထားလို့ မျိုးစုံပေါ့။ ဒါကတော့အပြင်လူအပြောပါ။

တချိန်ထဲမှာဘဲ ဓာတ်ခဲဟာလဲ သူ့ ၂၀၂၀ အိမ်မက်အတွက် တစ်ခုခုလုပ်ပြဖို့လိုလာပြီး အရပ်သားနဲ့ ရဲကိုသာတိုက်ရာကနေ တပ်ကို ပေါ်တင်တိုက်လာပါတယ်။ အရာအားလုံးဟာ နိုဝင်ဘာလောက်မှာရုပ်လုံးပေါ်လာပုံပါ။ ယခင်က မြေပြင်မှာအတိုက်ခံရရင် ကကကြည်းကတဆင့် လေတပ်ကို စစ်ကူခေါ်ရပေမယ့် နိုဝင်ဘာလပိုင်းလောက်မှာ ပြောင်းသွားခဲ့ပါတယ်။ တပ်အသစ်တွေ ပို့လာပါတယ်။ ဓာတ်ခဲရဲ့ထောက်ပို့ကို ပလက်ဝ ဗျူဟာကနေ ဖြတ်တောက်ဖို့ကြိုးစားလာသလို ဓာတ်ခဲကလဲ ပြန်ချဖို့ ကြိုးစားလာပါတယ်။

ဒီနေရာမှာ ဒုတပ်ချုပ်က သမ္မတ၊ DASSK နဲ့ တပ်ခေါင်းဆောင်တွေနဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းက တွေ့အပြီးမှာ ဓာတ်ခဲကို စစ်ဆင်ဖို့ ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ဒါကို သူ့အထက်က တပ်ချုပ်က အတည်မပြုဘဲထားထားခဲ့တယ်လို့ သိရပါတယ်။ သူ့ရည်ရွယ်ချက်က ကာလုံခေါ်အောင် စောင့်ပုံပါ။ မျက်ဖြူစိုက်လေဆရာကြိုက်လေပေါ့။ ဒါပေမယ့် ဓာတ်ခဲကလဲ သူ့ ၂၀၂၀ အိမ်မက်အရ တပ်စခန်းတွေကို ဝင်တိုက်ချိန်မှာ အောက်ကဖိအားများလာလို့ ခွင့်ပြုလိုက်ရပုံပါ။

ထို့အတူဘဲ ဘင်္ဂါလီကိစ္စတုန်းကလဲ DASSK က တပ်ပြင်ခိုင်းချိန်မှာ ဒုတပ်ချုပ်က အစည်းအဝေးတက်ပြီး ပြင်ခဲ့ပေမယ့် သူကပယ်ချခဲ့ပါတယ်။ ANP ပါတီနဲ့ တွေ့အပြီးမှသာ တပ်ကိုပို့ခဲ့တာပါ။

ဒီနေရာမှာ ဗိုလ်ချုပ်ကျော်ဆွေကို နိုဝင်ဘာမှာ ဖယ်ဖို့အမိန့်ပေးတာနဲ့ စစ်ဆင်ရေးလုပ်ဖို့ခွင့်ပြုချိန်ဟာတိုက်ဆိုင်နေတာပါ။ သူ့ကို ကာလုံမှာမဲပေးရင် ဗိုလ်ချုပ်ကျော်ဆွေက DASSK ဘက်လိုက်ပြီး မဲပေးမှာစိုးလို့ ကြိုထုတ်ထားတာလား မေးစရာဖြစ်လာပါတယ်။ ဒါကဘာဆိုင်လဲဆိုရင် သူက တိုက်ဖို့စစ်ဆင်ရေးလုပ်ဖို့ အမိန့်မပေးခဲ့ရင် အောက်ကအသေအပျောက်များလာရင် အောက်ကလူတွေကဒေါသထွက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကာလုံခေါ်တဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ မတိုက်ဘဲထားလို့ အောက်ကတပ်သားတွေသေ ဓာတ်ခဲက ရောင့်တက်လာတယ်လို့ အောက်ခြေမှာ ထင်လာကြလို့ပါ။

မီးဝဗျူဟာခံစစ်ဟာ ဟို စီစီဝမ်တာပန်လို အကြီးအကျယ်တိုက်ခဲ့ရတာပါ။ ရန်သူ့ရဲ့ ထောက်ပို့လမ်းပါ။ရန်သူက ယခင်က ထောက်ပို့ခဲ့တာက ရန်ကုန်နဲ့ မန္တလေးပါ။ ဒါပေမယ့် အားလုံးသိတဲ့ မန္တလေးမှာ သူတို့ချင်းရန်ဖြစ်ပြီး သမ္မတရုံးကို သတင်းပေးလို့ အချီကြီး မိလိုက်တာရယ် ဓာတ်ခဲတည်ထောင်သူတစ်ယောက်ထံက သတင်းတွေက နောက်ပိုင်းမှာ သူတို့ရဲ့ ပြည်မက ထောက်ပို့လမ်းကို ဖြတ်တောက်လာနိုင်ခဲ့ပါတယ်။ ဘင်္ဂလားကလမ်းကိုတော့ မီးဝဗျူဟာက ထိန်းနိုင်လာမှာပါ။

ဒီနေရာမှာ မေးခွန်းက ဓာတ်ခဲကို နိုင်မှာလားဆိုတာပါ။ အဖြေကတော့ Wait & See စောင့်ကြည့်ပါလို့သာ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page