top of page
Search

အဘသားများ ရန်ဖြစ်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 9, 2020
  • 1 min read

စစချင်း မင်းရာဇာအကြောင်းကို ဟန်ငြိမ်းဦးအကောင့်က တက်လာတယ်။ ဒီကောင်က ယခင်က တပ်နောက်ခံပုံနဲ့ တပ်လော်ဘီလုပ်တယ်။ Facebook က ဖျက်ချလို့ အဘတွေနဲ့အတူ အကောင့်ပျက်သွားတယ်။ နောက်ပိုင်း ကိုရီးယားကားတွေ ရုပ်ရှင်အကြောင်းတွေတင်တယ်။ တစ်ခါတစ်ခါမှာ ထပြီးတော့ကွီးဖြိုးကိုနောက်တဲ့ ဗီဒီယိုတင်တယ်။ အဲ့ဒီအကောင့်က ထပ်ကျတယ်။ နောက်ပိုင်း မင်းသားမင်းသမီးတွေ မကောင်းကြောင်းတင်တယ်။ မြန်မာလူမျိုးက ကြိုက်တယ်။ like ရတာ မြန်တယ်။ follower မြန်တယ်။ ဒါမျိုးတွေကို ထိုင်လုပ်နေနိုင်ဖို့ဆိုတာ ဝင်ငွေရှိရမယ်၊ အချိန်ရှိရမယ်၊ နေရာရှိရမယ်၊ သတင်းကိုတစ်နေရာကနေ ရနေရမယ်။ ဥပဒေအထက်မှာ ရှိရမယ်။ သူ့အကောင့်က cyber police က ဖြုတ်ချတာမဟုတ်ဘဲ Facebook ကသာ ဖြုတ်ချတာ။ ဒါတွေအားလုံးနဲ့ ပြည့်စုံတဲ့နေရာက ဘယ်နေရာများလဲ? သူက မင်းရာဇာအကြောင်း စတင်တယ်။

ဒါနဲ့ ကျော်ကြီး မန္တလေးက ဝင်ပါလာတယ်။ သူ့ကို စစ်သားအယောင်ဆောင်ဆိုပြီး ရေးထားတယ်။ ဟန်ငြိမ်းဦးရဲ့ တပ်နောက်ခံနဲ့ အကောင့်ဟောင်းပုံကိုတော့ ဖျက်သွားပါပြီ။ ဟိုအကောင်ကလဲ ပြန်တောင်းပန်သလိုလုပ်ထားတယ်။ ကျော်ကြီးကတော့ အစိုးရကို အမြဲဝေဖန်ပြီး အကောင်းမပြောသူ။သတင်းထောက်လိုလို ၈၈ လိုလို။ ဒါပေမယ့် အဘမွေးစားသား။

ဒီအမှုနဲ့ Victoria အမှုနဲ့ ဘာကွာလဲ? အမှု နှစ်ခုစလုံးမှာ ကျူးလွန်သူတွေက အဘနဲ့ ရင်းနှီးတယ်။ဖော်ထုတ်သူတွေက V အမှုမှာလဲ အစိုးရကို အမြဲဝေဖန်ပြီး ခြေဥပြင်ဖို့ စိတ်မဝင်စားသူက V ကိစ္စမှအမှန်တရားကို စိတ်ဝင်စားတယ်။ ကျူးလွန်သူကတော့ အကောင်ကြီး အဘနဲ့ ပိုင်သူ။ ဒီမင်းသားကတော့ အဘကို ကူညီဖူးတယ်။ ဘယ်လောက်အကောင်လဲတော့ မသိဘူး။ အကောင်တော့ မဟုတ်လောက်ဘူးလို့ ထင်ရတာဘဲ။ ဒါပေမယ့် ထွက်ပြေးတဲ့လမ်းကြောင်းတွေက ဝီဝီတို့၊ အောင်ဝင်းခိုင်တို့နဲ့တူနေတယ်။

ဒီကနေ ဘာသင်ခန်းစာရလဲဆိုတော့ NLD နဲ့ ပတ်သက်တဲ့ မင်းသားတွေ၊ ဒါရိုက်တာတွေဆို ဘိန်းပြစ်ဖမ်းတာ ခံရပြီး အဘနွယ်များက သူ့အလိုလို ပြဿနာတက်တာတွေ့ရပါတယ်။

အဘနဲ့တွေ့ဖူးတဲ့ ကိုအေးမောင်နဲ့ ဝေဟင်အောင်တို့ကတော့ ဂျေးထဲမှာဖြစ်ပြိး ဝေဋုကျော်ကတော့ အမှုရင်ဆိုင်ဆဲပါ။ နိုင်ငံခြားမှာဆို Harvey Weinstein လို အမှုမပြီးခင်ကထဲက ရုပ်ရှင်အသိုင်းအဝိုင်းကရှောင်ကြပေမယ့် မြန်မာပြည်မှာကတော့ အပြောခံရတာက သင်းသင်းပါ။ စာရေးသူတို့ အတွေးအခေါ်ပြောင်းမှသာ မင်းရာဇာတို့လို လူမျိုးတွေ ထပ်မပေါ်မှာပါ။

ပြည်သူတွေအနေနဲ့ ဒီအမှုအကြောင်းကို Facebook ကနေသာ လေ့လာပါ။ stay at home အိမ်မှာသာ နေပါ။ တရားဥပဒေက အချိန်တန်ရင် လာပါလိမ့်မယ်။ အတိုင်ပင်ခံကလဲ လိုင်းပေါ်ရောက်နေလို့ VOM ကသတင်းထောက်တောင် လွတ်လာခဲ့ပါပြီ။ ယခင်ကထက် သတင်းတွေကို တိုက်ရိုက်သိနေပါပြီ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page