Myat Tun Oo
အဘသားများ မစပ်ပါနဲ့

စာရေးသူရက်ပိုင်းက အဘရတဲ့ ဆုနှစ်ခုအကြောင်း ရေးပြခဲ့ပါတယ်။ စာရေးသူ သတင်းထောက်မဟုတ်တာတော့ အားလုံးလက်ခံမယ်ထင်ပါတယ်။ စာရေးသူ ဘာသာစကားအချို့ကို တတ်တယ်ဆိုတာလဲ လက်ခံကြမယ်ထင်ပါတယ်။
စာရေးသူက အဘရတဲ့ ဆုအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အပြီးမှာ အဘသားတပည့် စရဖများက ဒီဆုက ဘာညာဆိုပြီး ထရှင်းကြပါတယ်။ ဒါကို စာဖတ်သူအချို့က လာပြောပါတယ်။ သူတို့ ဘာသဘောနဲ့ လာပြောလဲတော့ မသိပါ။ နှစ်ဖက်ချွန်လား တကယ်စေတနာလား မပြောတတ်ပါ။ ဒါပေမယ့်ခွေးဟောင်တိုင်း ထမကြည့်နိုင်လို့ လွတ်ထားခဲ့ပါတယ်။
အဲ့ဒီနောက်ကနေ ဘယ်ကမှန်းမသိတဲ့ စာဖတ်သူများက ဒီမိုဆိုပြီးပြောတဲ့သူတွေက စာရေးသူရေးတာ မသေချာဘူး ကာချုပ်ကြီးကို အချက်အလက်သေချာမှ စော်သင့်တယ်ဆိုပြီး ဒီမိုလိုလို ကာချုပ်ကိုဖာသလိုလို ရေးထားတာ တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ စာရေးသူရေးထားတာ အချက်အလက်မှားတာ မရှိပါ။ သူ့ကို ပထမဆုက ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပေးတာဖြစ်ပြီး သူ့ထံကလက်နက်ဝယ်သူကို ပေးတာပါ။ မဝယ်ရင် ရုရှားနဲ့မြန်မာဟာ တွေ့စရာမရှိပါ။ အိန္ဒိယကတော့ လက်နက်ဝယ်သူ ပူးပေါင်းဆောင်ရွက်သူဟာ အစိုးရ ဝန်ကြိးချုပ်ဖြစ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ပူတင်က ၂၀၁၉ မှာ ရုရှားနိုင်ငံရဲ့ အမြင့်ဆုံးဆု The order of St Andrew Apostle ကို ပူတင်ကိုယ်တိုင် ပေးခဲ့ပါတယ်။ တရုတ်ကိုလဲ ပေးပါတယ်။ ဒီဆုတွေဟာ ကာချုပ်ကို ပေးတဲ့ဆုထက် မြင့်ပါတယ်။ ဒီဆုတွေက နိုင်ငံရေးခေါင်းဆောင်ကိုမှ ပေးလို့ရပါတယ်။ ဗဟုသုတအနေနဲ့ အဘသား ငတုံးများနဲ့ ဒီမိုခွထိုင်များအတွက် ပြောပြတာပါ။ တပ်ချုပ်ကိုပေးတဲ့ဆုက ဝန်ကြီးဌာနကပေးတဲ့ Medal "For Strengthening Military Cooperation" ရုရှားလို Медаль «За Укрепление Боевого Содружества» ဆုပါ။ မြန်မာပြည်ထဲမှာနေတဲ့ အစိုးရအလုပ်လုပ်သူတိုင်း သိပါတယ်။ မြန်မာပြည်က ဆုဆိုရင်လဲ ဘယ်ဆုက သမ္မတကိုယ်တိုင်ပေးလဲ ဘယ်ဆုက တပ်ချုပ်/ညွှန်ချုပ်ကကပေးရလဲဆိုတာ။

ဒုတိယဆုကတော့ FSMTC ကပေးတဲ့ဆုပါ။ FSMTC ဆိုတာက Federal Service for Military-Technical cooperation ဖယ်ဒရယ်စစ်ရေးနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာနလို့ခေါ်ပါတယ်။ ဥပမာ စာရေးသူက KIA ကားကုမ္ပဏီက ကားဝယ်တယ်ဆိုပါစို့ အဲ့ဒီကုမ္ပဏီကနေ ဖောက်သည်တွေနဲ့ ဆက်ဆံတဲ့ ဌာနက Customer service က အကောင်းဆုံးဖောက်သည်ဆုပေးသလိုပေါ့။ သူ့ကို ဆုပေးဖို့ ဆုံးဖြတ်တာကညွှန်ချုပ် Dmitry Evgenyevich Shugaev ဖြစ်ပြီး တပ်ချုပ်ကို ဆုချီးမြှင့်ပေးသူက ဒုညွန်ကြားရေးမှူးVladimir Drozhzhov ပါ။

ဒီနေရာမှာ ဒီမိုရောင်ရောင်လေးတွေကို ပြောချင်တာက စာရေးသူဟာ စစ်တပ်နဲ့ဖွတ်တွေလို Zarni Tike အကောင့်တု၊ ပန်ဆယ်လိုအကောင့်ကို အတုလုပ်၊ စာရေးသူရဲ့ အကောင့်တုတွေကို လုပ်နေတာ မဟုတ်ပါ။ စာရေးသူရေးလိုတာက ပရိုတိုကောမှာ ရုရှားက တပ်ချုပ်မအလကို ဘယ်လိုဆက်ဆံသလဲဆိုတာအဓိကပါ။ ဒါပေမယ့် စာရေးသူရေးတာဟာ အထောက်အထားမဲ့ ရေးတာမဟုတ်ပါ။ ကောလဟာလလဲမဟုတ်ပါ။

ဖွတ်တွေ၊ တပ်ထဲက မအလထောက်ခံသူဆိုရင်တော့ မအလကိုရေးတာကို နာတယ်ဆိုတာ နားလည်နိုင်ပါတယ်။ မဟုတ်ရင်တော့ အချို့က အဖေထိရင် နာမှာပါ။ အချို့က သားအရင်း အချို့က မွေးစားသားဆိုရင်လဲ နာပါမယ်။

အချို့က စာမဖတ်လို့ ဗဟုသုတနည်းတာလဲ ပါနိုင်ပါတယ်။ အဆိုပါ ရိုးသားစွာအထင်မှားသူများအတွက် အထောက်အထားလေးတွေ ထပ်တင်ပေးလိုက်တာပါ။ အဘသားများ အဘမွေးစားသားများမစပ်ပါနဲ့။