top of page
Search
  • Writer's pictureMyat Tun Oo

အဘသားများ စကားဝိုင်း



အဘထံကို သတင်းပို့တာက အသံတိတ်သပိတ်မှာ စျေးတွေလဲဖွင့်တယ်။ လူတွေလဲ လမ်းပေါ်ထွက်တယ်။ တပ်ထောက်ခံပွဲတွေလဲ ကျင်းပနေပါသည်ပေါ့။ ဓာတ်ပုံတွေနဲ့ကို အစီရင်ခံစာတင်တာ။ မြဝတီနဲ့အတွင်းသတင်းက အတူတူပါဘဲ။ ဒါက သပိတ်ကိစ္စပါ။

နောက် တပ်ကိစ္စ။ လုံခြုံရေးကောင်းလား? သတင်းပို့တာက ဒီနေ့နေပြည်တော်မှာ ထောက်ခံပွဲလုပ်တာဘာမှပေါက်ကွဲမှုမဖြစ်လို့ ၁၂ ရက်နေ့ ဗိုလ်ရှုခံလုံခြုံရေးက ကောင်းပါတယ်လို့ သတင်းပို့ထားပါတယ်။တွက်ချက်မှုက နေပြည်တော်ထဲမှာ လုံခြုံရေးမတင်းကျပ်တဲ့နေရာမှာတောင် သူတို့ကို ဘာမှမလုပ်နိုင်ခဲ့လို့ လုံခြုံရေးကောင်းတဲ့နေရာမှာဆို အဆင်ပြေပြီလို့ မှတ်ချက်ဆွဲသုံးသပ်ထားတာပါ။

နောက်တင်ပြင်ပ တပ်မိသားစုများ၏ လုံခြုံရေးကိစ္စပါ။ စစ်တပ်ရဲ့သုံးသပ်ချက်က လိုင်းပေါ်မှာသာရေးနေ ပြောနေပေမယ့် ပြည်သူတွေက သူတို့ကို သိပ်မမုန်းဘူးလို့ သုံးသပ်ပါတယ်။ အထောက်အထားအနေနဲ့ စစ်ဆေးဆရာဝန်တွေ အရပ်သားရပ်ကွက်ထဲမှာ ဆေးခန်းထိုင်ပေမယ့် သူတို့ကို စစ်သားမှန်းသိသော်လဲ ပြည်သူတွေက ဘာမှလာမလုပ်ကြောင်း ကိုးကားရေးသားပါတယ်။ ဒါကြောင့် တပ်ပြင်မှာနေတဲ့ တပ်မိသားစုအိမ်တွေကို ဒုက္ခပေးမှာမဟုတ်လို့ သုံးသပ်ထားပါတယ်။ နောက် NUG အောက်က PDF တွေဟာ ဂျနီဗာကွန်ဗန်းရှင်းအရ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်မှာမဟုတ်လို့ အဆိုပါနေရာတွေမှာအခိုင်အမာတပ်စွဲထားဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အဆိုပါစည်းကမ်းကြောင့် သူတို့တပ်ကအရာရှိပိုင်အိမ်တွေကို မပစ်နိုင် မဖျက်ဆီးနိုင်လို့ သုံးသပ်ထားပါတယ်။

နောက်တပ်ရိက္ခာတွေ၊ ဆီတွေကို အရပ်သားကားတွေနဲ့သာ တင်ဖို့ကိုလဲ ညွှန်ကြားထားပါတယ်။ ဒါမှPDF ကတိုက်ရင် အရပ်သားပစ်မှတ်တိုက်တယ်ဆိုပြီး ပြောလို့ရအောင်နဲ့ မတိုက်ရင်လဲ စစ်တပ်ထောက်ပို့က မထိခိုက်ဘဲလွတ်အောင်လို့ ဆိုပါတယ်။ ဒီကိစ္စအတွက် နီးစပ်ရာကုမ္ပဏီတွေကို ကန်ထရိုက်ပေးထားပါတယ်။

နောက်တပ်တွေကို အဝိုင်းခံရရင် ဖြစ်နိုင်ရင် လေကြောင်းပစ်ကူပေးနိုင်အောင် အချိန်ဆွဲထားဖို့ မှာထားပါတယ်။

ပြန်သုံးသပ်ရတာက မအလတပ်ရဲ့ အဘသားများ စကားဝိုင်းဟာ မိမိက လုံခြုံရေးတော်လို့မဟုတ်ဘဲPDF ရဲ့ လူသားဆန်မှုအပေါ် အခွင့်အရေးယူထားတာ တွေ့ရပါတယ်။ ဒါတွေက ဆောင်းပါးမဟုတ်ဘဲအထဲမှာပြောတဲ့စကားများကို သိနိုင်အောင်သာ ရေးပြထားတာပါ။

1,297 views3 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page