top of page
Search
  • Writer's pictureMyat Tun Oo

အဘသိချင်သော အမေ့စကား


မအလဟာ DASSK နဲ့ သူမရှေ့နေတွေ ဘာပြောလဲ အလွန်သိချင်ပါတယ်။ သူ့ထံအစီရင်ခံစာကို စရဖက တင်ပြရလေ့ရှိပါတယ်။ သူအကုန် ဖတ် မဖတ်တော့မသိပါ။ သူက DASSK ကို CRPH၊NUG၊ PDF အကြောင်း မှတ်ချက်ပေးပါ ပေးလို့ရပါတယ် ပြောကထဲက ဘွားတော်က ဘာမှမပြောတော့ပါ။ DASSK က ကိုဂျင်မီတို့ အဖမ်းခံရတာတွေ ကိုဖြိုးဇေယျာသော် အဖမ်းခံရတာတွေ သိပါတယ်။ နောက်သူ့ NLD တွေ အဖမ်းခံရပြီး နောက်နေ့မှာ အသတ်ခံရ အလောင်းသာပြန်ရတာတွေလဲ သိလာခဲ့ပါတယ်။ DASSK ဟာ ကွီးဖြိုးကို မဟုတ်တာလိမ်ထွက်လို့ အလွန်စိတ်ဆိုးခဲ့ပါတယ်။ယခုနောက်ပိုင်း သူ့ NLD တွေရဲ့ အသတ်ခံရတာတွေ အဖြစ်အပျက်တွေကို သိလာရချိန်မှာ ပိုနားလည်လာပါတယ်။ မအလနဲ့ သူ့ဘောမမီဒီယာဟာ DASSK ပြောတာကို သူတို့အတွက်သုံးဖို့ အမြဲကြိုးစားနေပါတယ်။ ပထမက DASSK က အမြင်မတူတာကို ဆွေးနွေးဆိုတာကို သူ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သုံးလို့ရအောင် သူမပြောတာရဲ့ တစ်စွန်းတစ်ဆနဲ့ ပေါပြူလာကစပြီး ဘီဘီစီတို့က ရေးပါတယ်။ နောက်ပိုင်း စာရေးသူတို့ကအော်ချိန်မှာ DASSK ရှေ့နေက NUG နဲ့ မအလကိစ္စမဟုတ်လို့ ဒဲ့ရှင်းလိုက်မှ ငြိမ်သွားခဲ့တာပါ။ အဲဒီနောက် မအလက ငြိမ်းချမ်းရေးပွဲဆိုပြီး ထခေါ်တာအားလုံးမှတ်မိမယ်ထင်ပါတယ်။ DASSK နာမည်နဲ့ ခေါ်ဖို့ကြိုးစားပေမယ့် လူမိသွားလို့ သူ့ဖာသာထခေါ်လိုက်တာပါ။

ယခုလဲ အမေစုအမာခံများက

“လုံးဝအဖမ်းမခံရစေနဲ့နော်။

လွတ်အောင်နေ။”

ဆိုပြီး facebook ပေါ်မှာရေးတာကို အဘကသိသွားပြီး အဲ့ဒါတကယ်ပြောလား ဘာကြောင့်ပြောတာလဲ အစီရင်ခံခိုင်းပါတယ်။ အမှန်က အစီရင်ခံစာက သူ့ရှေ့မှာပါ။ ပုံမှန်သီအိုရီအရ ဘောမမီဒီယာများမှာ မရေးပေမယ့် သူမပြောခဲ့တာ အမှန်ပါ။ ဘာကြောင့်ပြောလဲဆိုတော့ သူမလူတွေအသတ်ခံရတာ၊ ဖမ်းပြီးအသတ်ခံရတာ သိသွားလို့ပါ။ သူကွီးဖြိုးအပေါ်စိတ်ဆိုးတာတောင်လျော့သွားပါတယ်။ ဒါက သူမသဘောထား ပြောင်းသွားခဲ့တာပါ။ အာဏာမသိမ်းခင် သိမ်းရင်ခံချဖို့ တိုက်တွန်းချိန်က သူမက ဝကခတွေ အမတ်တွေကို လာဖမ်းရင် အဖမ်းခံဖို့သာ မှာခဲ့တာပါ။သူမရဲ့ ဝကခတွေ ဝန်ကြီးတွေ ပါတီကထိပ်တန်းသမားတွေကလဲ အသက်ကို ပဓာနမထားဘဲ သူမစကား နားထောင်ခဲ့ကြပါတယ်။ ယခုက သူမသဘောထား ပြောင်းသွားတာကို ပြတာပါ။

မအလဟာ DASSK ကို အမှုဆက်စွဲနေတာ ဖမ်းထားတာကိုက မှားနေပြီး ရှေ့ဆက်အမှုစွဲပြီး ဘယ်သူနဲ့မှ ပေးမတွေ့ခြင်းဖြင့် NUG ဟာ အာဆီယံနဲ့ စကားပြောခွင့်ရလာပြီး လုပ်ရကိုင်ရပိုလွယ်လာမှာပါ။ မအလဟာ DASSK စကားလဲ နားမထောင်ဘဲ သူမဘာပြောလဲ သိချင်နေတာက ထူးဆန်းပါတယ်။ မအလဘဝပ ပေးမတွေ့လဲ အကျပ်ရိုက်နေပြီး ပေးတွေ့လဲ သူမက NUG ဆိုရင် သေပါပြီ။ဘယ်ဂဏန်းတွေ ပြည်တွင်းပြည်ပကအဖွဲ့တွေ ဘာပြောပြော သူမဟာ ဩဇာရှိနေဆဲပါ။ သူမကိုဖမ်းထားသူတောင် သူမဘာပြောလဲ နားစွင့်နေရပါတယ်။ အဲ့ဒါ DASSK ပါ။

806 views1 comment

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page