top of page
Search

အဘသိချင်သောလက်နက်တွေဘယ်ကရလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 3, 2023
  • 1 min read

ယခုအများစုအပြောများတာက အမေရိကန် NDAA ဥပဒေနဲ့ ဘာပေးမယ် ညာပေးမယ်ပါ။ ဒါပေမယ့်လက်တွေ့မှာ ဘာမှမရသေးပါ။ ယခင်ကလဲ အမေရိကန်ကပေးတာက NUG ထံမလာဘဲ NGO ထံသာရောက်သွားခဲ့တာပါ၊ အဆဲခံရတော့ NUG ပေါ့။

မအလစစ်တပ်ထဲမှာ အမြဲတွေးနေတာက လက်နက်တွေရှမ်းပြည်မှာမိတယ်ဆိုတဲ့သတင်းပါ။ အစပိုင်းမှာ မအလထံသတင်းပို့တာက လက်နက်တွေမိတယ်ပေါ့။ အများစုက ဝ ထုတ်တယ် အချို့က တရုတ်ထုတ်တယ်ပေါ့။ ဒါကို အမှန်လို့ယုံကြည်ရင် မအလက ဝ ကို ဘာလုပ်မလဲ တရုတ်ကိုဘာလုပ်မလဲဆိုတဲ့မေးခွန်းက အမြဲရှိနေခဲ့ပါတယ်။

စာရေးသူဆောင်းပါးရေးရာမှာ တကယ်သာ အမေရိကန်က အကူအညီမြေပြင်မှာပေးခဲ့ရင် တရုတ်ကလဲ သူနဲ့ဆိုင်ရာတွေကို သူ့ဩဇာအတွက်ပိုထောက်ပံ့ပြီး မအလအရှုံးမြန်မယ်ဆိုတာပါ။ ဒါကို ယုံသူရှိသလို မယုံသူလဲရှိမှာပါ။

မနေ့က MNDAA က သင်တန်းဆင်းပွဲဆိုပြီး ဓာတ်ပုံတွေတက်လာခဲ့ပါတယ်။ လူတွေတန်းစီရိုက်တာကတော့ ဘာမှအဘကို ရင်မခုန်စေပါ။ ဒါပေမယ့် အဆိုပါပွဲမှာ လက်နက်အသစ်များစွာကို အနီးကပ်ရိုက်ပြသွားခဲ့ပါတယ်။ ဒါက တရုတ်ကိုယ်စားလှယ်ကို DASSK နဲ့ ပေးမတွေ့အပြီးမှာ တွေ့ရတာပါ။တိုက်ဆိုင်တာလား မေးစရာရှိပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တတ်ပါလား?။ MNDAA ကို အမေရိကန်ကလာပြီး လက်နက်တွေထောက်ပံ့တာတော့ မဖြစ်နိုင်ပါ။ ဒီလက်နက်တွေကဘယ်ကထုတ်တယ်ဆိုတာ စစ်ရေးနားလည်သူတိုင်းသိပါတယ်။

အဘသိချင်တဲ့ လက်နက်တွေဘယ်ကရလဲဆိုတာက အများသိတဲ့ လျှို့ဝှက်ချက်ပါ။ မေးခွန်းက မအလက ဘာလုပ်မှာလဲ ဘာလုပ်ရဲမှာလဲဆိုတာပါ။

သတိပေးချင်တာက ဝ အဖွဲ့သတိထားပါ။ ယခုက TNLA ကို ကွန်မန်ဒိုဝင်တိုက်တာ အပြင်ကလူတွေကမအလတပ်အသေများတယ်လို့သိပေမယ့် မအလထံတင်ပြတာကတော့ PDF လက်နက်တွေတောင်အောင်မြင်စွာမိလာပါသေးတယ်။ ယခုလဲ TNLA နေရာမှသည် ဝ UWSA အထိ ထိုးစစ်တွေဆင်နိုင်ဖို့သူ့အောက်ကတပ်တွေကို ပြင်ဆင်ထားခိုင်းပါတယ်။ လုပ်ရဲလားဆိုတော့ အဘက မလုပ်ရဲတာဘာမှမရှိပါဘူး။ စာရေးသူကတော့ ဒီပွဲမှာ UWSA အထိ ဝင်ချဖို့ အဘကို တောင်းဆိုလိုက်ပါတယ်။အချုပ်အခြာအာဏာကို ထိပါးတာတော့ မခံပါနဲ့ ပြန်ချပါလို့သာ အဘကိုပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Jan 04, 2023

Back in 1949, the sources of arms for ဗမာပြည် ကွန်မြူနစ်ပါတီ were not from China, as people think. Almost all were US mades. (US never directly supplied new weapons to BCP. Those were officially discarded f pieces from US and British army.)

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page