top of page
Search

အဘလိုနေသော ဒေါ်လာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 6, 2022
  • 1 min read

ree

ယခုတလော မအလဟာ သူ့ဂိုးသူပြန်သွင်းနေတာ တွေ့ရပါတယ်။ အချို့က NUG ကာဝန်ကိုအားမရဘူးပြောရင် စာရေးသူက မအလထက် အဆ ၁၀၀ သာတယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ NLD အစိုးရလက်ထက်ကလဲ ဘယ်ဝန်ကြီးကို အားမရဘူး ညာဝန်ကြီးကို အားမရဘူး ဘယ်ဝန်ကြီးချုပ်ကို အားမရဘူးပြောရင် စာရေးသူက မအလတို့ တပ်ထဲကလူအားလုံးရဲ့ ဦးနှောက်အားလုံးပေါင်းတောင် အဆိုပါဝေဖန်ခံရသူ NLD ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေကို မမှီကြောင်း ပြောပြလေ့ရှိပါတယ်။ အဆိုပါအားမရသူများ ယခုဘယ်မှာလဲဆိုတော့ ချောင်းသာမှာပါ။ မအလအကြောင်းပြန်ဆက်ရအောင်။

ပထမဆုံးက ဖက်ဆစ်တော်လှန်ရေးနေ့မှာ NUG ၊ PDF တို့နဲ့ မဆွေးနွေးနိုင်ကြောင်း မိန့်ခွန်းထဲကနေကြေငြာတာပါ။ ဒီကြေညာချက်က AA ကို အကြမ်းဖက်အဖွဲ့မိုလို့ မဆွေးနွေးနိုင်ကြောင်း ယခင်က မအလပြောခဲ့တာကို သတိရစေပါတယ်။ ဒါကအာချောင်တာပါ။ ဒီထက်စိုးတာက သူဘာမှထည့်မပြောရင်တောင်ဖြစ်ပေမယ့် သူထည့်ပြောမှ သူများဆွေးနွေးမလားဆိုပြီး ထောက်ခံနေတဲ့ အာဆီယံဘောမအချို့တောင် ထောက်ခံရခက်သွားတာ တွေ့ရပါတယ်။ သူ့တပ်ထဲမှာလဲ သူ့ပုံရိပ်ကမတက်သွားပါ။

ဒီအကျိုးဆက်ကြောင့် တရုတ်က ဆုံးမဖို့ ခေါ်တယ်ဆိုတဲ့သတင်းတွေ စာရေးသူရရှိနေပြီး အသေးစိတ်သိရင် တင်ပါ့မယ်။

ဒါထက်အရေးကြီးတာက ဒေါ်လာကိစ္စပါ။ မအလဟာ လျှပ်စစ်ကို လေကစပြီး ၊ရေ၊ နေတွေက ထုတ်နေပေမယ့် ပြည်သူမှာက မီးမလာတာ အားလုံးသိမှာပါ။ ဒါကြောင့် DASSK လက်ထက်က စီးပွါးရေးမကောင်းဘူးဆိုသူများ မအော်နိုင်လောက်အောင် စီးပွါးက ပျက်သွားခဲ့ပါပြီ။ ဒါပေမယ့် မအလကိုဘောမသူများက သူတို့စုထားတဲ့ ဒေါ်လာလေးတွေတော့လွတ်မယ်ထင်ခဲ့ပါတယ်။ ဂျပန်၊ တရုတ်နဲ့ ကိုရီးယားကလဲ သူတို့ဒေါ်လာလေးတွေတော့ အဆင်ပြေမယ်ထင်ခဲ့ပါတယ်။

အားလုံးသိတဲ့အတိုင်း မအလဟာ သူလိုတဲ့ကျပ်ငွေကို ရိုက်ထုတ်ဖို့ ငွေစက္ကူနဲ့ အပိုပစ္စည်းတွေရပြီမိုလို့မြန်မာကျပ်ငွေကို သန်းသောင်းချီရိုက်ထုတ်မှာပါ။ မြန်မာငွေတန်ဖိုးက ထိုးကျမှာဖြစ်လို့ လူတွေကဒေါ်လာနဲ့ ရွှေတွေကို ဝယ်ကြမှာပါ။ ဒါ့အပြင် မအလက PDF ကိုတိုက်ဖို့မှာထားတဲ့ ရုရှားကပစ္စည်းတွေနဲ့ ယခင်ကမှာထားတဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံပေးဖို့ ဒေါ်လာလိုနေပါတယ်။ ပုံမှန်မှာ ရုရှားကစောင့်နိုင်ပေမယ့်ယူကရိန်းကြောင့် စီးပွါးရေးအပိတ်ခံထားရလို့ ဒေါ်လာငွေလိုနေပါတယ်။ ဒါကြောင့် ယခင်စောင့်နိုင်တဲ့ လက်နက်ငွေကို ယခုပေးဖို့ ငယ်နိုင်မအလကို တောင်းထားပါတယ်။ မအလဟာအာဏာသိမ်းတာ ရုရှားကာဝန်ကို သတိပေးပြီးမှသိမ်းခဲ့တာဖြစ်ပြီး ရုရှားထံက စစ်ရေး၊ စီးပွါးရေးအကူကို မျှော်လင့်ခဲ့ပါတယ်။ ယခုကတော့ ရုရှားက ယူကရိန်းကိစ္စနဲ့ တိုင်ပတ်သွားလို့ စီးပွါးရေးအရ မကူနိုင်တော့ပါ။

ယခုမအလလုပ်လိုက်ပုံက သူ့ကိုဘောမခဲ့တဲ့ စီးပွါးရေးသမားတွေရဲ့ ဘဏ်ထဲက ဒေါ်လာငွေတွေကိုတစ်ရက်အတွင်း အချောင်စျေးနှုန်းနဲ့လဲပြီး တန်ဖိုးရှိတဲ့ဒေါ်လာတွေကို သူကယူပြီး တန်ဖိုးမရှိတဲ့ဒေါ်လာတွေကို သူ့ဘောမလုပ်ငန်းရှင်တွေကို ပေးလိုက်တာပါ။ နောက်ဇေကြီးနဲ့ ခရိုနီတွေကိုဖမ်းတာကလဲ သူတို့ထံက ဒေါ်လာလိုချင်လို့ ပြန်ပေးဆွဲတဲ့သဘောနဲ့ ငွေညှစ်တာပါ။

ဒီအချိန်မှာ ဂျပန်လုပ်ငန်းရှင်တွေက သူလွတ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဒေါ်လာတွေလဲထိသွားလို့ ဘယ်အစိုးရတက်တက် ဆာဆာကာဝါနဲ့ အလုပ်ဖြစ်မယ်ထင်ခဲ့တဲ့ ဂျပန်တောင် စာထုတ်လာခဲ့ရပါပြီ။ အားလုံူကို သေချာပြန်လေ့လာရင် ယခုလိုစီးပွါးရေးအကျပ်အတည်းဖြစ်ရတာဟာ မအလအာဏာရူးလို့ပါ။ ဒါကို ကိုယ့်ပြဿနာကိုမမြင်ဘဲ ပြည်သူ့ဒေါ်လာကို အချောင်နှိုက်ဖြေရှင်းဖို့ ကြိုးစားတာကိုက မအလရဲ့ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟာ အသုံးမကျတာကို ပြနေပါတယ်။

အကျဉ်းချုပ်ရရင် စာရေးသူကို ဒီတော်လှန်ရေးအောင်မြင်မှာလားလို့မေးရင် အခြားကိစ္စတွေအသာထား မအလလုပ်နေတာကိုက တော်လှန်ရေးအောင်မြင်ဖို့လုပ်ပေးသလိုဖြစ်နေလို့ အောင်မြင်မှာအသေအချာပါလို့ ပြောပါရစေ။

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Apr 06, 2022

အဘ လိုနေတာကတော့ ကောင်းတာမှန်သမျှ

အဘမှာမရှိလို့့လိုနေတာပါ


လူစိတ်မရှိ

သစ္စာ နတ္တိ

သမာဓိ မရှိ

ပညာ မရှိ

လူကောင်းတယောက်မှာ ရှိရမဲ့ တန်ဘိုး

ဘာမှ မရှိရှာသူကြီးပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page