top of page
Search

အဘရဲ့ အကွက်တစ်ခု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 29, 2020
  • 1 min read

အဘက ဂျပန်သတင်းထောက်နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဗျူဟာတစ်ခုကို ချပြသွားခဲ့ပါတယ်။ ဒါကဘာလဲဆိုတော့ နောက်လွှတ်တော်ရဲ့ တရားဝင်မှုကို သူထောက်ခံတဲ့ပါတီမနိုင်ရင် စိန်ခေါ်ဖို့ပါ။

ဂျပန်သတင်းထောက်ကသူ့ကို ၂၀၂၀ မှာဘယ်ပါတီနိုင်မယ်ထင်လဲလို့မေးပါတယ်။ သူပြန်ဖြေတာက၂၀၁၀ မှာ မဲပေးခွင့်ရှိသူရဲ့ ၇၇% ကျော်ကမဲပေးတယ်လို့ သူကဆိုပါတယ်။ သူပြောတာယုံရင်ပေါ့။ဘယ်သူများ ၂၀၁၀ က မဲထွက်ပေးလိုက်ပါလိမ့်။ သူက ၂၀၁၅ မှာက ၆၉%၊ ကြားဖြတ် ၂၀၁၈ မှာ၅၀% အောက်၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ၁၅% သာမဲပေးကြောင်း ၁၅% ထဲကမှနိုင်ရင် ပြည်သူကို ကိုယ်စားပြုတယ်လို့ ပြောရခက်တယ်ဆိုပြီး သူကပြောသွားပါတယ်။

စာရေးသူပြောခဲ့သလိုပါဘဲ စည်ပင်ရွေးကောက်ပွဲမှာ ဖွတ်မပြိုင်သလောက်ထားပြီး အခြားNLD မဟုတ်တဲ့ အမတ်တွေကို ငွေအား၊ လူအား၊ သတင်းသမားအားနဲ့ မြှောက်ပေးပြီး စမ်းခဲ့ပြီးပါပြီ။ သူတို့ရှုံးသွားခဲ့ပါတယ်။ ဒါကိုရေးလို့ NLD ကိုဆန့်ကျင်ပြီး ပြိုင်သူတိုင်းဟာ ဖွတ်မဟုတ်ပေမယ့် စာရေးသူတို့ လူမျိုးထုံးစံအရ အာဏာရဖို့ဆို ဝင်ပြိုင်ပြီး အဲ့ဒီလို လူတွေကို အဘတို့အဖွဲ့ကမြေတောင်မြှောက်ပေးတဲ့နည်းပါ။ ၂၀၂၀ မှာ မဲပေးသူဟာ စည်ပင်ရွေးကောက်ပွဲထက် များမှာမိုလို့ အဘအတွက် ၇၇% အထက်ကို စံနှုန်းအဖြစ်ပြောလာတာပါ။

ဒါကဘာကိုပြသလဲဆိုတော့ ပြည်သူတွေအနေနဲ့ ယခု နိုဝင်ဘာရွေးကောက်ပွဲမှာ ၅၀% ကျော်မဲမပေးခဲ့ရင် သူက တရားဝင်မှု legitimacy ကို စိန်ခေါ်နိုင်တယ်ဆိုတာပါ။

နောက်ပြီးသူက တိုင်းပြည်ထဲမှာ အခြားအားကောင်းတဲ့ ပါတီလေးတွေလဲ ရှိတယ်ဆိုပြီးရေလာမြောင်းပေး လုပ်သွားခဲ့ပါတယ်။ ညွန့်ပေါင်းကို မျှော်နေပါတယ်။

အဓိကအကွက်ကတော့ မဲခိုးတာ၊ လူမျိုးရေး၊ ဘာသာရေးနဲ့ ဆူအောင်လုပ်တာတွေ မအောင်မြင်ရင်ညွန့်ပေါင်းမရခဲ့ရင် မဲပေးသူနည်းတာအပေါ်မူတည်ပြီး နောက်အစိုးရကို ဒုက္ခပေးဖို့ပါ။

ပြည်သူတွေအနေနဲ့ကလဲ အလုံးအရင်းနဲ့ မဲထွက်ပေးကြပါ။ အဘကို အာခံနိုင်တာက ဒီနည်းဘဲရှိပါတယ်။ ခြေလှမ်းတွေက ၂၀၂၀ နိုဝင်ဘာကနေ စလှမ်းရမှာပါ။ တိုက်ပွဲတွေက ၂၀၂၁ မှာ ပိုကြမ်းလာနိုင်ပါတယ်။ အားလုံးမဲပေးပြီး ပထမတိုက်ပွဲကို နိုင်အောင်တိုက်ကြပါ။

Video credit: အကုန်သိ

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page