top of page
Search

အဘရဲ့ ပညာရေးအတွက်စေတနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 18, 2019
  • 1 min read

အဘရဲ့ ပညာရေးအတွက်စေတနာ

တိုင်းပြည်မှာ ပညာရေးဟာ အရေးကြီးတယ်ဆိုတာ ပုံမှန်ထမင်းစားကြီးသူတိုင်းသိကြမှာပါ။ ယခင် နေဝင်းမှသည် ဘစိန်အထိ ပညာရေးမှာ ရင်းနှီးမြုပ်နှံမှုဟာ မရှိသလောက် နည်းခဲ့ပါတယ်။ ဘစိန်ကဆို ပြန်မရတဲ့ ရင်းနှီးမြုပ်နှံမှုဆိုပြီး သူ့စိတ်ထဲရှိသည့်အတိုင်း ခေါင်းမရှိစွာ ထုတ်ပြောခဲ့ပါတယ်။ ယခုတပ်က လွှတ်တော်ထဲမှာ၂၀၀၈ ခြေဥအရ ရွေးကောက်ခံမဟုတ်ဘဲ ရောက်နေပါတယ်။ မိမိက ခြေဥပြင်တာ ကာကွယ်ချင်တယ်မကြိုက်ပေမယ့် ထားလိုက်ပါ။ ကြံဖန်နားလည်ပေးလို့ရပါတယ်။

ဒါပေမယ့် သမ္မတက ပညာရေးတိုးတက်အောင်ချေးပြီး ရင်းနှီးမြုပ်နှံမှာကို ထကန့်ကွက်တာကတော့မိမိတပ်ကို လူမုန်းများအောင် ထလုပ်လိုက်တဲ့ မိမိဂိုးမိမိသွင်းချင်း (own goal) လို့ခေါ်ပါတယ်။ အချို့စကားတွေက ထပြောတိုင်းမကောင်းပါ။ NLD ကိုယ်စားလှယ်တွေက တပ်ဘတ်ဂျက်တုန်းက မကန့်ကွက်ဘဲလွှတ်ပေးခဲ့တာ မသိလို့မဟုတ်ပါ။ အဘရုရှားက လေယဉ်ဝယ်တဲ့ ဘောင်ချာစစ်ရင်တောင်ပေါ်မယ်ဆိုတာ မမေ့ပါနဲ့။ ဟုတ်ပြီ ဒါကတော့ စကားလွန်ပြီး ထပြောခဲ့မိပြီ။ ဒါဆိုရင်လဲ မဲခွဲချိန်မှာထောက်ခံလိုက်ရင် ပြည်သူက ချစ်လာနိုင်ပါသေးတယ်။ ယခုလို ပညာရေးအတွက် မဲခွဲချိန်မှာ မဲမပေးဘဲနေပြလိုက်တာကတော့ မိုက်တွင်းနက်တယ်လို့သာ ပြောချင်ပါတယ်။ ထူးဆန်းတာက ပညာရေးဘတ်ဂျက် ကန့်ကွက်သူကို ဘယ်ကျောင်းသားသမဂ္ဂ၊ ဆရာ ဆရာမများ သမဂ္ဂကမှ တောင်းပန်ခိုင်းတာလဲ မတွေ့ရပါ။ သူတို့က ဒီမိုဝကခကိုသာ စာထုတ်ရဲပြီး အဘဆို ပြာနေသူတွေအများစုပါ။

ပြန်ချုပ်ရရင် ပညာရေးအတွက် သုံးငွေတောင်းတာကို ပထမကန့်ကွက်၊ နောက်ကန့်လန့်တိုက် မဲမပေးတာက ပြည်သူကို စေတနာမဲ့ရာရောက်ပါတယ်။

ပြည်သူတွေအနေနဲ့ စဉ်းစားရမှာက တိုင်းပြည်ပညာရေးကို အလေးမထားသူတွေနဲ့ သူတို့ရဲ့ အငြိမ်းစားတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေကို မဲပေးမလား ဒါမှမဟုတ် သားသမီးပညာရေးကို မိဘအရင်းကဲ့သို့အလေးထားတဲ့ NLD ကို မဲပေးမလားဆိုတာပါ။ သင်ဟာ အတိတ်ကိုပြင်လို့မရပေမယ့် အနာဂတ်အတွက် ၂၀၂၀ မှာ NLD ကို ဆက်မဲပေးပြီး သင့်ရင်သွေးအနာဂတ်ကို လှပအောင် လုပ်နိုင်ပါမယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page