top of page
Search

အဘယူခဲ့သောကြွေးနဲ့ ဘာလုပ်လို့ရလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 20, 2020
  • 1 min read

NLD အစိုးရတက်ကထဲက အဘနဲ့ အဘတဖွတ်များ ပြောလေ့ရှိတာက မအုပ်ချုပ်တတ်ဘူး၊ စီးပွါးရေးမလုပ်တတ်ဘူး၊ စီမံခန့်ခွဲမှုညံ့တယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ သူတို့စီးပွါးရေးလဲ မကောင်းဘူးလို့ပြောကြပါတယ်။ နန္ဒာလှမြင့်ရဲ့ ကျန်စစ်မင်းလဲမကောင်းသလို နန်းမြိုင်ကိုလဲ အဘလက်ထက်ကလိုအချောင်မရတော့လို့ ဌေးအောင်တောင် ရူးကြောင်ကြောင်ဖြစ်နေပါပြီ။ ထိုသူတွေ စီးပွါးရေးက ယခင်ကလို မကောင်းတာတော့ အမှန်ပါ။ ဇေကြီးလဲ မျက်ရည်စတွေနဲ့ပေါ့။

ဒီနေရာမှာ NLD အစိုးရလက်ထက် နိုင်ငံခြားကြွေးယူတာ နည်းတာကအထင်အရှားပါ။ ထို့အတူ NLD အစိုးရလက်ထက် ဖွံ့ဖြိုးမှုနှုန်းတက်လာတာ၊ ပို့ကုန်တိုးတက်လာတာ၊ တစ်ဦးချင်း ဝင်ငွေတိုးတက်လာတာကိုလဲ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွေရဲ့ အထောက်အထား၊ အစိုးရရဲ့ငွေစာရင်းတွေအပေါ် အခြေခံပြီး စာရေးသူ ရေးခဲ့ပြီးပါပြီ။ (ref: https://www.myattunoo.com/post/စ-ပ-ရ-မက-င-ဘ-ပ-သ-မ-န-က-က-ယ)

မနေ့ကတက်လာတဲ့ အဘတို့ ဦးပိုင်ကချေးငွေယူပြီး စတီးစက်ရုံလုပ်ခဲ့လို့ ရှုံးတာကနေ အစိုးရကတစ်နေ့ကို ကျပ်သိန်း ၅၀၀၀ တရုတ်ကို ဆပ်နေရတာက အဘတို့ရဲ့ စီမံခန့်ခွဲမှုညံ့တာ၊ စီးပွါးရေးအမြင်မရှိတာ၊ မအုပ်ချုပ်တတ်တာ၊ ပြည်သူကို ဂရုမစိုက်တာကို ပြနေတယ်လို့ ပြောပါရစေ။

ပထမဆုံးအနေနဲ့ ကမ္ဘာပေါ်မှာ စတီးစက်ရုံအများစုက ပိတ်နေရပါတယ်။ ပညာရှိအစိုးရဆို အစကထဲက စတီးစက်ရုံမဆောက်ပါ။ ဒါက ဘာမှ ကမ္ဘာပေါ်က စျေးကွက်မသိဘဲ အမျှော်အမြင် (Vision) မရှိတာကို ပထမပြပါတယ်။ နောက်ငွေချေးရင် ပုံမှန်ဦးနှောက်ဆိုရင် အတိုးနှုန်းနည်းသူထံကသာ ချေးကြပါတယ်။ ဒါဟာ အရပ်ထဲက ငါးရောင်းတဲ့ ငါးစိမ်းသည်တောင် ၃ကျပ်တိုးနဲ့ ၅ ကျပ်တိုးဆိုရင် ဘယ်သူ့ထံက ငွေချေးရမလဲ သိပါတယ်။ ဘာလို့လဲဆိုတော့ ငါးစိမ်းသည်က သူ့ဖာသာ ပြန်ဆပ်ရမှာမိုလို့စဉ်းစားပါတယ်။

အဘတို့ကတော့ ငါးစိမ်းသည်လောက်တာ စဉ်းစားဉာဏ်မရှိတာလား မိမိပိုက်ဆံမဟုတ်လို့ ပြည်သူကဆပ်ရတာဆိုပြီး ပြည်သူ့မျက်နှာမကြည့်ဘဲ အတိုးနှုန်းများတာကို ချေးသွားတာလားတော့မသိပါ။

ယခုအစိုးရကတော့ အဘတို့ ငါးစိမ်းသည်လောက်တောင် မစဉ်းစားဘဲ ချေးသွားတာတွေကို ဆပ်နေရပါတယ်။ တစ်နေ့ အတိုး ကျန်သိန်း၅၀၀၀ ဟာ နယ်မှာ မူလတန်းကျောင်းလေးတွေ ဆောက်လို့ရသလိုဆေးပေးခန်းတွေလဲ ဆောက်လို့ရပါတယ်။ လမ်းတွေလဲ အများကြီး ခင်းလို့ရပါတယ်။ ဒီပိုက်ဆံတွေဟာ အဘတို့ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ စီးပွါးရေးအမြင်မှာ ငါးစိမ်းသည်လောက်တောင် အမြင်မရှိမှုကြောင့် ပြည်သူတွေက နေ့တိုင်းဆပ်နေရပါပြီ။

အဘတို့သာ ဒီလိုမလုပ်ခဲ့ရင် ဒီပိုက်ဆံတွေဟာ ကလေးတွေအတွက် ကျောင်းဆောက်၊ ပြည်သူတွေအတွက် လမ်းဖောက်နိုင်မှာပါ။ ယခုထက်ပို လုပ်နိုင်မှာပါ။ ပြည်သူတွေ အမှန်ကို မြင်နိုင်ပါစေ။

News Source: Irrawaddy

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page