top of page
Search

အဘမှားပြီးရင်းမှား သွားပြီးရင်းသွားမယ့် ငရဲပြည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 28, 2022
  • 1 min read

ree

မအလထံကို ဝဏ္ဍမောင်လွင်က တရုတ်ပြည်ကအပြန် အစီရင်ခံစာတင်ပါတယ်။ အဓိကကြားရတာကNLD ကို မဖျက်ဖို့ တရုတ်က ထပ်သတိပေးတာပါ။ ဒါကို သတင်းနေရာနှစ်ခုကနေ ကြားသိရပါတယ်။နောက်ရွေးကောက်ပွဲကို သူသတ်မှတ်ထားတဲ့အချိန်အတိုင်းလုပ်ဖို့ ပြောထားပါတယ်။ မအလကို ကူညီတာမဟုတ်ပေမယ့် သူနဲ့နယ်စပ်က စီမံကိန်းတွေကို မအလက ချပေးရင်တော့ လုံခြုံရေးပေးရင် လုပ်မလိုပြောပါတယ်။ နယ်စပ်ဒေသလုံခြုံအောင် တည်ငြိမ်အောင် ဆွေးနွေးဖို့ပြောပါတယ်။ လက်ရှိစီမံကိန်းတွေ ပိုက်လိုင်းတွေကို လုံခြုံရေးပေးဖို့ ထိခိုက်ရင် အကျိုးသက်ရောက်မှုတွေရှိနိုင်ကြောင်းခြိမ်းခြောက်ထားပါတယ်။ အရပ်စကားနဲ့ဆိုရင် ငါ့ဟာတွေထိရင် မင်းမလွယ်ဘူးပေါ့။ သူအားကိုးတဲ့ရုရှားကလဲ စီးပွါးရေးပိတ်ခံထားရလို့ မအလက တရုတ်ကိုကြားခံသုံးဖို့ ကူညီဖို့ သွားပြောတာလဲ ပါပါတယ်။ ဟိုကဆက်ဆွေးနွေးမယ်လို့သာ ပြောလိုက်ပါတယ်။ နောက်ပိုင်းဘဏ်နဲ့ပတ်သက်သူတွေတရုတ်ပြည်သွားပြီး ဆွေးနွေးဖို့ရှိပါတယ်။ တရုတ်ငွေပေးစနစ်ကိုသုံးဖို့ပါ။ မအလကို ဖိအားတွေကများပါတယ်။

နောက်ဖိအားက သူ့အုပ်ကြီးတွေသေနေတာ၊ သူ့တပ်တွေ မိုင်းဆွဲခံနေရတာပါ။ ပြီးခဲ့တဲ့တစ်လလောက်က မအလဟာ စိုးဝင်း၊ မိုးမြင့်ထွန်း၊ စိုးထွဋ်၊ ရဲဝင်းဦးတို့နဲ့ အစည်းအဝေးလုပ်ပါတယ်။ စရဖညွှန်ချုပ်လဲတက်ပါတယ်။ ဘာဆွေးနွေးလဲ အတိအကျမသိပေမယ့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ စရဖတန်ပြန်အဖွဲ့ကဦးဆောင်ပြီး ပြည်သူ့အသွင်နဲ့ သတ်ဖို့လုပ်လာတာတွေ့ရပါတယ်။တန်ပြန်ထောက်လှမ်းရေးဆိုတာက မဘသလိုလို မျိုးချစ်လိုလို တပ်မတော်ချစ်သူလိုလိုအယောင်ဆောင်ထားတဲ့ စရဖတွေပါ။ သူတို့က လက်ရှိစရဖတွေနဲ့ပေါင်းပြီး NLD တွေကိုသတ်နေတာပါ။ မန္တလေးမှာ ဗိုလ်ချုပ်ကိုကိုထံ ဒီလူသတ်မှုတွေကို ကျူးလွန်ပြီး တိုက်ရိုက်သတင်းပို့ရတာက စရဖက ဗိုလ်မှူးကြီးအောင်ကြီးပါ။ ဟိုအကောင်ဟန်ငြိမ်းဦးကခိုင်းလို့ ဖမ်းတာ သတ်တာမဟုတ်ဘဲ သူတို့ဖမ်းခါနီး၊ သတ်ခါနီးမှ ဟန်ငြိမ်းဦးကို တင်ခိုင်းတာပါ။ သူတို့ဖြစ်စေချင်တာက ပြည်သူက ပြည်သူကိုသတ်တယ်ပေါ့။ ဖြစ်နေတာက မအလတပ်က ပြည်သူကိုသတ်နေတာပါ။ ဒါကြောင့် ပြည်သူက မအလတပ်နဲ့ တာဝန်ရှိသူတွေကို မုန့်ဟင်းခါးနဲ့ ပြန်ဆုချရမှာပါ။

ဒီအချိန်မှာ ဘာမှားလဲဆိုတာ ပြောပြပါ့မယ်။ ဗိုလ်မှူးကြီးအောင်မြင်သူဆိုတာ တပ်ထဲမှာ မအလထက်စစ်တိုက်တပ်သူပါ။ ထိုလူမျိုးကိုလဲ ဘာမှမဟုတ်တဲ့ကိစ္စနဲ့ ဝင်ဖမ်းပြပြီး စစ်တပ်ထဲမှာ မိမိသိက္ခာကိုမိမိစချတာပါ။ နောက်ခိုင်သင်းကြည်ယောင်္ကျားဆိုတာလဲ သူတို့ကိုဘာမှ တအားဆန့်ကျင်နေသူမဟုတ်ပါ။ ဒါကို ပညာပေးသဘော ဝင်ဖမ်းတာပါ။ ခိုင်သင်းကြည်အဖေက တပ်ကမိုလို့ သူလဲ တပ်ထဲကလူတွေနဲ့ ဆက်သွယ်ရမှာပါ။ ယခုဟာက မိမိအသိုင်းအဝိုင်းတောင် ပြန်ဖမ်းနေတဲ့သဘောပါ။ ဒီထက်ဆိုးတာက MRTV မင်းသားဟိန်းထက်အဘိုးကိုသတ်တာပါ။ ဟိန်းထက်က မအလတပ်ကို ဘာမှအကြီးအကျယ်မလုပ်နေပါ။ ဒါပေမယ့် အဲ့ဒီလိုသတ်လိုက်ချိန်မှာ ဟိန်းထက်က မအလကိုလက်စားချေဖို့ ပိုသေချာသွားခဲ့ပါပြီ။ ဟိန်းထက်က တော်လှန်ရေးကို သံသယဖြစ်ခဲ့ရင်တောင် ယခုအချိန်မှာ မအလကိုတိုက်ဖို့ ယခင်ကထက် သေချာသွားခဲ့ပါပြီ။ နောက်ရှေ့နေ ဒေါ်ရွက်နုအောင်ကိုဖမ်းတာတွေကလဲ မအလရဲ့ တရားသူကြီးများရဲ့ လုံခြုံရေးကိုသာ ပိုထိခိုက်သွားမှာပါ။

မအလနိုင်နေတယ်ထင်ရင် ဇော်မဲလုံးရဲ့သတင်းစာရှင်းလင်းပွဲကို နားထောင်ကြည့်ပါ။ သူပြောပုံဆိုပုံကအင်မတန်အောက်တန်းကျလာပြီး ရှုံးမဲ မဲနေတယ်ဆိုတာ ထင်ရှားပါတယ်။ သူ့သတင်းစာရှင်းလင်းပွဲမှာမထင်မှတ်ဘဲ မီဒီယာတွေကို ခြိမ်းခြောက်တာနဲ့ နောက်ပိုင်း သူ့ဘောမတွေက စာထုတ်ခြိမ်းခြောက်တာဟာ တိုက်ဆိုင်တာမဟုတ်ဘဲ ဒါတွေက မအလက အကြမ်းဖက်မှုဝါဒကို ကျင့်သုံးနေတာ state sponsored terrorism ကို ပြနေပါတယ်။

ယခုလိုလုပ်တာက သူတို့ရဲ့အစည်းအဝေးမှာ စရဖက PDF တွေ လှုပ်ရှားနိုင်တာက NLD ပါတီဝင်တွေကြောင့်လို့ သုံးသပ်တင်ပြခဲ့လို့ NLD ကို ဖမ်းတာမဟုတ်ဘဲ သတ်တာအထိလုပ်ပြပြီး အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားလာတာပါ။ ယခင်ဒီနည်းနဲ့လုပ်တာက ရခိုင်မှာ မအောင်မြင်ခဲ့သလို စစ်ကိုင်းနဲ့ မကွေးမြောက်မှာ မအောင်မြင်နေပါ။ မေးခွန်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ဘယ်လိုတုန့်ပြန်မလဲဆိုတာပါ။ စာရေးသူသုံးသပ်တာကတော့ မအလဟာ မှားပြီးရင်း မှားနေပါတယ်လို့ ပြောပါရစေ။ပထမအမှားကြောင့်သူဟာ NLD ပါတီနဲ့ မဟုတ်ဘဲ ပြည်သူနဲ့ ရင်ဆိုင်နေရပါပြီ. သူ့အမှားတစ်ခုချင်းစီက ပြည်သူတစ်ယောက်ချင်းစီက သူ့ကို ကြိုးစင်ပို့ချင်စိတ် ငရဲပို့ချင်စိတ်ကို ပိုခိုင်မာသွားစေပါတယ်။သူက ဒီမိုတွေကိုမိသားစုလိုက် ရန်ရှာလို့ သူ့မိသားစုတောင် သူဘာဖြစ်သွားသွား လုံခြုံပို့အတော်ခက်သွားပြီလို့ တွေးမိပါတယ်။ အဘက မှားပြီးရင်းမှားပြီး ငရဲကို သွားပြီးရင်းသွားနေပါပြီ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page